ထိုညချင်းတွင်းယာကုပ်သည်ထ၍မယားနှစ် ယောက်၊ မယားငယ်နှစ်ယောက်၊ သားသမီးတစ် ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်လျက်ယဗ္ဗုတ် မြစ်ကိုဖြတ်ကူးစေ၏။-
တောလည် 21:24 - Common Language Bible သို့ရာတွင်ဣသရေလအမျိုးသားတို့သည်ရန် သူများစွာတို့ကို တိုက်ပွဲ၌ကျဆုံးစေပြီးလျှင် အာနုန်မြစ်မှမြောက်ဘက်အမ္မုန်ပြည်နယ်စပ် ယဗ္ဗုတ်မြစ်တိုင်အောင် ရှိဟုန်ဘုရင်၏နယ်မြေ များကိုသိမ်းယူကြလေသည်။ အမ္မုန်ပြည် နယ်စပ်တိုင်အောင်သာချီတက်နိုင်ခြင်းမှာ ထိုနယ်စပ်ကိုခိုင်ခံ့စွာကာကွယ်ထားခြင်း ကြောင့်ဖြစ်သည်။- Garrad Bible ဣ သ ရေ လ လူ မျိုး တို့ သည် ထား ဖြင့် လုပ် ကြံ လျက် အာ နုန် ချောင်း မှ ယ ဗ္ဗုတ် ချောင်း အ ထိ အ မ္မုန် အ မျိုး သား တို့ ခိုင် လုံ သော နယ် စပ် တိုင် အောင်၊ Judson Bible ထိုမင်းကို၊ ဣသရေလအမျိုးသားတို့သည် ဓားနှင့်လုပ်ကြံ၍၊ အာနုန်ချောင်းမှသည် ယဗ္ဗုတ်ချောင်းတိုင်အောင်လည်းကောင်း၊ အမ္မုန်အမျိုးသားနေရာတိုင်အောင်လည်းကောင်း၊ ထိုမင်းပိုင်သောမြေကို သိမ်းယူကြ၏။ အမ္မုန်အမျိုးသား နေရာနယ်စပ်ကား အားကြီး၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ အစ္စရေးလူမျိုးတို့သည် ရှိဟုန်မင်းကြီးကို ဓားဖြင့်ခုတ်သတ်၍ အာနုန်ချောင်းမှ အမ္မုန်အမျိုးသားတို့၏နယ်စပ် ယဗ္ဗုတ်ချောင်းအထိ ထိုမင်း၏ပြည်ကိုသိမ်းပိုက်နိုင်၏။ အမ္မုန်အမျိုးသားတို့၏နယ်စပ်သည် အခိုင်အမာရှိ၏။ |
ထိုညချင်းတွင်းယာကုပ်သည်ထ၍မယားနှစ် ယောက်၊ မယားငယ်နှစ်ယောက်၊ သားသမီးတစ် ဆယ့်တစ်ယောက်တို့ကိုခေါ်ဆောင်လျက်ယဗ္ဗုတ် မြစ်ကိုဖြတ်ကူးစေ၏။-
``ကိုယ်တော်သည်သူတို့အားမိမိတို့နယ် စပ်တွင် ရှိသောနိုင်ငံများနှင့်၊ လူမျိုးများကိုနှိမ်နင်းခွင့်ပေးတော်မူပါ၏။ သူတို့သည်ရှိဟုန်မင်းအစိုးရသည့် ဟေရှဘုန်ပြည်ကိုလည်းကောင်း သြဃမင်းအစိုးရသည့်ဗာရှန်ပြည်ကို လည်းကောင်း သိမ်းပိုက်ကြပါ၏။
အာမောရိပြည်ဘုရင်ရှိဟုန်မင်းကို ကွပ်မျက်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
``ထိုသို့နှင့်ပင်ငါ၏လူမျိုးအပေါင်းတို့၊ ငါသည်သင်တို့အတွက်အာရဇ်ပင်တမျှ မြင့်မား၍သပိတ်ပင်အလား သန်မာလှ သည့်အာမောရိလူမျိုးကိုအပြီးအပိုင် တိုက်ဖျက်ခဲ့ပြီ။-
ထိုအရပ်မှတစ်ဖန်သူတို့သည်ခရီးထွက်လာ ခဲ့ကြရာ အာနုန်မြစ်မြောက်ဘက်အာမောရိပြည် တောကန္တာရနှင့်တစ်ဆက်တည်းရှိသောတော ကန္တာရတွင်စခန်းချကြ၏။ (အာနုန်မြစ်သည် မောဘပြည်နှင့်အာမောရိပြည်တို့၏နယ်ခြား ဖြစ်၏။-)
မောရှေသည်ဟေရှဘုန်မြို့တွင်စိုးစံသော အာမောရိဘုရင်ရှိဟုန်ကိုလည်းကောင်း၊ အာရှ တရုတ်မြို့နှင့်ဧဒြိမြို့များတွင်စိုးစံသော ဗာရှန်ဘုရင်သြဃကိုလည်ကောင်း၊ နှိမ် နှင်းပြီးနောက်အောက်ပါအတိုင်းဆင့်ဆို ခြင်းဖြစ်သည်။-
ဤအရပ်သို့ငါတို့ရောက်ရှိသောအခါ ဟေရှဘုန်ဘုရင်ရှိဟုန်နှင့်ဗာရှန်ဘုရင် သြဃတို့သည်ထွက်၍ ငါတို့အားတိုက် ခိုက်ခဲ့ကြသည်။ သို့ရာတွင်ငါတို့သည် သူ တို့ကိုတိုက်ခိုက်အောင်မြင်သဖြင့်၊-
ရုဗင်နှင့်ဂဒ်အနွယ်ဝင်တို့အား ဂိလဒ်မြို့မှ အာနုန်မြစ်အထိနယ်မြေကိုငါခွဲဝေပေး ၏။ ထိုမြစ်လယ်တစ်လျှောက်သည်သူတို့၏ တောင်ဘက်နယ်နိမိတ်ဖြစ်၍ အမ္မုန်ပြည်နယ် စပ်တစ်စိတ်တစ်ဒေသဖြစ်သောယဗ္ဗုတ်မြစ် သည်သူတို့၏မြောက်ဘက်နယ်နိမိတ်ဖြစ် သည်။-
ထာဝရဘုရားသည်အာမောရိဘုရင်များ ဖြစ်သော ရှိဟုန်နှင့်သြဃတို့ကိုနှိမ်နင်း၍ သူ တို့၏ပြည်ကိုဖျက်ဆီးသည့်နည်းတူ ထိုပြည် တွင်နေထိုင်သောလူမျိုးတို့ကိုသုတ်သင် ပယ်ရှင်းတော်မူလိမ့်မည်။-
အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့တွင်စိုးစံ ၍ရိဖိမ်အမျိုးသားတို့၏ နောက်ဆုံးအဆက် အနွယ်ဖြစ်သူသြဃမင်း၏ပြည်သည်လည်း ကောင်းပါဝင်သည်။ မောရှေသည်ဤမင်းနှစ် ပါးစလုံးကိုကွပ်မျက်၍သူတို့၏တိုင်း ပြည်များကိုသိမ်းယူခဲ့သည်။-
ထိုနောက်ငါသည်သင်တို့ကိုအာမောရိအမျိုး သားတို့နေထိုင်ရာယော်ဒန်မြစ်အရှေ့ဘက်သို့ ပို့ဆောင်ခဲ့သည်။ သူတို့သည်သင်တို့ကိုတိုက်ခိုက် ကြသော်လည်းငါသည်သင်တို့အားအနိုင်ရစေ၏။ သင်တို့သည်သူတို့၏ပြည်ကိုချီတက်သိမ်းပိုက် သောအခါငါသည်သူတို့ကိုသုတ်သင်ပယ်ရှင်း ခဲ့၏။-
ယော်ဒန်မြစ်အရှေ့ဘက်တွင်စိုးစံသောအာ မောရိမင်းနှစ်ပါးဖြစ်သည့် ဟေရှဘုန်ဘုရင် ရှိဟုန်နှင့်အာရှတရုတ်မြို့၌နန်းစိုက်သော ဗာရှန်ဘုရင်သြဃတို့အား မည်ကဲ့သို့နှိမ် နင်းခဲ့ကြောင်းကိုလည်းကောင်းအကျွန်ုပ်တို့ ကြားရပါသည်။-
ထာဝရဘုရားကဤသို့ပြန်၍မိန့်ကြား တော်မူ၏။ ``အတိတ်ကာလကအီဂျစ်အမျိုး သား၊ အာမောရိအမျိုးသား၊ အမ္မုန်အမျိုးသား၊ ဖိလိတ္တိအမျိုးသား၊-
အမ္မုန်ဘုရင်က``ဣသရေလအမျိုးသားတို့ သည်အီဂျစ်ပြည်မှထွက်ခွာလာသောအခါ ငါ၏နယ်မြေကိုအာနုန်မြစ်မှယဗ္ဗုတ်မြစ် နှင့်ယော်ဒန်မြစ်တိုင်အောင်သိမ်းယူခဲ့ကြ၏။ သို့ဖြစ်၍သင်တို့သည်ယခုအခါထိုနယ် မြေကို ငါ့အားငြိမ်းချမ်းစွာပြန်လည်ပေး အပ်ရကြမည်'' ဟုစေတမန်တို့အားပြန် ကြားစေ၏။
မိဇပါမြို့၌စုရုံးရာသို့ဣသရေလ အမျိုးအနွယ်များထဲမှ မလာမရောက် သောလူစုရှိပါသလောဟုစုံစမ်းကြ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှမည် သူတစ်ဦးတစ်ယောက်မျှမလာမရောက် ကြောင်းကိုသိရှိရကြလေသည်။-