Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




တော​လည် 29:6 - Common Language Bible

6 လ​စဉ်​လ​ဆန်း​တစ်​ရက်​နေ့​တွင်​ပူ​ဇော်​သည့် မီး​ရှို့​ရာ​သ​ကာ၊ ၎င်း​နှင့်​တွဲ​ဖက်​သော​ဘော​ဇဉ် သကာ၊ နေ့​စဉ်​မီး​ရှို့​ရာ​သကာ​နှင့်​၎င်း​နှင့်​တွဲ​ဖက် သော​ဘော​ဇဉ်​သကာ၊ စ​ပျစ်​ရည်​သကာ​အ​ပြင် ဤ​သကာ​များ​ကို​ပူ​ဇော်​ရ​မည်။ ဤ​ပူ​ဇော် သကာ​တို့​၏​ရ​နံ့​ကို​ထာ​ဝ​ရ​ဘု​ရား​နှစ် သက်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

6 လ ဆန်း နေ့ မီး ရှို့ ရာ သ က္ကာ၊ ဆက် မြဲ မီး ရှို့ ရာ သ က္ကာ၊ ဆုံး ဖြတ် ချက် အ ရ အ သီး အ သီး ဆိုင် ရာ ဘော ဇဉ် သ က္ကာ နှင့် သွန်း လောင်း ရာ သ က္ကာ များ ပြင်၊ စိတ် တော် ပြေ ဖွယ် ရ နံ့၊ မီး ပူ ဇော် ရာ အ ဖြစ် ထာ ဝ ရ ဘု ရား ထံ ပူ ဇော် ကြ လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

6 ထို​သို့​ထုံး​စံ​ရှိ​သည်​အ​တိုင်း၊ လ​ဆန်း​နေ့​မီး​ရှို့​ရာ​ယဇ်​နှင့် သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ နေ့​တိုင်း​ပြု​သော​မီး​ရှို့​ရာ​ယဇ်​နှင့် သူ၏​ဘော​ဇဉ်​ပူ​ဇော်​သ​ကာ၊ သွန်း​လောင်း​ရာ​ပူ​ဇော်​သ​ကာ​မှ​တစ်​ပါး၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မွှေး​ကြိုင်​သော​အ​နံ့​နှင့် မီး​ဖြင့်​ပြု​သော​ယဇ်​ပူ​ဇော်​သ​ကာ​ကို ပူ​ဇော်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

6 လဆန်း​တစ်ရက်နေ့​၌​ပူဇော်​သော မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​၊ ပုံမှန်​မီးရှို့ရာယဇ်​နှင့် ထို​ယဇ်​အတွက် ဘောဇဉ်ပူဇော်သက္ကာ​၊ ထို​ယဇ်​တို့​အတွက် သွန်းလောင်းရာပူဇော်သက္ကာ​များ​အပြင် ထာဝရဘုရား​အဖို့ မွှေးကြိုင်​သော​ရနံ့​ဖြစ်​သည့် မီး​ဖြင့်​ပူဇော်​သော​ယဇ်​ကို စီရင်ထုံးဖွဲ့ချက်​အတိုင်း ပူဇော်​ရ​မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တော​လည် 29:6
14 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​သည်​စည်း​မျဉ်း​သတ်​မှတ်​ချက်​များ​ရှိ သည့်​အ​တိုင်း တဲ​နေ​ပွဲ​ကို​ကျင်း​ပ​ကြ​၏။ နေ့ စဉ်​ပူ​ဇော်​အပ်​သည့်​ယဇ်​များ​ကို​လည်း​ပူ​ဇော် ကြ​၏။-


ထို့​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့်​သကာ များ​ကို​လည်း​ပူ​ဇော်​ရ​မည်။


ထို့​အ​ပြင်​ပ​ထ​မ​နေ့​တွင်​ပူ​ဇော်​ရ​သည့် သကာ​များ​ကို​လည်း​ပူ​ဇော်​ရ​မည်။


မ​သိ​မှား​ယွင်း​ခြင်း​ဖြစ်​ခဲ့​သည်​ရှိ​သော် သူ​တို့​သည် နွား​ထီး​တစ်​ကောင်​ကို​မီး​ရှို့​ရာ ယဇ်​အ​ဖြစ်​ပူ​ဇော်​ရ​မည်။ ထို​သ​ကာ​ရ​နံ့ ကို​ထာ​ဝ​ရ​ဘု​ရား​နှစ်​သက်​တော်​မူ​၏။ ထို ယဇ်​ကောင်​နှင့်​အ​တူ​ဘော​ဇဉ်​သကာ​နှင့် စ​ပျစ်​ရည်​သကာ​တို့​ကို​လည်း​တွဲ​ဖက် ဆက်​သ​ရ​မည်။ ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ ယဇ်​အ​တွက်​ဆိတ်​ထီး​တစ်​ကောင်​ကို လည်း​ပူ​ဇော်​ရ​မည်။-


``သင်​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား​သား​တစ်​ဦး​သည်​ပ​သ​ခါ​ပွဲ​ခံ​လို​လျှင် သူ​သည်​ပွဲ​တော်​နှင့်​ဆိုင်​သော​ပြ​ဋ္ဌာန်း​ချက်​အား​လုံး​ကို​လိုက်​နာ​ရ​မည်။ ဣ​သ​ရေ​လ​အ​မျိုး​သား​ဖြစ်​စေ၊ လူ​မျိုး​ခြား​ဖြစ်​စေ​ဤ​ပြ​ဋ္ဌာန်း​ချက်​များ​ကို​လိုက်​နာ​ရ​မည်။


သင်​တို့​သည်​အ​ပြစ်​အ​နာ​ကင်း​သော​နွား​ထီး ပျို​နှစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား အ​ရွယ်​သိုး​ထီး​ခု​နစ်​ကောင်​ကို ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​ဖွယ်​ရ​နံ့​အ​ဖြစ်​မီး​ရှို့​ပူ​ဇော်​ရ​မည်။-


ထို့​အ​ပြင်​အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ဖြစ်​ဆိတ် ထီး​တစ်​ကောင်​ကို​လည်း​ပူ​ဇော်​ရ​မည်။ ဤ နည်း​အား​ဖြင့်​လူ​တို့​အ​တွက်​သန့်​စင်​မှု ဝတ်​ကို​ပြု​ရ​မည်။-


ထာ​ဝ​ရ​ဘု​ရား​အား​သိုး​သို့​မ​ဟုတ်​ဆိတ်​ကို မီး​ရှို့​ရာ​ယဇ်​အ​ဖြစ်​ပူ​ဇော်​သော​သူ​သည် ယဇ် ကောင်​နှင့်​အ​တူ​ဘော​ဇဉ်​သကာ​အ​ဖြစ် သံ​လွင် ဆီ​နှစ်​ပိုင့်​နှင့်​ရော​ထား​သော​မုန့်​ညက်​နှစ်​ပေါင် အ​ပြင် စ​ပျစ်​ရည်​နှစ်​ပိုင့်​ကို​လည်း​ယူ​ဆောင် ခဲ့​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ