ဒံယေလ 11:31 - Common Language Bible31 သူ၏တပ်သားအချို့တို့သည်ဗိမာန်တော်ကို ညစ်ညမ်းစေကြလိမ့်မည်။ သူတို့သည်နေ့စဉ် ပူဇော်ရာယဇ်တို့ကိုရပ်စဲစေလျက်ထိတ်လန့် စက်ဆုတ်ဖွယ်သောအရာ ကိုဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားကြလိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible31 ထို မင်း လည်း ဗိုလ် ထု ကို စီ စဉ် သ ဖြင့် ခံ တပ် ဖြစ် သော သန့် ရှင်း ရာ ဌာ န တော် ကို ရှုတ် ချ လျက် ဆက် မြဲ ပူ ဇော် သ က္ကာ ကို ပယ် ဖြတ် ကြ သည့် ပြင် ဆိတ် ညံ ရာ ဖြစ် စေ သော ရွံ ရှာ ဖွယ် ကို တည် ထား ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible31 ထိုမင်းနောက်မှ စစ်လက်နက်တို့သည် ပေါ်လာသဖြင့်၊ တန်ခိုးကြီးသော သန့်ရှင်းရာဌာနတော်ကို ညစ်ညူးစေ၍၊ နေ့ရက်အစဉ် ပြုသောဝတ်ကို ပယ်ရှင်းကြလိမ့်မည်။ ဖျက်ဆီးတတ်သော ရွံရှာဖွယ်အရာကိုလည်း တည်ထားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း31 သူ၏တပ်သားတို့သည် လာ၍ ခိုလှုံရာဖြစ်သည့်သန့်ရှင်းရာဌာနတော်ကို ရှုတ်ချလိမ့်မည်။ နေ့စဉ်ပူဇော်သက္ကာကို ဖယ်ရှားပစ်၍ ဖျက်ဆီးတတ်သောရွံရှာဖွယ်ရာကို တည်ထားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထိုမင်းသည်ခုနစ်နှစ်တိုင်တိုင်များစွာ သောလူတို့နှင့် အခိုင်အမာသဘောတူ စာချုပ်ချုပ်ဆိုလိမ့်မည်။ သုံးနှစ်ခွဲမျှ ကြာသောအခါသူသည် ယဇ်နှင့်ပူဇော် သကာများဆက်ကပ်မှုကိုရပ်စဲစေ လိမ့်မည်။ ထိုနောက်ထိတ်လန့်စက်ဆုပ်ဖွယ် ကောင်းသည့်အရာ ကို ဗိမာန်တော်လူမြင်ကွင်းတွင်မြှောက်တင် ထားလိမ့်မည်။ ထိုအရာသည်မြှောက်တင်သူ အတွက် ဘုရားသခင်ပြင်ဆင်စီရင်ထား တော်မူသောဆုံးပါးပျက်စီးချိန်တိုင် အောင် ဗိမာန်တော်တွင်တည်ရှိနေလိမ့်မည်'' ဟုဆို၏။
ထာဝရဘုရားသည် မိမိ၏ယဇ်ပလ္လင်တော်ကိုလည်းကောင်း၊သန့်ရှင်း မြင့်မြတ်သည့်ဗိမာန်တော်ကိုလည်းကောင်း ပစ်ပယ်တော်မူ၍ရန်သူတို့အားဗိမာန်တော် နံရံများကိုဖြိုချခွင့်ပေးတော်မူ၏။ သူတို့သည်လည်းငါတို့ရွှင်လန်းဝမ်းမြောက်စွာ ကိုးကွယ်ဝတ်ပြုခဲ့ကြသည့်ဌာနတော်တွင် အောင်သံပေး၍ကြွေးကြော်ကြ၏။
အဘယ်ကြောင့်ဆိုသော်လူတို့သည်ငါ့ကိုစွန့် ပစ်ကာ မိမိတို့ကိုယ်တိုင်မိမိတို့ဘိုးဘေးများ နှင့်ယုဒဘုရင်များမသိဘူးသည့်အခြား ဘုရားများကိုယဇ်ပူဇော်ခြင်းဖြင့် ဤဌာန တော်ကိုညစ်ညမ်းစေကြသောကြောင့်ဖြစ်၏။ သူတို့သည်ဤဌာနကိုအပြစ်မဲ့သူတို့၏ အသွေးဖြင့်ပြည့်စေလျက်၊-