ထာဝရဘုရားအား ပူဇော်ဆက်သရမည့် သကာများကိုဖော်ပြပေအံ့။ နေ့စဉ်မီးရှို့ ရာယဇ်အတွက်အပြစ်အနာကင်းသော တစ်နှစ်သားအရွယ်သိုးထီးနှစ်ကောင်ကို ပူဇော်ရမည်။-
မီး ပူ ဇော် ရာ အ ဖြစ် ထာ ဝ ရ ဘု ရား ထံ ဆက် ကပ် ကြ ရ မည် မှာ ဆက် မြဲ မီး ရှို့ ရာ သ က္ကာ အ ဖြစ်၊ ကြန် အင် စုံ လျက် အ ခါ လည် သော သိုး သား ငယ် တစ် နေ့ နှစ် ကောင် ကျ၊
တစ်ဖန် ဆင့်ဆိုရမည်မှာ၊ နေ့တိုင်းအစဉ်အမြဲ မီးရှို့ရာယဇ်ဖို့၊ အခါလည် အပြစ်မပါသော သိုးသငယ်နှစ်ကောင်ကို ထာဝရဘုရားအား မီးဖြင့်ပူဇော်ရမည်။
တစ်ဖန် သူတို့အား ‘ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်ကား အပြစ်အနာအဆာကင်းသော တစ်နှစ်သားအရွယ်သိုးသငယ်နှစ်ကောင်ကို မီးရှို့ရာယဇ်အဖြစ် နေ့စဉ်မပြတ်ပူဇော်ရမည်။
သူတို့သည်ဣသရေလအမျိုးသားတို့အား ထာဝရဘုရား ပေးအပ်တော်မူသောပညတ် ကျမ်းတွင်ရေးသားပါရှိသည့်အတိုင်းနေ့စဉ် နံနက်၌တစ်ကြိမ်၊ ညနေ၌တစ်ကြိမ်ယဇ်ပလ္လင် ပေါ်တွင် ယဇ်ကောင်များကိုအကောင်လိုက်တင် ၍မီးရှို့ပူဇော်ရကြ၏။-
သူသည်မောရှေ၏ပညတ်ကျမ်းအရဥပုသ်နေ့ များ၊ လဆန်းပွဲတော်နေ့များနှင့်တစ်နှစ်တစ် ကြိမ်ကျင်းပရသည့်ပွဲတော်သုံးခုဖြစ်သော တဆေးမဲ့မုန့်ပွဲတော်၊ ကောက်သိမ်းပွဲတော်နှင့် သစ်ခက်တဲနေပွဲတော်နေ့တို့တွင်မီးရှို့ရာ ပူဇော်သကာများကိုဆက်သတော်မူ၏။-
ထို့အပြင်သူတို့သည်အမြဲပူဇော်ရသည့် တစ်ကောင်လုံးမီးရှို့ရာယဇ်များကိုလည်းကောင်း၊ လဆန်းနေ့ပွဲတော်ကိုလည်းကောင်း၊ ထာဝရ ဘုရားအားဝတ်ပြုကိုးကွယ်ရာ အခြားပွဲနေ့ များ၌ပူဇော်အပ်သည့်ယဇ်များကိုလည်း ကောင်း၊ ထာဝရဘုရားအားမိမိတို့စေတနာ အလျောက်ပေးလှူသည့်ပူဇော်သကာများ ကိုလည်းကောင်းတင်လှူပူဇော်ကြလေ သည်။-
သူ၏တပ်သားအချို့တို့သည်ဗိမာန်တော်ကို ညစ်ညမ်းစေကြလိမ့်မည်။ သူတို့သည်နေ့စဉ် ပူဇော်ရာယဇ်တို့ကိုရပ်စဲစေလျက်ထိတ်လန့် စက်ဆုတ်ဖွယ်သောအရာ ကိုဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားကြလိမ့်မည်။-
``နေ့စဉ်ပူဇော်ရာယဇ်များကိုရပ်စဲစေသည့် အချိန်၊ ထိတ်လန့်စက်ဆုပ်ဖွယ်ကောင်းသော အရာ ပေါ်ပေါက်လာသည့်အချိန်မှအစပြု၍ ရက်ပေါင်းတစ်ထောင့်နှစ်ရာကိုးဆယ်ကုန် လွန်သွားလိမ့်မည်။-
ကောင်းကင်ဗိုလ်ခြေတို့၏အရှင်ကိုပင်အာ ခံလျက် ကိုယ်တော်အားပူဇော်နေကျဖြစ် သည့်ယဇ်များကိုရပ်စဲစေ၍ဗိမာန်တော် ကိုပျက်စီးစေ၏။-
ထိုနောက်ကောင်းကင်တမန်တစ်ပါးက အခြား တစ်ပါးအား``ဗျာဒိတ်ရူပါရုံတွင်တွေ့ရှိရ သည့်အရာများသည်အဘယ်မျှကြာအောင် ဖြစ်ပျက်နေပါမည်နည်း။ နေ့စဉ်ယဇ်ပူဇော် ခြင်းကိုကြောက်မက်ဖွယ်ရာအပြစ်ဒုစရိုက် ဖြင့်အစားထိုးမှုသည်လည်းကောင်း၊ ကောင်း ကင်ဗိုလ်ခြေနှင့်ဗိမာန်တော်ကိုနင်းချေမှု သည်လည်းကောင်းအဘယ်မျှကြာဖြစ် ပျက်လိမ့်မည်နည်း'' ဟုမေးသည်ကိုငါ ကြားရ၏။
ယဇ်ပုရောဟိတ်တို့သည်ယင်းတို့ကိုမီးရှို့ရာ ယဇ်နှင့်အတူပလ္လင်ပေါ်တွင်မီးရှို့ပူဇော်ရ မည်။ ဤပူဇော်သကာ၏ရနံ့ကိုထာဝရ ဘုရားနှစ်သက်တော်မူ၏။
အထွတ်ဘုရင်အရှင်ထာဝရဘုရားသခင် က``အို ဣသရေလပြည်သားတို့၊ ဗေသလ ရှိသန့်ရှင်းရာအရပ်သို့သွား၍ပြစ်မှားကြ လော့။ ဂိလဂါလမြို့သို့သွားပြီးအစွမ်း ကုန်ပြစ်မှားကြလော့။ ပူဇော်ရာယဇ်ကောင် များကိုနံနက်တိုင်းယူဆောင်ခဲ့လော့။ သုံး ရက်နေ့တိုင်းတွင်ဥစ္စာဆယ်ဖို့တစ်ဖို့ကို ဆောင်ခဲ့ကြလော့၊-
နေ့စဉ်မီးရှို့ရာသကာနှင့်စပျစ်ရည်သကာ အပြင် ဤမီးရှို့ရာသကာကိုဥပုသ်နေ့ တိုင်းပူဇော်ရမည်။
နေ့စဉ်ဆက်သရသောမီးရှို့ရာယဇ်နှင့်တကွ စပျစ်ရည်သကာအပြင်ဆိတ်ထီးတစ်ကောင် ကိုလည်းအပြစ်ဖြေရာယဇ်အဖြစ်ပူဇော် ရမည်။
နံနက်တိုင်းမီးရှို့ရာယဇ်အပြင်ဤပူဇော် သကာများကိုဆက်သရမည်။-
ဤနည်းအတိုင်းခုနစ်ရက်တိုင်အောင်ထာဝရ ဘုရားအား ပူဇော်သကာကိုဆက်သရမည်။ ယင်း ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ နေ့စဉ်မီးရှို့ရာသကာနှင့်စပျစ်ရည်သကာ အပြင် ဤသကာကိုဆက်သရမည်။-
နေ့စဉ်မီးရှို့ရာသကာနှင့်ဘောဇဉ်သကာအပြင် ဤသကာများနှင့်စပျစ်ရည်သကာကိုပူဇော် ရမည်။
သိုးကလေးတစ်ကောင်ကိုနံနက်တွင်ပူဇော်၍ အခြားတစ်ကောင်ကိုညနေတွင်ပူဇော်ရမည်။-
ထို့အပြင်လူတို့သန့်စင်မှုဝတ်အတွက်ပူ ဇော်သောဆိတ်၊ နေ့စဉ်ပူဇော်သည့်မီးရှို့ရာ ယဇ်နှင့်တကွဘောဇဉ်သကာ၊ စပျစ်ရည် သကာတို့အပြင်အပြစ်ဖြေရာယဇ် အဖြစ်ဆိတ်ထီးတစ်ကောင်ကိုပူဇော် ရမည်။
ထို့ပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီး တစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤပူဇော် သကာများကိုနေ့စဉ်မီးရှို့ရာသကာနှင့် တကွဘောဇဉ်သကာ၊ စပျစ်ရည်သကာတို့ အပြင်ပူဇော်ရမည်။
လစဉ်လဆန်းတစ်ရက်နေ့တွင်ပူဇော်သည့် မီးရှို့ရာသကာ၊ ၎င်းနှင့်တွဲဖက်သောဘောဇဉ် သကာ၊ နေ့စဉ်မီးရှို့ရာသကာနှင့်၎င်းနှင့်တွဲဖက် သောဘောဇဉ်သကာ၊ စပျစ်ရည်သကာအပြင် ဤသကာများကိုပူဇော်ရမည်။ ဤပူဇော် သကာတို့၏ရနံ့ကိုထာဝရဘုရားနှစ် သက်တော်မူ၏။
နောက်တစ်နေ့၌မိမိ၏ထံသို့သခင်ယေရှု ကြွလာသည်ကိုမြင်လျှင် ယောဟန်က ``လောက သားတို့၏အပြစ်ကိုယူဆောင်သွားတော်မူ သောဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်ကြလော့။-
ဤဝတ်ပြုခြင်းထုံးနည်းကိုဖော်ပြအံ့။ ယဇ် ပုရောဟိတ်တို့သည် မိမိတို့၏တာဝန်ဝတ္တရား များကိုဆောင်ရွက်ရာတွင်အပြင်တဲတော်သို့ နေ့စဉ်ဝင်ရကြ၏။-
အသေသတ်ခြင်းခံရသည့်သိုးသူငယ်တော် ၏အသက်စာစောင်တွင် ကမ္ဘာလောကကိုဖန် ဆင်းတော်မမူမီကပင် စာရင်းဝင်သူတို့မှ တစ်ပါးကမ္ဘာသူကမ္ဘာသားအပေါင်းတို့သည် ထိုသားရဲအားရှိခိုးကြလိမ့်မည်။