ဇာခရိ 4:10 - Common Language Bible10 သူသည်ဗိမာန်တော်ဆောက်လုပ်ရာတွင် တိုး တက်မှုနှေးကွေးသည့်အတွက်စိတ်ပျက်ကြ သော်လည်း ဗိမာန်တော်ကိုဇေရုဗဗေလသည် ချိန်ကြိုးကိုင်လျက် ဆက်လက်တည်ဆောက်လျက် နေကြောင်းကိုတွေ့မြင်ရသောအခါ၌မူ ဝမ်းမြောက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ကောင်းကင်တမန်ကငါ့အား``မီးခွက်ခုနစ် ခုသည်ကမ္ဘာမြေကြီးတစ်ခုလုံးကိုတွေ့ မြင်နိုင်သော ထာဝရဘုရား၏မျက်စိ ခုနစ်လုံးဖြစ်၏'' ဟုပြော၏။ အခန်းကိုကြည့်ပါ။Garrad Bible10 အ မှု ငယ် နေ့ ကို မ ထီ လေး စား ပြု သူ ရှိ သ လော။ ထို သူ တို့ သည်၊ ဇေ ရု ဗ ဗေ လ စွဲ ကိုင် သော မှန် ထုပ် ကို မြင် ရ လျက်၊ ရွှင် လန်း ကြ ရ လ တ္တံ့။ ထို ခု နစ် ခွက် မှာ မူ၊ မြေ တစ် ပြင် လုံး နှံ့ လှည့် လှည် ကြည့် ရှု သော၊ ထာ ဝ ရ ဘု ရား၏ စ က္ခု တော် တည်း ဟု၊ ငါ တို့ ထာ ဝ ရ ဘု ရား၏ ဗျာ ဒိတ် တော် ရောက် ပြန် ၏။ အခန်းကိုကြည့်ပါ။Judson Bible10 အမှုငယ်ပြုသော နေ့ရက်ကို အဘယ်သူသည် မထီမဲ့မြင် ပြုရသနည်း။ ချိန်ကြိုးသည် ဇေရုဗဗေလလက်၌ ရှိသည်ကို ထိုခုနစ်ပါးတို့သည် မြင်၍ ဝမ်းမြောက်ကြလိမ့်မည်။ ထိုခုနစ်ပါးတို့ကား၊ မြေကြီးတစ်ပြင်လုံးတွင် တောင်မြောက်ပြေးတတ်သော၊ ထာဝရဘုရား၏မျက်စိတော်များ ဖြစ်သတည်းဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 သေးငယ်သောအမှုများပြုသောနေ့ရက်ကို မည်သူ မထီမဲ့မြင်ပြုသနည်း။ သို့သော် မြေတစ်ပြင်လုံးကို လှည့်လည်ကြည့်ရှုလျက်နေသော ထာဝရဘုရား၏မျက်လုံးတော်ခုနစ်လုံးသည် ဇေရုဗဗေလလက်ထဲမှ ချိန်သီးတုံးကိုမြင်သောအခါ ဝမ်းမြောက်ကြ၏”ဟု မိန့်ဆို၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်သိုးသူငယ်သည်သက်ရှိသတ္တဝါလေး ပါးတို့နှင့်အကြီးအကဲများခြံရံလျက်ရှိ သည့်ပလ္လင်တော်အလယ်၌ရပ်လျက်နေသည် ကိုငါမြင်၏။ သူသည်ယဇ်ပူဇော်ရန်အသတ် ခံရပြီးသည့်သိုးနှင့်တူ၏။ သူ့မှာဦးချိုခုနစ် ချောင်းနှင့်မျက်စိခုနစ်လုံးရှိ၏။ ယင်းတို့သည် ကမ္ဘာမြေတစ်ပြင်လုံးသို့ဘုရားသခင်စေ လွှတ်တော်မူသောဝိညာဉ်ခုနစ်ပါးဖြစ်၏။-