အရှင်မင်းကြီး၊ အရှင့်အရိုက်အရာကိုဆက်ခံ၍ နန်းတက်မည့်သူမှာအဘယ်သူဖြစ်ကြောင်းမိန့် ကြားတော်မူရန် ဣသရေလအမျိုးသားတစ်ရပ် လုံးသည်အရှင့်အားစောင့်မျှော်လျက်နေကြ ပါ၏။-
ဇာခရိ 3:9 - Common Language Bible မှန်ကူကွက်ခုနစ်ခုရှိသောကျောက်တုံးကို လည်း ယောရှု၏ရှေ့တွင်ငါချထားမည်။ ထို ကျောက်ပေါ်တွင်ကမ္ပည်းရေးထိုးပြီးလျှင် ဤ ပြည်၏အပြစ်ဒုစရိုက်ကိုတစ်နေ့ချင်း တွင်းပယ်ရှားပစ်မည်။-'' Garrad Bible မျက် စိ ပုံ ခု နစ် လုံး ပါ ရှိ သော တိုက် ထွဋ် ကျောက် ကို၊ ယော ရှု ရှေ့ တွင် ငါ ချ ထား လျက်၊ က မ္ပည်း စာ ရေး တင် သော နေ့ ရက် တွင်၊ ပြည် တော်၏ ဒု စ ရိုက် ကို ပယ် မည် ဟူ ၍ လည်း ကောင်း၊ Judson Bible ယောရှုရှေ့မှာ ငါထားသောကျောက်ကို ကြည့်ရှုလော့။ ထိုကျောက်တစ်ခုကို မျက်စိခုနစ်လုံးကြည့်ရှုလျက်ရှိလိမ့်မည်။ ထိုကျောက်ကိုလည်း ငါထုလုပ်မည်။ တစ်နေ့ချင်းတွင် ဤပြည်၏အပြစ်ကို ငါပယ်ရှင်းမည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ယောရှုရှေ့တွင် ငါချထားသောကျောက်တုံးကို ကြည့်လော့။ ထိုကျောက်တုံးပေါ်တွင်မျက်စိခုနစ်လုံးပါ၏။ ငါသည် ထိုကျောက်တုံးပေါ်တွင် ကျောက်စာကမ္ပည်းထိုးထားမည်။ ဤပြည်၏အပြစ်တို့ကို တစ်နေ့ချင်းတွင် ငါဖယ်ရှားပစ်မည်’ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ |
အရှင်မင်းကြီး၊ အရှင့်အရိုက်အရာကိုဆက်ခံ၍ နန်းတက်မည့်သူမှာအဘယ်သူဖြစ်ကြောင်းမိန့် ကြားတော်မူရန် ဣသရေလအမျိုးသားတစ်ရပ် လုံးသည်အရှင့်အားစောင့်မျှော်လျက်နေကြ ပါ၏။-
ထာဝရဘုရားသည်မိမိအားသစ္စာစောင့် သူတို့အားတန်ခိုးစွမ်းရည်ကိုပေးတော်မူရန် ကမ္ဘာတစ်ဝှမ်းလုံးကိုသေချာစွာကြည့်လျက် နေတော်မူ၏။ ဘုရင်မင်းသည်မိုက်မဲစွာပြု ခဲ့သည်ဖြစ်၍ ယခုမှစ၍အစဉ်စစ်ဖြစ် လျက်နေရလိမ့်မည်'' ဟုဆင့်ဆို၏။-
အရှေ့မျက်နှာစွန်းသည်အနောက်မျက်နှာ စွန်းနှင့် ဝေးကွာသကဲ့သို့ ကိုယ်တော်သည်ငါတို့အားငါတို့အပြစ်များနှင့် ဝေးကွာစေတော်မူ၏။
တိုက်ကိုတည်ဆောက်သူတို့ပစ်ပယ်ထားသော ကျောက်သည်အရေးအကြီးဆုံးဖြစ်သော ထောင့်ချုပ်ကျောက်ဖြစ်လာရ၏။
ပန်းထိမ်ပညာသည်၏လက်စွမ်းဖြင့်ကျောက်နှစ် လုံးပေါ်တွင် ယာကုပ်သားတို့၏နာမည်များကို ထွင်း၍၊ ထိုကျောက်များကိုရွှေပန်းထည်၌ထည့် ထားရမည်။-
ဣသရေလတစ်ဆယ်နှစ်မျိုးကိုရည်ဆောင်၍ ကျောက်မျက်တစ်ဆယ်နှစ်လုံးတွင်တစ်လုံးစီ ၌ ယာကုပ်၏သားတစ်ယောက်စီ၏နာမည်ကို ထွင်းထားရမည်။-
``ရွှေပြားတစ်ချပ်ကိုပြုလုပ်ပြီးလျှင် `ထာ ဝရဘုရားအား ဆက်ကပ်ထားသည်' ဟူ၍ ကမ္ပည်းထိုးထားလော့။-
ယခုအနန္တတန်ခိုးရှင်ထာဝရဘုရား မိန့်တော်မူသည်ကား``ငါသည်ဇိအုန်တောင် တွင်တည်တံ့ခိုင်မြဲသည့်အုတ်မြစ်ကိုချ တော်မူမည်။ ငါသည်`ခိုင်မြဲစွာယုံကြည်မျှော် လင့်တတ်သူသည် သည်းခံလျက်စောင့်ဆိုင်း တတ်၏' ဟူသောကမ္ပည်းစာတမ်းပါရှိသည့် အဖိုးတန်ထောင့်ချုပ်ကျောက်ကိုလည်းထို အုတ်မြစ်တွင်ထည့်သွင်းထားရှိမည်။-
ထာဝရဘုရားကိုသိရန်အဘယ်သူမျှ မိမိတို့မြို့သူမြို့သားအချင်းချင်းကို လည်းကောင်း၊ ပြည်သူအချင်းချင်းကိုလည်း ကောင်းသွန်သင်ပေးရန်လိုလိမ့်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော်အငယ်ဆုံးသူမှ အကြီးမြတ်ဆုံးသူအထိငါ့ကိုသိ ကြလိမ့်မည်။ ငါသည်သူတို့၏အပြစ်များ ကိုဖြေလွှတ်မည်။ သူတို့ပြုခဲ့သည့်ဒုစရိုက် များကိုလည်းအမှတ်ရတော့မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟ သည့်စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ထိုအချိန်ကာလကျရောက်လာသောအခါ ငါသည်မိမိအသက်ရှင်ခွင့်ပေးထားသူတို့ ၏အပြစ်များကိုဖြေလွတ်ဖြေရှင်းမည်ဖြစ် ၍ ဣသရေလပြည်တွင်အပြစ်ဒုစရိုက်တစ် စုံတစ်ခုမျှတွေ့ရှိရလိမ့်မည်မဟုတ်။ ယုဒ ပြည်တွင်လည်းဆိုးညစ်မှုတစ်စုံတစ်ရာမျှ တွေ့ရှိရလိမ့်မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့် တော်မူ၏။
ထာဝရဘုရားက``ထိုအချိန်ကျရောက် လာသောအခါ ဒါဝိဒ်၏သားစဉ်မြေးဆက် များနှင့်ယေရုရှလင်မြို့သူမြို့သားတို့ အား မိမိတို့၏အပြစ်များနှင့်ရုပ်တု ကိုးကွယ်မှုမှသန့်စင်စိမ့်သောငှာစမ်း ရေပေါက်ဖွင့်လျက်လာလိမ့်မည်။-
ကောင်းကင်တမန်သည်မိမိ၏အစေအပါး ကောင်းကင်သားတို့အား``ဤသူဝတ်ဆင်ထား သည့်အဝတ်ညစ်တို့ကိုချွတ်ပစ်လော့'' ဟုဆို ပြီးလျှင်၊ ယောရှုအား``ငါသည်သင်၏အပြစ် ကိုဖယ်ရှားလိုက်ပြီးလျှင်သင်ဝတ်ဆင်ရန် အဝတ်သစ်များကိုပေးပါအံ့'' ဟုပြော လေသည်။
သူသည်ဗိမာန်တော်ဆောက်လုပ်ရာတွင် တိုး တက်မှုနှေးကွေးသည့်အတွက်စိတ်ပျက်ကြ သော်လည်း ဗိမာန်တော်ကိုဇေရုဗဗေလသည် ချိန်ကြိုးကိုင်လျက် ဆက်လက်တည်ဆောက်လျက် နေကြောင်းကိုတွေ့မြင်ရသောအခါ၌မူ ဝမ်းမြောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ကောင်းကင်တမန်ကငါ့အား``မီးခွက်ခုနစ် ခုသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုတွေ့ မြင်နိုင်သော ထာဝရဘုရား၏မျက်စိ ခုနစ်လုံးဖြစ်၏'' ဟုပြော၏။
နောက်တစ်နေ့၌မိမိ၏ထံသို့သခင်ယေရှု ကြွလာသည်ကိုမြင်လျှင် ယောဟန်က ``လောက သားတို့၏အပြစ်ကိုယူဆောင်သွားတော်မူ သောဘုရားသခင်၏သိုးသူငယ်တော်ကို ကြည့်ကြလော့။-
ပုပ်ပျက်တတ်သောအစာအာဟာရအတွက် မကြိုးပမ်းကြနှင့်။ ထာဝရအသက်ကိုရရှိ စေသောမပုပ်ပျက်နိုင်သောအစာအာဟာရ အတွက်ကြိုးပမ်းကြလော့။ ဘုရားသခင်သည် လူသားအားတန်ခိုးအာဏာကိုအပ်နှင်းတော် မူသည်ဖြစ်၍ လူသားသည်ထိုအစာအာဟာရ ကိုသင်တို့အားပေးတော်မူလိမ့်မည်'' ဟုမိန့် တော်မူ၏။
`တိုက်ကိုတည်ဆောက်ရာတွင် သင်တို့ပယ်ထားသည့်ကျောက်သည် အရေးကြီးဆုံးဖြစ်သည့်ထောင့်ချုပ်ကျောက် ဖြစ်လာရ၏' ဟုကျမ်းစာကရည်ညွန်းသူမှာထိုအရှင် ဖြစ်သည်။-
ကျမ်းစာတော်တွင်၊ ``ကြည့်လော့။ လူတို့တိုက်မိ၍လဲစေရန်ကျောက်တစ်လုံးကို ဇိအုန်တောင်ပေါ်မှာငါချထားမည်။ ထိုကျောက်ကိုလူတို့တိုက်မိ၍လဲကြလိမ့်မည်။ သို့ရာတွင်ကိုယ်တော်ကိုယုံကြည်သူသည် အဘယ်အခါ၌မျှစိတ်ပျက်ရလိမ့်မည်မဟုတ်'' ဟုဖော်ပြပါရှိသတည်း။
မိမိ၏လူစုတော်အဖြစ်ဖြင့်တံဆိပ်ခတ်နှိပ် တော်မူ၏။ အနာဂတ်ကာလ၌ငါတို့အဖို့ လျာထားသည်များအတွက်အာမခံချက် အဖြစ် ကိုယ်တော်သည်ငါတို့စိတ်နှလုံးထဲ သို့သန့်ရှင်းသောဝိညာဉ်တော်ကိုသွန်းလောင်း တော်မူ၏။
ထိုစာကိုခရစ်တော်ကိုယ်တိုင်ရေး၍ငါတို့ နှင့်ပေးပို့တော်မူသည်မှာထင်ရှား၏။ ထိုစာ ကားမင်ဖြင့်ရေးသောစာမဟုတ်။ အသက်ရှင် တော်မူသောဘုရားသခင်၏ဝိညာဉ်တော် ဖြင့်ရေးသောစာဖြစ်၏။ ထိုစာကိုကျောက် ပြားပေါ်တွင်မရေးဘဲနှလုံးသားပေါ်တွင် ရေးသတည်း။
သို့ရာတွင်ဘုရားသခင်ချထားတော်မူ သည့်အုတ်မြစ်သည်ခိုင်ခံ့လျက်ရှိပေသည်။ ထိုအုတ်မြစ်ပေါ်တွင်``ထာဝရဘုရားသည် မိမိ၏လူစုတော်အားသိတော်မူ၏'' ဟူ၍ လည်းကောင်း၊``သခင်ဘုရား၏နာမတော်ကို ခံရသူအပေါင်းတို့သည်မကောင်းမှုကို ရှောင်ကြဉ်ရကြမည်'' ဟူ၍လည်းကောင်း ကမ္ပည်းရေးထိုး၍ထားသတည်း။
ယဇ်ပုရောဟိတ်မင်းတို့သည်နေ့စဉ်ဦးစွာပထမ မိမိတို့ကိုယ်ပိုင်အပြစ်များအတွက်လည်းကောင်း၊ ထိုနောက်လူတို့၏အပြစ်များအတွက်လည်းကောင်း ယဇ်ပူဇော်ကြရလေသည်။ ကိုယ်တော်မူကားဤသို့ ပြုရန်မလို။ အဘယ်ကြောင့်ဆိုသော်မိမိအသက် ကိုတင်လှူပူဇော်စဉ်အခါက တစ်ကြိမ်တည်း အပြီးအပိုင်ယဇ်ပူဇော်ခဲ့ပြီးဖြစ်သော ကြောင့်တည်း။-
ကိုယ်တော်သည်ငါတို့၏အပြစ်များသာမက ကမ္ဘာသူကမ္ဘာသားအပေါင်းတို့၏အြုပစ်ပြေ ရာပြေကြောင်းပူဇော်ဆက်ကပ်တော်မူသော အရှင်ဖြစ်တော်မူ၏။
ထိုနောက်သိုးသူငယ်သည်သက်ရှိသတ္တဝါလေး ပါးတို့နှင့်အကြီးအကဲများခြံရံလျက်ရှိ သည့်ပလ္လင်တော်အလယ်၌ရပ်လျက်နေသည် ကိုငါမြင်၏။ သူသည်ယဇ်ပူဇော်ရန်အသတ် ခံရပြီးသည့်သိုးနှင့်တူ၏။ သူ့မှာဦးချိုခုနစ် ချောင်းနှင့်မျက်စိခုနစ်လုံးရှိ၏။ ယင်းတို့သည် ကမ္ဘာမြေတစ်ပြင်လုံးသို့ဘုရားသခင်စေ လွှတ်တော်မူသောဝိညာဉ်ခုနစ်ပါးဖြစ်၏။-