နေဟမိ 9:21 - Common Language Bible21 အနှစ်လေးဆယ်ပတ်လုံးသဲကန္တာရတွင် ကိုယ်တော်သည်သူတို့လိုသမျှသော အစားအစာကိုပေးတော်မူပါ၏။ သူတို့အဝတ်သည်အဘယ်အခါ၌မျှ မဟောင်းမနွမ်းရပါ။ သူတို့၏ခြေသည်မပွန်းမရောင်ရပါ။ အခန်းကိုကြည့်ပါ။Garrad Bible21 သဲ က န္တာ ရ တွင်၊ နှစ် ပေါင်း လေး ဆယ် ပတ် လုံး၊ မ တောင့် မ တ ရ အောင် စား နပ် ရိ က္ခာ ကို ထောက် မ တော် မူ၍၊ အ ဝတ် နွမ်း ရိ ခြင်း၊ ခြေ ပေါက် ကွဲ ခြင်း များ မ ရှိ ရ ချေ။ အခန်းကိုကြည့်ပါ။Judson Bible21 အနှစ်လေးဆယ်ပတ်လုံး သူတို့ကို အလျှင်းမဆင်းရဲစေခြင်းငှာ ကျွေးမွေးတော်မူ၏။ သူတို့အဝတ် မဟောင်းမနွမ်းရ။ သူတို့ခြေသည်လည်း မပွန်းမရောင်ရ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 တောကန္တာရ၌ အနှစ်လေးဆယ်ပတ်လုံး ကျွေးမွေးတော်မူသဖြင့် သူတို့၌ မည်သည့် လိုအပ်ချက်မျှမရှိ။ သူတို့၏အဝတ်များသည် မဟောင်းနွမ်း၊ သူတို့၏ခြေတို့သည်လည်း ရောင်ရမ်းခြင်းမရှိ။ အခန်းကိုကြည့်ပါ။ |
``သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ပြုခဲ့လေသမျှကိုအဘယ်သို့ကောင်း ချီးပေးတော်မူခဲ့သည်ကို သတိရကြလော့။ ဤကျယ်ပြန့်သောတောကန္တာရကိုလှည့်လည်ဖြတ် သန်းရာခရီး၌ သင်တို့ကိုစောင့်ရှောက်တော်မူ ခဲ့ပြီ။ ကိုယ်တော်သည်နှစ်ပေါင်းလေးဆယ်ပတ် လုံးသင်တို့နှင့်အတူရှိတော်မူသဖြင့် သင် တို့လိုအပ်သမျှကိုရရှိခဲ့ကြပြီ။''
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် လွန်ခဲ့သောနှစ်ပေါင်းလေးဆယ်ပတ်လုံး သင်တို့ အားတောကန္တာရကိုဖြတ်၍ပို့ဆောင်တော်မူ ခဲ့၏။ ထိုစဉ်ကသင်တို့သည်ပညတ်တော်များ ကို လိုက်နာလိုသောစိတ်ဆန္ဒရှိသည်မရှိသည် ကိုစစ်ဆေးရန် သင်တို့အားဆင်းရဲဒုက္ခအမျိုး မျိုးရောက်စေခဲ့ကြောင်းကိုသတိရကြလော့။-