ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
ကမ္ဘာဦး 46:3 - Common Language Bible ဘုရားသခင်က``ငါသည်ဘုရားသခင်ဖြစ် ၏။ သင့်အဖ၏ဘုရားသခင်ဖြစ်၏။ သင်သည် အီဂျစ်ပြည်သို့သွားရမည်ကိုမစိုးရိမ်နှင့်။ ထိုပြည်တွင်ငါသည်သင်၏အဆက်အနွယ် တို့အားလူမျိုးကြီးဖြစ်လာစေမည်။- Garrad Bible ငါ ဘု ရား သည်၊ သင့် အ ဘ၏ ဘု ရား သ ခင် ပေ တည်း။ အိ ဂျစ် ပြည် သို့ သွား ရောက် ရန် ကြောက် ရွံ့ ခြင်း မ ရှိ နှင့်။ ထို ပြည် တွင် သင့် အား ဖြင့် လူ မျိုး ကြီး ငါ ဖြစ် စေ မည်။ Judson Bible ထာဝရဘုရားကလည်း၊ ငါသည် ဘုရားသခင်ဖြစ်၏။ သင့်အဘ၏ ဘုရားသခင်ဖြစ်၏။ အဲဂုတ္တုပြည်သို့သွားရမည်အခွင့်ကို မစိုးရိမ်နှင့်။ ငါသည် ထိုပြည်၌ သင့်ကိုလူမျိုးကြီးဖြစ်စေမည်။ မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်က “ငါသည် ဘုရားသခင်ဖြစ်၏။ သင့်ဖခင်၏ဘုရားဖြစ်၏။ အီဂျစ်ပြည်သို့ သင်ဆင်းသွားရမည်ကို မကြောက်နှင့်။ အကြောင်းမူကား ငါသည် ထိုအရပ်၌ သင့်ကို လူမျိုးကြီးဖြစ်စေမည်။ |
ငါသည်သင်၏သားမြေးတို့ကိုများပြားစေ မည်။ သူတို့အားလူမျိုးကြီးဖြစ်စေမည်။ ငါ သည်သင့်ကိုကောင်းချီးပေး၍သင်၏နာမ ကိုကြီးမြတ်စေသဖြင့် လူတို့သည်သင့်အား ဖြင့်ကောင်းချီးခံစားရကြမည်။
ထိုနောက်ထာဝရဘုရားသည်ဗျာဒိတ်ရူပါရုံ အားဖြင့်အာဗြံအား``အာဗြံ၊ မကြောက်နှင့်။ ငါ သည်သင့်အားအန္တရာယ်မှကာကွယ်၍ ကြီးမြတ် သောဆုကိုချပေးမည်'' ဟုမိန့်တော်မူ၏။
ထာဝရဘုရားကသူ့အား ``သင်၏အမျိုး အနွယ်တို့သည် သူတစ်ပါး၏နိုင်ငံ၌သူစိမ်း တစ်ရံဆံအဖြစ်နေထိုင်ရကြမည်။ ထိုအရပ် တွင်သူတို့သည်နှစ်ပေါင်းလေးရာကျွန်အဖြစ် ဖြင့်နှိပ်စက်ညှင်းဆဲခြင်းကိုခံရကြမည်။-
အာဗြံအသက်ကိုးဆယ့်ကိုးနှစ်ရှိသောအခါ ထာဝရဘုရားသည်အာဗြံအားကိုယ်ထင်ပြ ၍``ငါသည်အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ် ၏။ ငါ့စကားကိုနားထောင်၍မှန်ရာကိုအစဉ် ပြုလုပ်လော့။-
သူ၏အဆက်အနွယ်တို့သည်တန်ခိုးအင်အား ကြီးသောလူမျိုးဖြစ်မည်။ ငါသည်သူ့အားဖြင့် ကမ္ဘာပေါ်ရှိလူမျိုးအပေါင်းတို့အားကောင်း ချီးပေးမည်။-
သင်၏အဆက်အနွယ်ကိုမိုးကောင်းကင်ရှိ ကြယ်များကဲ့သို့လည်းကောင်း၊ ပင်လယ်ကမ်းခြေ ရှိသဲပွင့်များကဲ့သို့လည်းကောင်းများပြား စေမည်။ သင်၏အဆက်အနွယ်တို့သည်သူတို့ ၏ရန်သူများကိုတိုက်ခိုက်အောင်မြင်လိမ့် မည်။-
တစ်ဖန်ဘုရားသခင်ကသူ့အား``ငါသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်၏။ သား သမီးများစွာမွေးဖွားလော့။ လူအမျိုးမျိုး တို့သည်သင်မှဆင်းသက်ကြလိမ့်မည်။ သင် ၏အမျိုးအနွယ်မှဘုရင်များပေါ်ထွန်း လိမ့်မည်။-
ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်ဂေါရှင်အရပ်၌နေထိုင်ကြစဉ်ကြီး ပွားတိုးတက်၍လူဦးရေအလွန်များပြား လာလေသည်။-
သို့ရာတွင်သူ၏အဖကငြင်းဆန်၍``ငါ့သား၊ အဖသိပါသည်။ မနာရှေ၏အဆက်အနွယ် တို့သည်လည်းလူမျိုးကြီးဖြစ်လိမ့်မည်။ သို့ သော်လည်းသူ့ညီသည် သူ့ထက်သာ၍ကြီး မြတ်မည်ဖြစ်၍ သူ၏အဆက်အနွယ်တို့သည် လူမျိုးကြီးများဖြစ်လာလိမ့်မည်'' ဟုဆို လေ၏။
သို့သော်လည်းအီဂျစ်ပြည်သားတို့က ဣသရေလအမျိုးသားတို့ကိုနှိပ်စက်ညှဉ်းဆဲလေ၊ သူတို့၏လူဦးရေတိုးပွားပျံ့နှံ့လာလေဖြစ်၏။ အီဂျစ်ပြည်သားတို့သည်ဣသရေလအမျိုးသားတို့ကိုကြောက်ရွံ့လာကြ၏။-
ထိုအခါမောရှေက``မကြောက်ကြနှင့်။ ကြံ့ ကြံ့ခိုင်ခိုင်ရှိစေကြလော့။ ထာဝရဘုရား သည်ယနေ့တွင် သင်တို့အားမည်ကဲ့သို့ကယ် တင်တော်မူမည်ကိုမြင်ရလိမ့်မည်။ သင်တို့ ယနေ့မြင်ရသောအီဂျစ်အမျိုးသားတို့ ကို နောင်မည်သည့်အခါမျှမြင်ရလိမ့်မည် မဟုတ်။-
မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
ထိုအခါဂေဒလိက``သင်တို့သည်ဗာဗုလုန် အမျိုးသားတို့အား လက်နက်ချရန်ကြောက်လန့် နေစရာမလိုကြောင်းသင်တို့အားငါကတိ ပေးပါ၏။ ဤပြည်တွင်အတည်တကျနေထိုင် ၍ဗာဗုလုန်ဘုရင်၏အမှုတော်ကိုထမ်းဆောင် ကြလော့။ သင်တို့အဖို့အစစအရာရာအဆင် ပြေပါလိမ့်မည်။-
`ပေါလု၊ မကြောက်နှင့်။ သင်သည်ဧကရာဇ်ဘုရင် ရှေ့တော်သို့ရောက်ရမည်။ ဘုရားသခင်သည်သင့် ကိုထောက်ထားတော်မူသဖြင့် သင်နှင့်အတူ သင်္ဘောစီးခဲ့ကြသူအပေါင်းတို့အားသေဘေး မှလွတ်မြောက်စေတော်မူလိမ့်မည်' ဟုဆိုပါ၏။-
``ဘုရားသခင်သည်အာဗြဟံအားထား တော်မူသော ကတိတော်ကိုအကောင်အထည် ဖော်ရန်အချိန်နီးကပ်လာသောအခါ အီဂျစ် ပြည်တွင်ဣသရေလအမျိုးသားတို့ဦးရေ များစွာတိုးပွားခဲ့၏။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် မိုးကောင်းကင်ရှိကြယ်များနှင့်အမျှသင်တို့ ကိုများပြားစေတော်မူပြီ။-
သင်တို့၏ဘိုးဘေးတို့သည် အီဂျစ်ပြည်သို့ သွားစဉ်ကလူဦးရေအားဖြင့်ခုနစ်ဆယ် မျှသာရှိ၏။ သို့ရာတွင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် ယခုအခါ သင်တို့ကိုမိုးကောင်းကင်ကြယ်နှင့်အမျှ လူဦးရေများပြားစေတော်မူပြီ။''
ထိုနောက်သင်သည်ထာဝရဘုရား၏ရှေ့ တော်တွင်`အကျွန်ုပ်၏ဘိုးဘေးသည် အိုးအိမ် အတည်တကျမရှိသောအာရေမီယန် အမျိုးသားဖြစ်ပါသည်။ သူသည်သူ၏ မိသားစုကိုခေါ်၍ အီဂျစ်ပြည်သို့သွား ရောက်နေထိုင်ခဲ့ပါသည်။ ထိုပြည်သို့ရောက် စဉ်ကသူတို့၏ဦးရေအနည်းငယ်မျှ သာရှိသော်လည်း နောင်တွင်လူဦးရေများ ၍အင်အားကြီးသောလူမျိုးဖြစ်လာ ပါသည်။-