ကမ္ဘာဦး 47:27 - Common Language Bible27 ဣသရေလအမျိုးသားတို့သည်အီဂျစ် ပြည်ဂေါရှင်အရပ်၌နေထိုင်ကြစဉ်ကြီး ပွားတိုးတက်၍လူဦးရေအလွန်များပြား လာလေသည်။- အခန်းကိုကြည့်ပါ။Garrad Bible27 ဣ သ ရေ လ လူ တို့ မူ ကား အိ ဂျစ် ပြည် ဂေါ ရှင် နယ် တွင် နေ ထိုင် လျက် အ ပိုင် ရ ၍ များ ပြား စွာ တိုး ပွား ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible27 ဣသရေလသားတို့သည်၊ အဲဂုတ္တုပြည် ဂေါရှင်အရပ်၌နေသဖြင့်၊ ဥစ္စာရတတ်၍ တိုးပွားများပြားကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း27 အစ္စရေးလူမျိုးတို့သည် အီဂျစ်ပြည်၊ ဂေါရှင်အရပ်၌ နေထိုင်လေ၏။ ထိုပြည်၌ သူတို့သည် ကြီးပွားချမ်းသာ၍ အလွန်တိုးပွားများပြားလာကြ၏။ အခန်းကိုကြည့်ပါ။ |
ထိုနောက်သင်သည်ထာဝရဘုရား၏ရှေ့ တော်တွင်`အကျွန်ုပ်၏ဘိုးဘေးသည် အိုးအိမ် အတည်တကျမရှိသောအာရေမီယန် အမျိုးသားဖြစ်ပါသည်။ သူသည်သူ၏ မိသားစုကိုခေါ်၍ အီဂျစ်ပြည်သို့သွား ရောက်နေထိုင်ခဲ့ပါသည်။ ထိုပြည်သို့ရောက် စဉ်ကသူတို့၏ဦးရေအနည်းငယ်မျှ သာရှိသော်လည်း နောင်တွင်လူဦးရေများ ၍အင်အားကြီးသောလူမျိုးဖြစ်လာ ပါသည်။-