ပေါလုအတွက်မြင်းများကိုလည်းအသင့် ပြင်ထားလော့။ သူ့ကိုဘုရင်ခံမင်းဖေလဇ် ထံသို့ကြပ်မတ်၍ပို့ကြလော့'' ဟုအမိန့် ပေး၏။-
ပေါ လု စီး ရန် မြင်း များ ကို အ သင့် ထား၍ ဘု ရင် ခံ ဖေ လဇ် မင်း ထံ လုံ ခြုံ စွာ ပို့ ကြ စေ ရန် စီ မံ ပြီး လျှင်၊
ပေါလုစီးစရာဖို့ တိရစ္ဆာန်တို့ကိုပြင်၍ ပေးကြ။ သူ့ကို ဖေလဇ်မင်းထံသို့ကြပ်မ၍ ပို့ကြဟုအမိန့်ရှိ၏။-
ပေါလုစီးနင်းရန် တိရစ္ဆာန်များကိုလည်း အသင့်ပြင်ထားလျက် သူ့ကို ဘုရင်ခံဖေလဇ်မင်းထံ ဘေးကင်းစွာပို့ဆောင်လော့”ဟု မှာကြားလေ၏။
ပေါလုစီးရန် မြင်းများကိုလည်း ပြင်ဆင်ပေးပြီး သူ့ကို ဘုရင်ခံဖေလဇ်မင်းထံသို့ ဘေးကင်းလုံခြုံစွာပို့ဆောင်လော့” ဟု မှာကြားပြီးနောက်
သို့ရာတွင်ယေရုရှလင်မြို့အတွက်မည်သို့ ဆောင်ရွက်ရမည်ကို ငါ့အားထာဝရဘုရား နှိုးဆော်တော်မူကြောင်းကိုမူ အဘယ်သူကို မျှငါမပြောဘဲသန်းခေါင်းယံအချိန်၌ ထ၍အဖော်အချို့ကိုခေါ်ပြီးလျှင်မြို့ ထဲမှထွက်လာခဲ့၏။ ငါတို့သည်ငါစီး သည့်မြည်းမှတစ်ပါးအခြားတိရစ္ဆာန် မပါ။-
ထိုအမိန့်တော်သည်ပေရသိအင်ပါယာ နိုင်ငံတစ်ဝှန်းလုံး၌ယုဒအမျိုးသား တို့အား သတ်ဖြတ်ရန်သတ်မှတ်ထားသည့် အာဒါခေါ်ဒွါဒသမလဆယ့်သုံးရက် နေ့မှအစပြု၍အတည်ဖြစ်စေရမည်။-
ထိုနောက်ကိုယ်တော်ကိုချည်နှောင်၍ရောမဘုရင်ခံ ပိလတ်မင်းထံပို့ဆောင်၍အပ်လိုက်ကြ၏။
သူနာ၏ထံသို့ချဉ်းကပ်ပြီးလျှင် သူနာ၏ဒဏ် ရာများကိုဆီနှင့်စပျစ်ရည်လိမ်းကျံ၍အဝတ် ဖြင့်စည်းပေး၏။ ထိုနောက်မိမိမြည်းပေါ်မှာ သူနာကိုတင်လျက်တည်းခိုရိပ်သာသို့ဆောင် သွား၍ပြုစုလေ၏။-
ဧကရာဇ်မင်းတိဗေရိနန်းစံတစ်ဆယ့်ငါးနှစ် မြောက်သောအခါ ယုဒပြည်တွင်ပုန္တိပိလတ်သည် ဘုရင်ခံဖြစ်၏။ ဂါလိလဲပြည်တွင်ဟေရုဒ်၊ ဣတုရဲ ပြည်နှင့်တရာခေါနိတ်ပြည်တွင်ဟေရုဒ်၏ညီ ဖိလိပ္ပု၊ အဘိလင်ပြည်တွင်လုသာနိတို့သည် အသီးသီးဘုရင်ခံဖြစ်ကြ၏။-
တပ်မှူးသည်စာတစ်စောင်ကိုလည်းရေး၍ပေး လိုက်၏။
ထိုစာတွင် ``ကလောဒိလုသိထံမှအရှင် ဖေလဇ်မင်းထံသို့ရိုသေစွာအစီရင်ခံအပ် ပါသည်။-
မြင်းတပ်သားများသည်ကဲသရိမြို့သို့ရောက် သောအခါ တပ်မှူး၏စာကိုဘုရင်ခံမင်းအား ပေးဆက်ကာပေါလုကိုရှေ့တော်သို့သွင်း ကြ၏။-
နောက်ငါးရက်ကြာသောအခါယဇ်ပုရောဟိတ် မင်းအာနနိသည် ဘာသာရေးခေါင်းဆောင်အချို့ တို့လိုက်ပါလျက် တေရတုလုနာမည်ရှိသော ရှေ့နေနှင့်အတူကဲသရိမြို့သို့ရောက်ရှိလာ၏။ ထိုသူတို့သည်ဘုရင်ခံဖေလဇ်၏ရှေ့တော်သို့ ဝင်၍ပေါလုအကြောင်းနှင့်ပတ်သက်၍စွဲချက် တင်ကြ၏။-
ဘုရင်ခံမင်းသည်လက်ရိပ်ပြ၍ပေါလုအား တင်လျှောက်ခွင့်ပြုသောအခါပေါလုက၊ ``အရှင်သည်ဤလူမျိုးအပေါ်၌နှစ်ပေါင်း များစွာ တရားစီရင်လျက်နေခဲ့သူဖြစ်ကြောင်း အကျွန်ုပ်သိပါ၏။ ထို့ကြောင့်အကျွန်ုပ်မှာအပြစ် မရှိကြောင်းကို အရှင်အားလျှောက်လဲရသည့် အတွက်ဝမ်းမြောက်ပါ၏။-
ဤဆောင်ရွက်ချက်များကိုအကျွန်ုပ်တို့သည် အရပ်တကာတွင် အခါခပ်သိမ်းအထူး ကျေးဇူးတင်စွာဖြင့်ကြိုဆိုကြပါ၏။-
ထိုမြို့တွင်ရက်အတော်ကြာမျှတည်းခိုနေ ကြစဉ် ဖေတ္တုသည်ပေါလု၏အမှုကိုမင်းကြီး အားပြောပြ၏။ ဖေတ္တုက ``ဤအရပ်တွင်ဖေ လဇ်အကျဉ်းချထားခဲ့သည့်လူတစ်ယောက် ရှိပါ၏။-