အနှစ်လေးဆယ်ပတ်လုံးသဲကန္တာရတွင် ကိုယ်တော်သည်သူတို့လိုသမျှသော အစားအစာကိုပေးတော်မူပါ၏။ သူတို့အဝတ်သည်အဘယ်အခါ၌မျှ မဟောင်းမနွမ်းရပါ။ သူတို့၏ခြေသည်မပွန်းမရောင်ရပါ။
တောလည် 20:5 - Common Language Bible အဘယ်ကြောင့်အကျွန်ုပ်တို့အားအီဂျစ်ပြည်မှ ထုတ်ဆောင်၍ မည်သည့်အပင်မျှမပေါက်သောဤ ခေါင်သည့်အရပ်သို့ခေါ်ဆောင်ခဲ့ပါသနည်း။ ဤ အရပ်တွင်ကောက်ပဲသီးနှံပင်မရှိ၊ သဖန်းပင် မရှိ၊ စပျစ်ပင်မရှိ၊ သလဲပင်မရှိ၊ သောက် စရာရေမရှိ'' ဟုညည်းတွားကြလေသည်။- Garrad Bible အိ ဂျစ် ပြည် မှ ခေါ်၍ ဤ အ ရပ် ဆိုး သို့ အ ဘယ် ကြောင့် ဆောင် ခဲ့ ကြ သ နည်း။ မျိုး ကြဲ ရာ၊ သ ဖန်း၊ စ ပျစ်၊ သ လဲ ဖြစ် ထွန်း ရာ အ ရပ် မ ဟုတ်။ သောက် ရန် ရေ မျှ ပင် မ ရှိ ချေ ဟု ဆို ကြ သော်၊ Judson Bible ငါတို့ကို အဲဂုတ္တုပြည်မှထွက်စေ၍၊ ဤဆိုးသောအရပ်သို့ အဘယ်ကြောင့် ဆောင်ခဲ့သနည်း။ ဤအရပ်သည် လယ်လုပ်စရာမကောင်း၊ သင်္ဘောသဖန်းပင်၊ စပျစ်နွယ်ပင်၊ သလဲပင် စိုက်စရာမကောင်း။ သောက်စရာရေမျှမရှိဟု မောရှေကိုအပြစ်တင်၍ ဆိုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း သင်သည် ငါတို့ကို အီဂျစ်ပြည်မှ ဤဆိုးရွားသောအရပ်သို့ အဘယ်ကြောင့်ခေါ်ဆောင်လာသနည်း။ ဤအရပ်သည် မျိုးစေ့ကြဲရာအရပ်မဟုတ်။ သဖန်းပင်၊ စပျစ်ပင်၊ သလဲပင် စိုက်ရာအရပ်မဟုတ်။ သောက်စရာရေလည်းမရှိ”ဟု ရန်တွေ့ကြ၏။ |
အနှစ်လေးဆယ်ပတ်လုံးသဲကန္တာရတွင် ကိုယ်တော်သည်သူတို့လိုသမျှသော အစားအစာကိုပေးတော်မူပါ၏။ သူတို့အဝတ်သည်အဘယ်အခါ၌မျှ မဟောင်းမနွမ်းရပါ။ သူတို့၏ခြေသည်မပွန်းမရောင်ရပါ။
``သင်သည်ယေရုရှလင်မြို့သို့သွား၍ ထိုမြို့ တွင်နေထိုင်သူအပေါင်းတို့အားဤသတင်း စကားကိုပြန်ကြားလော့။'' သင်တို့သည်ငယ်ရွယ်စဉ်အခါကအဘယ်သို့ သစ္စာရှိခဲ့ကြသည်ကိုငါသတိရ၏။ သင်သည်သတို့သမီးကဲ့သို့ငါ့ကိုချစ်ခဲ့၏။ သင်တို့သည်စိုက်ပျိုးခြင်းမရှိသော တောကန္တာရတစ်လျှောက်လုံးကိုဖြတ်၍ ငါ၏အနောက်သို့လိုက်ခဲ့ကြ၏။
ငါသည်သူတို့အားအီဂျစ်ပြည်မှကယ်ဆယ် ကာ တောကန္တာရတစ်လျှောက်လုံး၊သဲကန္တာရများ၊ မြေတွင်းများနှင့်ပြည့်နှက်လျက်နေသောပြည်၊ ခြောက်ကပ်၍ဘေးအန္တရာယ်များသောပြည်၊ လူသူဆိတ်ညံလျက် ခရီးသည်မရှိသည့်ပြည်ကိုဖြတ်၍ လမ်းပြပို့ဆောင်ပေးခဲ့သော်လည်းသူတို့သည် ငါ့ကိုဂရုမစိုက်ကြ။
အီဂျစ်ပြည်တောကန္တာရတွင်သင်တို့၏ ဘိုးဘေးများကိုငါအပြစ်ဒဏ်စီရင်ခဲ့ သည့်နည်းတူ ယခုသင်တို့ကိုလည်းအပြစ် ဒဏ်စီရင်မည်'' ဟုအရှင်ထာဝရဘုရား မိန့်တော်မူ၏။
သင်သည်ငါတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့မပို့ဆောင်နိုင်သေးသည်သာ မက ငါတို့ပိုင်ဆိုင်ရန်လယ်ယာမြေနှင့်စပျစ် ဥယျာဉ်များကိုလည်းမပေးနိုင်။ သင်သည် ငါတို့အားလှည့်စားဦးမည်ကြံသလော။ ငါတို့သင့်ထံသို့မလာ'' ဟုဆိုကြ၏။
``အာရုန်သည်အနိစ္စရောက်လိမ့်မည်။ သူသည် ဣသရေလအမျိုးသားတို့အား ငါကတိ ထားသောပြည်သို့ဝင်ရလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးသည် မေရိဘအရပ်တွင် ငါ၏အမိန့်တော်ကို မနာခံခဲ့သောကြောင့်ဖြစ်သည်။-
အဘယ်ကြောင့်ဆိုသော်သင်တို့နှစ်ဦးစလုံး သည် ဇိနတောကန္တာရ၌ငါ၏အမိန့်ကိုဖီဆန် သောကြောင့်ဖြစ်၏။ မေရိဘအရပ်တွင်ဣသ ရေလအမျိုးသားအပေါင်းတို့သည် ငါ့အား အပြစ်တင်၍ညည်းတွားကြသောအခါ သင် တို့သည်သူတို့ရှေ့တွင်ငါ၏တန်ခိုးတော်ကို မထီလေးစားပြုမူခဲ့ကြ၏'' ဟုမိန့်တော် မူသည်။ (မေရိဘသည်ဇိနတောကန္တာရရှိ ကာဒေရှအရပ်၌တည်ရှိသောစမ်းရေ ပေါက်ကိုဆိုလိုသည်။)
ကိုယ်တော်သည်သင်တို့အားမြွေဆိုးနှင့်ကင်းမီး ကောက်ပေါ၍ ကျယ်ဝန်းကြောက်မက်ဖွယ်ကောင်း သောတောကန္တာရကိုဖြတ်သန်းပို့ဆောင်တော် မူခဲ့၏။ ခြောက်သွေ့၍ရေမရှိသောအရပ်တွင် ကိုယ်တော်သည်ကျောက်ဆောင်မှရေကိုထွက်စေ တော်မူ၏။-