ကမ္ဘာဦး 47:26 - Common Language Bible26 သို့ဖြစ်၍ယောသပ်သည်အီဂျစ်ပြည်တွင် အသီးအနှံထွက်ထဲမှ ငါးပုံတစ်ပုံကို ဖာရော ဘုရင်ထံဆက်ရမည်ဟူသောမြေယာဥပဒေ တစ်ရပ်ကိုပြဋ္ဌာန်းခဲ့လေသည်။ ထိုဥပဒေ သည်ယနေ့တိုင်အောင်အာဏာတည်လျက်ရှိ၏။ ယဇ်ပုရောဟိတ်တို့ပိုင်သောလယ်မြေများသာ လျှင်ထိုဥပဒေမှလွတ်ကင်းခွင့်ရှိသည်။ အခန်းကိုကြည့်ပါ။Garrad Bible26 ထို သို့ အိ ဂျစ် ပြည် တွင် ဖာ ရော မင်း အား ငါး ဖို့ တစ် ဖို့ ခွန် ဆက် သွင်း ရန် ယ ခု တိုင် အောင် တည် သော ရာ ဇ သတ် ကို ယော သပ် စီ ရင် ခဲ့ ၏။ ပ ရော ဟိတ် များ၏ ဝ တ္ထု ကံ မြေ ကို သာ ဖာ ရော မင်း မ သိမ်း မ ယူ ချေ။ အခန်းကိုကြည့်ပါ။Judson Bible26 ထိုကြောင့် ဖာရောမင်းမပိုင်သော ယဇ်ပုရောဟိတ်တို့မြေကိုထား၍၊ ဖာရောမင်းသည် ငါးဖို့တွင်တစ်ဖို့ကိုပိုင်တော်မူစေဟု ယနေ့တိုင်အောင် အဲဂုတ္တုပြည်၌တည်သောဓမ္မသတ်ကို ယောသပ်စီရင်၍ထားသတည်း။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း26 ဤသို့ဖြင့် ငါးပုံတစ်ပုံသည် ဖာရောမင်းကြီးအပိုင်ဖြစ်၏ဟု ယောသပ်စီရင်ခဲ့သောစည်းမျဉ်းဥပဒေသည် အီဂျစ်ပြည်၌ ယနေ့တိုင်အောင်တည်၏။ ယဇ်ပုရောဟိတ်တို့၏မြေကိုကား ဖာရောမင်းကြီးမပိုင်ပေ။ အခန်းကိုကြည့်ပါ။ |
``သုံးနှစ်လျှင်တစ်ကြိမ်သင်၏အသီးအနှံ ထဲမှ ဆယ်ဖို့တစ်ဖို့ကိုလေဝိအမျိုးသားများ၊ လူမျိုးခြားများ၊ မိဘမဲ့ကလေးများနှင့် မုဆိုးမများအားပေးကမ်းလော့။ ဤနည်း အားဖြင့်သူတို့သည် မိမိတို့နေထိုင်ရာအရပ် တွင် ဝလင်စွာစားသောက်ရကြလိမ့်မည်။ ထို သို့ပေးကမ်းပြီးနောက်ထာဝရဘုရား အား၊-