ကမ္ဘာဦး 47:25 - Common Language Bible25 ပြည်သားတို့က``ကိုယ်တော်သည်ကျွန်တော်တို့ ၏အသက်ကိုကယ်တော်မူပါပြီ။ ကျွန်တော် တို့သည်ကိုယ်တော်ထံမှမျက်နှာသာရပါ စေသော၊ သနားညှာတာတော်မူပါပြီ။ ကျွန် တော်တို့သည်ဘုရင်ထံ၌ကျွန်ခံပါမည်'' ဟုလျှောက်ကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible25 ထို သူ တို့ က၊ အ ရှင် သည် ကျွန် တော် မျိုး တို့ အ သက် ကို ဆယ် ခဲ့ ပါ ပြီ။ မျက် နှာ သာ ရ လျက် ဖာ ရော မင်း ထံ ကျွန် ခံ ပါ မည် ဟု လျှောက် ကြ ၏။ အခန်းကိုကြည့်ပါ။Judson Bible25 သူတို့ကလည်း၊ ကိုယ်တော်သည် ကျွန်တော်တို့ အသက်ကိုကယ်ပါပြီ။ သနားသောစိတ်နှင့်ကြည့်ရှုတော်မူပါ။ ကျွန်တော်တို့သည် ဖာရောဘုရင်၏ကျွန်ခံရပါမည်ဟု လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း25 သူတို့ကလည်း “သခင်သည် အကျွန်ုပ်တို့၏အသက်ကိုကယ်တင်ပါပြီ။ အကျွန်ုပ်တို့သည် သခင့်ရှေ့၌ မျက်နှာရပါစေသော။ အကျွန်ုပ်တို့သည် ဖာရောမင်းကြီးထံကျွန်ခံကြပါမည်”ဟု လျှောက်ကြ၏။ အခန်းကိုကြည့်ပါ။ |
ဘုရင်သည်ယောသပ်အားဇာဖဏာသဖာဏ ဟူသောဘွဲ့နာမကိုချီးမြှင့်၍ သြနမြို့မှ ယဇ်ပုရောဟိတ်ပေါတိဖေရ၏သမီးအာသ နတ်နှင့်ထိမ်းမြားစုံဖက်စေလေသည်။ ယောသပ်သည်အီဂျစ်ပြည်ဖာရောဘုရင်၏ မင်းမှုကို စတင်ထမ်းရွက်သည့်အခါ၌အသက် အနှစ်သုံးဆယ်ရှိ၏။ သူသည်ဘုရင်ထံပါးမှ ထွက်၍အီဂျစ်ပြည်တစ်ပြည်လုံးသို့တိုင်းခန်း လှည့်လည်လေသည်။-
သို့ဖြစ်၍ယောသပ်သည်အီဂျစ်ပြည်တွင် အသီးအနှံထွက်ထဲမှ ငါးပုံတစ်ပုံကို ဖာရော ဘုရင်ထံဆက်ရမည်ဟူသောမြေယာဥပဒေ တစ်ရပ်ကိုပြဋ္ဌာန်းခဲ့လေသည်။ ထိုဥပဒေ သည်ယနေ့တိုင်အောင်အာဏာတည်လျက်ရှိ၏။ ယဇ်ပုရောဟိတ်တို့ပိုင်သောလယ်မြေများသာ လျှင်ထိုဥပဒေမှလွတ်ကင်းခွင့်ရှိသည်။