တောလည် 26:65 - Common Language Bible65 ထိုသူအပေါင်းတို့သည်တောကန္တာရ၌သေဆုံး ရကြမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူခဲ့ သည့်အတိုင်းယေဖုန္နာ၏သားကာလက်နှင့် နုန် ၏သားယောရှုမှတစ်ပါးကျန်သောသူအား လုံးပင်သေဆုံးခဲ့ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible65 အကြောင်းမူကား၊ ထိုသူတို့သည်တော၌ အမှန်သေရကြမည်ဟု ထာဝရဘုရားမိန့်တော်မူပြီ။ ယေဖုန္နာ၏သားကာလက်နှင့် နုန်၏သားယောရှုမှတစ်ပါး၊ အရင်လူတစ်ယောက်မျှ မကြွင်းမကျန်ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း65 “ထိုသူတို့သည် တောကန္တာရ၌ မုချသေရမည်”ဟု ထာဝရဘုရား မိန့်တော်မူခဲ့သောကြောင့် ထိုသူတို့တွင် ယေဖုန္နာသား ကာလက်နှင့် နုန်၏သား ယောရှုတို့မှလွဲ၍ မည်သူမျှ မကျန်ရစ်ပေ။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားရွေးချယ်တော်မူသောပ္ဂိုလ် များမှာအောက်ပါအတိုင်းဖြစ်သည်။ အနွယ် ခေါင်းဆောင် ယုဒ ယေဖုန္နာ၏သားကာလက် ရှိမောင် အမိဟုဒ်၏သားရှေမွေလ ဗင်္ယာမိန် ခိသလုန်၏သားဧလိဒဒ် ဒန် ယောဂလိ၏သားဗုက္ကိ မနာရှေ ဧဖုဒ်၏သားဟံယေလ ဧဖရိမ် ရှိဖတန်၏သားကေမွေလ ဇာဗုလုန် ပါနက်၏သားဧလိဇဖန် ဣသခါ အဇ္ဇန်၏သား ပါလတေလ အာရှာ ရှေလောမိ၏သားအဘိဟုဒ် နဿလိ အမိဟုဒ်၏သားပေဒဟေလ
ဤတွင်ဘုရားသခင်သည်အဘယ်မျှသနား ကြင်နာတော်မူတတ်ကြောင်းနှင့်အဘယ်မျှ ပြင်းထန်စွာစီရင်တော်မူတတ်ကြောင်းကိုငါ တို့တွေ့မြင်ကြရ၏။ ကိုယ်တော်သည်လဲသူ တို့ကိုပြင်းစွာစီရင်တော်မူပေသည်။ သို့ သော်လည်းသင်တို့အားသနားကြင်နာတော် မူသည်။ တစ်နည်းအားဖြင့်သင်တို့သည် ကရုဏာတော်ကိုဆက်လက်ခံယူထိုက် အောင်ပြုမူကျင့်ကြံကြလျှင် ကိုယ်တော် သည်သင်တို့အပေါ်၌ကရုဏာထား တော်မူမည်။ ထိုကရုဏာတော်ကိုခံယူ ထိုက်အောင်မပြုမူပါလျှင်သင်တို့ကို လည်းဘုရားသခင်ခုတ်ဖြတ်တော်မူလိမ့်မည်။-
အီဂျစ်ပြည်မှထွက်လာသောယောကျာ်းအား လုံးတို့သည် အရေဖျားလှီးခြင်းမင်္ဂလာကို ခံပြီးဖြစ်သည်။ သို့ရာတွင်ဣသရေလ အမျိုးသားတို့သည် နှစ်ပေါင်းလေးဆယ်ကြာ သောတောကန္တာရခရီးတွင်မည်သည့်ယောကျာ်း ကလေးမျှအရေဖျားလှီးခြင်းမင်္ဂလာကို မခံခဲ့ရချေ။ ထိုအနှစ်လေးဆယ်ကာလ ကုန်ဆုံးသောအခါ၌အီဂျစ်ပြည်မှထွက် လာသောစစ်မှုထမ်းအရွယ်ရောက်သူယောကျာ်း အပေါင်းတို့သည် ထာဝရဘုရား၏ပညတ် တော်ကိုမလိုက်နာသဖြင့်သေဆုံးကြကုန်၏။ ထာဝရဘုရားသည်ဘိုးဘေးတို့အားပေး မည်ဟုကတိထားတော်မူသောမြေသြဇာ ထက်သန်၍ အစာရေစာပေါကြွယ်ဝသည့် ပြည်ကို ထိုသူတို့မမြင်ရဟုကျိန်ဆိုတော် မူသည်နှင့်အညီမြင်ခွင့်ကိုမရကြချေ။-