Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 8:15 - Common Language Bible

15 ကိုယ်​တော်​သည်​သင်​တို့​အား​မြွေ​ဆိုး​နှင့်​ကင်း​မီး ကောက်​ပေါ​၍ ကျယ်​ဝန်း​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​ပို့​ဆောင်​တော် မူ​ခဲ့​၏။ ခြောက်​သွေ့​၍​ရေ​မ​ရှိ​သော​အ​ရပ်​တွင် ကိုယ်​တော်​သည်​ကျောက်​ဆောင်​မှ​ရေ​ကို​ထွက်​စေ တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 မီး​မြွေ၊ ကင်း​မြီး​ကောက်​များ၍၊ ရေ​မ​ရှိ၊ အ​ငတ်​ခံ​ရာ​အ​ရပ်၊ ကြောက်​မက်​ဖွယ်​သော တော​ကြီး​အ​လယ်၌ သင့်​ကို​ပို့​ဆောင်၍ မီး​ပါ​ကျောက်​ထဲ​က ရေ​ကို​ထွက်​စေ​တော်​မူ​ထ​သော၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 မီးမြွေ​နှင့်​ကင်းမြီးကောက်​ပေါများ​သော​အရပ်​၊ ရေ​မ​ရှိ​ဘဲ ခြောက်သွေ့​သော​အရပ်​၊ ကြောက်မက်​ဖွယ်​ကောင်း​သော တောကန္တာရ​ကြီး​၌ သင့်​ကို​ပို့ဆောင်​တော်မူ​သော​အရှင်​၊ သင့်​အတွက် ရေ​ကို မီးခတ်​ကျောက်​ထဲမှ​ထွက်​စေ​တော်မူ​သော​အရှင်​၊

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 8:15
16 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​သည်​ကျောက်​ဆောင်​ကို​ခွဲ​တော်​မူ​သော​အ​ခါ ရေ​သည်​ပန်း​၍​ထွက်​လာ​ကာ​သဲ​ကန္တာ​ရ​တွင် မြစ်​သ​ဖွယ်​စီး​၍​သွား​၏။


ကိုယ်​တော်​သည်​ကျောက်​တောင်​ကို​ရေ​အိုင်၊ ကျောက်​ဆောင်​ကို​စမ်း​ချောင်း​ဖြစ်​စေ​တော် မူ​၏။


ကိုယ်​တော်​သည်​မိ​မိ​၏​လူ​စု​တော်​အား တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပြ​ပို့​ဆောင်​တော် မူ​၏။ ကိုယ်​တော်​၏​မေတ္တာ​တော်​သည်​ထာ​ဝ​စဉ် တည်​တော်​မူ​သ​တည်း။


ဤ​ဗျာ​ဒိတ်​တော်​သည်​တောင်​ပိုင်း​သဲ​ကန္တာ​ရ တွင်​ရှိ​သည့် တိ​ရစ္ဆာန်​များ​နှင့်​သက်​ဆိုင်​သော ဗျာ​ဒိတ်​တော်​ဖြစ်​၏။ ကိုယ်​တော်​က``သံ​တ​မန် တို့​သည်​ခြင်္သေ့​များ​ခို​အောင်း​ရာ၊ မြွေ​ဆိုး​များ၊ န​ဂါး​ပျံ​များ​ရှိ​၍​ဘေး​အန္တ​ရာယ်​ပေါ​များ ရာ​အ​ရပ်​ကို​ဖြတ်​၍​သွား​ရ​ကြ​၏။ ထို​သူ​တို့ သည်​မိ​မိ​တို့​အား​အ​ဘယ်​အ​ကူ​အ​ညီ​မျှ မ​ပေး​နိုင်​သည့်​လူ​မျိုး​အ​တွက် အ​ဖိုး​ထိုက် လက်​ဆောင်​ပဏ္ဏာ​များ​ကို​မြည်း​များ၊ ကု​လား အုတ်​များ​နှင့်​တင်​ယူ​လာ​ကြ​၏။-


ခြစ်​ခြစ်​တောက်​ပူ​လောင်​လျက်​ရှိ​သည့်​သဲ​များ​သည် ရေ​အိုင်​ဖြစ်​၍၊ ခြောက်​သွေ့​သော​မြေ​သည်​လည်း​စမ်း​ရေ​တွင်း​များ ပြည့်​နှက်​၍​နေ​လိမ့်​မည်။ ခွေး​အ​များ​ကျက်​စား​လေ့​ရှိ​သည့်​အ​ရပ်​တွင် ကိုင်း​ပင်​ကူ​ပင်​များ​ပေါက်​လာ​လိမ့်​မည်။


ငါ​ပြု​မည့်​အ​မှု​အ​ရာ​သစ်​ကို​စောင့်​မျှော် ကြည့်​ရှု​ကြ​လော့။ ထို​အ​မှု​အ​ရာ​သည်​ဖြစ်​ပျက်​ဆဲ​ပင်​ရှိ​သဖြင့် ယင်း​ကို ယ​ခု​သင်​တို့​တွေ့​မြင်​နိုင်​ကြ​ပါ​သည်​တ​ကား။ ငါ​သည်​တော​ကန္တာ​ရ​ကို​ဖြတ်​၍​လမ်း​ပေါက်​စေ ပြီး​လျှင်၊ သင်​တို့​အား​စမ်း​ရေ​ကို​ပေး​တော်​မူ​မည်။


ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ကယ်​ဆယ် ကာ တော​ကန္တာ​ရ​တစ်​လျှောက်​လုံး၊သဲ​ကန္တာ​ရ​များ၊ မြေ​တွင်း​များ​နှင့်​ပြည့်​နှက်​လျက်​နေ​သော​ပြည်၊ ခြောက်​ကပ်​၍​ဘေး​အန္တ​ရာယ်​များ​သော​ပြည်၊ လူ​သူ​ဆိတ်​ညံ​လျက် ခ​ရီး​သည်​မ​ရှိ​သည့်​ပြည်​ကို​ဖြတ်​၍ လမ်း​ပြ​ပို့​ဆောင်​ပေး​ခဲ့​သော်​လည်း​သူ​တို့​သည် ငါ့​ကို​ဂ​ရု​မ​စိုက်​ကြ။


ငါ​သည်​ခြောက်​သွေ့​ပူ​ပြင်း​သော​သဲ​ကန္တာ ရ​အ​ရပ်​တွင်​သင်​တို့​ကို​စောင့်​ရှောက်​ခဲ့​၏။-


တောင်​ဝှေး​ကို​မြှောက်​၍​ကျောက်​တုံး​ကို​နှစ်​ကြိမ် ရိုက်​လေ​သည်။ ထို​အ​ခါ​ကျောက်​ဆောင်​မှ​ရေ များ​စွာ​ပန်း​ထွက်​သ​ဖြင့် လူ​အ​ပေါင်း​တို့​နှင့် တိ​ရစ္ဆာန်​များ​ရေ​သောက်​ကြ​ရ​သည်။


ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​ရှိ​ရာ​သို့​မြွေ​ဆိုး​များ​ကို​စေ လွှတ်​သ​ဖြင့် လူ​ပေါင်း​များ​စွာ​တို့​သည်​မြွေ ကိုက်​ခံ​ရ​၍​သေ​ဆုံး​ကြ​၏။-


ဋ္ဌမ္မ​ရေ​စာ​တစ်​မျိုး​တည်း​ကို​သောက်​ကြ​ရ​၏။ သူ တို့​အား​လုံး​ပင်​မိ​မိ​တို့​နှင့်​လိုက်​ပါ​လာ​သော ဋ္ဌမ္မ​ကျောက်​မှ​ရေ​ကို​သောက်​သုံး​ကြ​ရ​၏။ ထို ကျောက်​ကား​ခ​ရစ်​တော်​ပင်​ဖြစ်​သ​တည်း။-


``ငါ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည့်​အ​တိုင်း ငါ​တို့​လိုက်​နာ​ကြ​၏။ ငါ​တို့​သည်​သိ​နာ​တောင်​မှ​ထွက်​ခွာ​ခဲ့​ပြီး နောက် အ​ပြော​ကျယ်​၍​ကြောက်​မက်​ဖွယ်​ကောင်း သော​တော​ကန္တာ​ရ​ကို​ဖြတ်​သန်း​လျက် တောင် ထူ​ထပ်​သော​အာ​မော​ရိ​ပြည်​သို့​ဦး​တည် ခ​ရီး​ပြု​ခဲ့​ကြ​၏။ ငါ​တို့​သည်​ကာ​ဒေ​ရှ ဗာ​နာ​အ​ရပ်​သို့​ရောက်​သော​အ​ခါ၊-


``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား တောင်​ကုန်း​ဒေ​သ​များ​ကို​အုပ်​စိုး​စေ​၍ လယ်​မှ​ထွက်​သော​အ​သီး​အ​နှံ​များ​ကို စား​သုံး​စေ​တော်​မူ​၏။ သူ​တို့​သည်​ကျောက်​ကြား​မှ​ပျား​ရည်​ကို လည်း​ကောင်း၊ ကျောက်​ပေါ​များ​သော​မြေ​တွင်​ပေါက်​သော သံ​လွင်​ပင်​များ​မှ​ဆီ​ကို​လည်း​ကောင်း​ရ​ရှိ ကြ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ