Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ဒံ​ယေ​လ 12:11 - Common Language Bible

11 ``နေ့​စဉ်​ပူ​ဇော်​ရာ​ယဇ်​များ​ကို​ရပ်​စဲ​စေ​သည့် အ​ချိန်၊ ထိတ်​လန့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော အ​ရာ ပေါ်​ပေါက်​လာ​သည့်​အ​ချိန်​မှ​အ​စ​ပြု​၍ ရက်​ပေါင်း​တစ်​ထောင့်​နှစ်​ရာ​ကိုး​ဆယ်​ကုန် လွန်​သွား​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

11 ဆက် မြဲ ပူ ဇော် သ က္ကာ ကို ပယ် ဖြတ်၍။ ဆိတ် ညံ ရာ ဖြစ် စေ သော ရွံ ရှာ ဖွယ် ကို တည် ထား က တည်း က၊ ရက် ပေါင်း တ ထောင့် နှစ် ရာ့ ကိုး ဆယ် ကြာ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

11 နေ့​ရက်​အ​စဉ် ပြု​သော​ဝတ်​ကို ပယ်​ရှင်း၍၊ ဖျက်​ဆီး​တတ်​သော ရွံ​ရှာ​ဖွယ်​အ​ရာ​သည် ပေါ်​လာ​ပြီး​မှ၊ အ​ရက် တစ်​ထောင်​နှစ်​ရာ​ကိုး​ဆယ် ကြာ​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

11 နေ့စဉ်​ပူဇော်သက္ကာ​ကို​ဖယ်ရှား​၍ ဖျက်ဆီး​တတ်​သော​ရွံရှာဖွယ်​ရာ​ကို​တည်​ထား​ချိန်​မှစ၍ ရက်​ပေါင်း​တစ်ထောင့်​နှစ်ရာ့​ကိုးဆယ် ကြာ​လိမ့်မည်​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဒံ​ယေ​လ 12:11
14 ပူးပေါင်းရင်းမြစ်များ  

``ယဇ်​ပလ္လင်​ပေါ်​တွင်​နေ့​စဉ်​မ​ပြတ်​တစ်​နှစ် သား​သိုး​က​လေး​နှစ်​ကောင်​ကို​ပူ​ဇော်​ရ​မည်။-


ထို​နေ့​ရက်​များ​ကုန်​လွန်​သော​အ​ခါ​ယာ ဘက်​စောင်း​အိပ်​၍ ယု​ဒ​အ​မျိုး​သား​တို့ အ​ပြစ်​ဒဏ်​ခံ​ရ​ကြ​မည့်​နှစ်​တစ်​နှစ်​လျှင် တစ်​ရက်​နှုန်း​ဖြင့်​ရက်​ပေါင်း​လေး​ဆယ်​တိုင် တိုင်​သူ​တို့​၏​အ​ပြစ်​ကို​ခံ​ဦး​လော့။


``ငါ​တို့​စား​သောက်​ရန်​အ​တွက်​အ​သီး​အ​နှံ​နှင့် ရေ​ကို​သာ​ကျွေး​၍​ဆယ်​ရက်​မျှ​စမ်း​ကြည့်​ပါ။-


သူ​၏​တပ်​သား​အ​ချို့​တို့​သည်​ဗိ​မာန်​တော်​ကို ညစ်​ညမ်း​စေ​ကြ​လိမ့်​မည်။ သူ​တို့​သည်​နေ့​စဉ် ပူ​ဇော်​ရာ​ယဇ်​တို့​ကို​ရပ်​စဲ​စေ​လျက်​ထိတ်​လန့် စက်​ဆုတ်​ဖွယ်​သော​အ​ရာ ကို​ဗိ​မာန်​တော်​လူ​မြင်​ကွင်း​တွင်​မြှောက်​တင် ထား​ကြ​လိမ့်​မည်။-


သူ​သည်​အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သ​ခင်​ကို​ဆန့်​ကျင်​ပြော​ဆို​လျက် ကိုယ်​တော်​၏​လူ​မျိုး​တော်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​လိမ့်​မည်။ သူ​သည်​လူ​မျိုး​တော်​တို့​၏​ဘာ​သာ​ရေး​ဆိုင်​ရာ​တ​ရား​ဋ္ဌမ္မ​များ​နှင့်​ပွဲ​လမ်း​သ​ဘင်​များ​ကို​ပြောင်း​လဲ​စေ​ရန် ကြိုး​စား​လိမ့်​မည်။ ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​သည်​လည်း သူ​၏​အာ​ဏာ​စက်​အောက်​တွင်​သုံး​နှစ်​ခွဲ​မျှ​နေ​ကြ​ရ​လိမ့်​မည်။-


ညဥ့်​ဦး​ယံ၊ နံ​နက်​ယံ​ပူ​ဇော်​ရာ​ယဇ်​များ နှင့်​သက်​ဆိုင်​၍ သင့်​အား​ငါ​ရှင်း​လင်း​ပြ​သည့် ဤ​ရူ​ပါ​ရုံ​သည်​အ​ကောင်​အ​ထည်​ပေါ်​လာ လိမ့်​မည်။ သို့​ရာ​တွင်​ယင်း​သို့​အ​ကောင်​အ​ထည် ပေါ်​ရန်​အ​ချိန်​များ​စွာ​လို​သေး​သ​ဖြင့်​ထို ရူ​ပါ​ရုံ​ကို​လျှို့​ဝှက်​၍​ထား​လော့'' ဟု​ဆို​၏။


ထို​မင်း​သည်​ခု​နစ်​နှစ်​တိုင်​တိုင်​များ​စွာ သော​လူ​တို့​နှင့် အ​ခိုင်​အ​မာ​သ​ဘော​တူ စာ​ချုပ်​ချုပ်​ဆို​လိမ့်​မည်။ သုံး​နှစ်​ခွဲ​မျှ ကြာ​သော​အ​ခါ​သူ​သည် ယဇ်​နှင့်​ပူ​ဇော် သ​ကာ​များ​ဆက်​ကပ်​မှု​ကို​ရပ်​စဲ​စေ လိမ့်​မည်။ ထို​နောက်​ထိတ်​လန့်​စက်​ဆုပ်​ဖွယ် ကောင်း​သည့်​အ​ရာ ကို ဗိ​မာန်​တော်​လူ​မြင်​ကွင်း​တွင်​မြှောက်​တင် ထား​လိမ့်​မည်။ ထို​အ​ရာ​သည်​မြှောက်​တင်​သူ အ​တွက် ဘု​ရား​သ​ခင်​ပြင်​ဆင်​စီ​ရင်​ထား တော်​မူ​သော​ဆုံး​ပါး​ပျက်​စီး​ချိန်​တိုင် အောင် ဗိ​မာန်​တော်​တွင်​တည်​ရှိ​နေ​လိမ့်​မည်'' ဟု​ဆို​၏။


ထို​နည်း​အ​တိုင်း​ဣ​သ​ရေ​လ​ပြည်​သား​တို့ သည်​ဘု​ရင်​မ​ရှိ၊ ခေါင်း​ဆောင်​မ​ရှိ၊ ယဇ်​ပူ​ဇော် ခြင်း​မ​ရှိ၊ ကိုး​ကွယ်​ရာ​ကျောက်​တိုင်​များ​မ​ရှိ၊ ရုပ်​တု​များ​မ​ရှိ​ဘဲ​လျက်​ကြာ​မြင့်​စွာ​နေ ထိုင်​ရ​လိမ့်​မည်။-


``ပ​ရော​ဖက်​ဒံ​ယေ​လ​ဟော​ကြား​ခဲ့​သည့်​ထိတ်​လန့် စက်​ဆုတ်​ဖွယ်​ကောင်း​သည့်​အ​ရာ​သည်​မ​ရှိ​အပ်​သည့် အ​ရပ်​တွင်​ရှိ​နေ​သည်​ကို​သင်​တို့​မြင်​ကြ​လိမ့်​မည်။ (စာ​ဖတ်​သူ​သည်​ဤ​အ​ချက်​ကို​သ​တိ​ပြု​အပ်​၏။)-


``ထိတ်​လန့်​စက်​ဆုပ်​ဘွယ်​ကောင်း​သည့်​အ​ရာ​သည် မ​ရှိ​အပ်​သည့်​အ​ရပ်​တွင်​ရှိ​နေ​သည်​ကို သင်​တို့ မြင်​ရ​ကြ​လိမ့်​မည်'' (စာ​ဖတ်​သူ​သည်​ဤ​အ​ချက် ကို​နား​လည်​ပါ​စေ) ``ထို​သို့​မြင်​ရ​ကြ​သော အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည်​တောင်​များ ပေါ်​သို့​ပြေး​ကြ​စေ။-


ဗိမာန်​တော်​အြုပင်​တံ​တိုင်း​ကို​မ​တိုင်း​နှင့်၊ အ​ဘယ်​ကြောင့်​ဆို​သော်​ထို​အ​ရာ​ကို​လူ​မျိုး ခြား​တို့​အား​ပေး​အပ်​ထား​သော​ကြောင့်​ဖြစ် ၏။ သူ​တို့​သည်​သန့်​ရှင်း​မြင့်​မြတ်​သော​မြို့ တော်​ကို​လေး​ဆယ်​နှစ်​လ​တိုင်​တိုင်​ခြေ​ဖြင့် နင်း​ကြ​လိမ့်​မည်။-


အ​မျိုး​သ​မီး​သည်​တော​ကန္တာ​ရ​တွင်​ဘု​ရား သ​ခင်​ပြင်​ဆင်​ထား​တော်​မူ​သော​အ​ရပ်​သို့ ထွက်​ပြေး​လေ​၏။ ထို​အ​ရပ်​တွင်​သူ​သည်​ရက် ပေါင်း ၁၂၆၀ အ​ထိ​ပြု​စု​စောင့်​ရှောက်​ခြင်း​ကို ခံ​ရ​၏။


ထို​သား​ရဲ​သည်​ကြွား​ဝါ​၍​ဘု​ရား​သ​ခင်​အား ပြစ်​မှား​ပြော​ဆို​ခွင့်​ကို​လည်း​ကောင်း၊ လေး​ဆယ့် နှစ်​လ​ပတ်​လုံး​အုပ်​စိုး​ပိုင်​ခွင့်​ကို​လည်း​ကောင်း ရ​ရှိ​ထား​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ