နေဟမိ 9:22 - Common Language Bible22 ``ကိုယ်တော်သည်သူတို့အားမိမိတို့နယ် စပ်တွင် ရှိသောနိုင်ငံများနှင့်၊ လူမျိုးများကိုနှိမ်နင်းခွင့်ပေးတော်မူပါ၏။ သူတို့သည်ရှိဟုန်မင်းအစိုးရသည့် ဟေရှဘုန်ပြည်ကိုလည်းကောင်း သြဃမင်းအစိုးရသည့်ဗာရှန်ပြည်ကို လည်းကောင်း သိမ်းပိုက်ကြပါ၏။ အခန်းကိုကြည့်ပါ။Garrad Bible22 လူ မျိုး ခြား တို့၏ တိုင်း နိုင် ငံ များ ကို ပေး၍၊ တစ် ဘက် စွန်း မှ တစ် ဘက် စွန်း တိုင် အောင် ချ ထား တော် မူ သ ဖြင့်၊ ရှိ ဟုန် မင်း ပိုင် ဟေ ရှ ဘုန် ပြည် နှင့်၊ ဩ ဃ မင်း ပိုင် ဗာ ရှန် ပြည် များ ကို အ ပိုင် ပေး တော် မူ ပြီး လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible22 နောက်မှတစ်ပါးအမျိုးသားတို့၏ တိုင်းနိုင်ငံများကို သူတို့အား အကုန်အစင်ဝေဖန်၍ ပေးသနားတော်မူသဖြင့်၊ သူတို့သည် ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်နှင့် ဗာရှန်ရှင်ဘုရင်ဩဃ အစိုးရသောပြည်တို့ကို သိမ်းယူကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း22 ကိုယ်တော်သည် တိုင်းနိုင်ငံများနှင့် လူမျိုးတို့ကို သူတို့လက်သို့ အပ်တော်မူ၏။ နယ်မြေကိုလည်း သူတို့အား ပိုင်းခြားခွဲဝေပေးတော်မူ၏။ သူတို့သည် ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏ပြည်နှင့် ဗာရှန်ဘုရင်ဩဃမင်းကြီး၏ပြည်တို့ကို သိမ်းပိုက်နိုင်ခဲ့၏။ အခန်းကိုကြည့်ပါ။ |
သို့ရာတွင်သူတို့သည်ဤပြည်ကိုဝင်ရောက် သိမ်းပိုက်ရကြသောအခါ ကိုယ်တော်ရှင် ၏အမိန့်တော်များကိုမလိုက်နာကြပါ။ သြဝါဒတော်တို့ကိုလည်းမကျင့်သုံး ကြပါ။ ကိုယ်တော်ရှင်ခိုင်းစေသည့်အမှု တစ်စုံတစ်ခုကိုမျှမပြုမလုပ်ကြပါ။ ထို့ကြောင့်ကိုယ်တော်ရှင်သည်ဤဘေး အန္တရာယ်ဆိုးကိုသူတို့အပေါ်သို့သက် ရောက်စေတော်မူပါ၏။
ငါသည်သူတို့အားကျိန်ဆိုကတိပြုထား သည့်ပြည်သို့ခေါ်ဆောင်၍သွား၏။ သူတို့သည် မြင့်သောတောင်ကုန်းများနှင့်စိမ်းလန်းသော သစ်ပင်တို့ကိုမြင်သောအခါ ထိုအရပ်တို့ တွင်ယဇ်ပူဇော်ကြကုန်၏။ နံ့သာပေါင်းကို မီးရှို့ရာယဇ်နှင့်စပျစ်ရည်ပူဇော်သကာ ကိုဆက်ကပ်ကြ၏။ ဤနည်းအားဖြင့်သူ တို့သည်ငါ၏အမျက်တော်ကိုနှိုးဆော် ကြသည်။-
ဣသရေလတပ်သားများတိုက်ခိုက်သဖြင့် အာမောရိတပ်သားတို့သည် တောင်ကြားလမ်း သို့ဆင်းပြေးကြစဉ်အဇေကာမြို့အထိ လမ်းတစ်လျှောက်လုံးတွင်ကောင်းကင်မှမိုးသီး လုံးကြီးများကိုသူတို့အပေါ်သို့ထာဝရ ဘုရားရွာကျစေတော်မူ၏။ မိုးသီးဒဏ် ကြောင့်သေသူတို့သည် ဣသရေလအမျိုး သားတို့၏လက်ချက်ကြောင့်သေသူတို့ ထက်ပို၍များသတည်း။