ဇာခရိ 3:10 - Common Language Bible10 ``ထိုနေ့ရက်ကာလကျရောက်လာသောအခါ သင်တို့ရှိသမျှသည်စပျစ်ဥယျာဉ်များ၊ သဖန်းပင်များခြံရံလျက်ငြိမ်းချမ်းလုံခြုံ စွာနေထိုင်နိုင်ကြစေရန် မိမိတို့၏အိမ်နီး ချင်းများကိုခေါ်ဖိတ်ကြလိမ့်မည်'' ဟုအနန္တ တန်ခိုးရှင်ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible10 ထို နေ့ ရက် ၌ သင် တို့ သည်၊ စ ပျစ် ခြံ၊ သ ဖန်း ခြံ ရိပ် သို့ အ ချင်း ချင်း ခေါ် ဖိတ် ရ ကြ လ တ္တံ့ ဟူ၍ လည်း ကောင်း၊ မိန့် တော် မူ ကြောင်း ဆင့် ဆို လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုနေ့၌ သင်တို့သည် မိမိတို့ အိမ်နီးချင်း တစ်ယောက်ကိုတစ်ယောက် စပျစ်ပင်အောက်၊ သင်္ဘောသဖန်းပင် အောက်သို့ ခေါ်ဖိတ်ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ထိုနေ့ရက်တွင် စပျစ်ပင်အောက်၊ သဖန်းပင်အောက်သို့ လာရောက်ကြရန် အိမ်နီးချင်းအချင်းချင်း ဖိတ်ခေါ်ကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု သတိပေးပြောဆို၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားကကျွန်ုပ်၏ခမည်းတော် အား`သင့်နောက်၌ငါမင်းမြှောက်မည့်သူသင် ၏သားသည် ငါ့အတွက်ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်' ဟုကတိထားတော် မူခဲ့ပါ၏။ ကျွန်ုပ်၏ဘုရားသခင်ထာဝရ ဘုရားအားကိုးကွယ်ဝတ်ပြုရန်အတွက် ထိုဗိမာန်တော်ကိုတည်ဆောက်ရန်ယခု ကျွန်ုပ်စိတ်ပိုင်းဖြတ်လိုက်ပါပြီ။-
ဟေဇကိ၏စကားကိုနားမထောင်ကြနှင့်၊ မြို့ထဲမှထွက်၍လက်နက်ချကြရန် သင်တို့ အားအာရှုရိဘုရင်ဧကရာဇ်အမိန့်တော် ရှိ၏။ သင်တို့အားဘုရင်ဧကရာဇ်သည်သင် တို့ပြည်နှင့်တူသည့်ပြည်၊ ဂျုံဆန်နှင့်စပျစ်ရည် သစ်၊ ပြောင်းနှင့်စပျစ်ဥယျာဉ်ပေါများသည့် ပြည်သို့မပို့ဆောင်မီအတောအတွင်း၌ မိမိတို့၏စပျစ်ပင်များနှင့်သင်္ဘောသဖန်း ပင်များမှအသီးများကိုစားစေ၍ မိမိ တို့ရေတွင်းများမှရေကိုလည်းသောက် သုံးခွင့်ပြုတော်မူလိမ့်မည်။-