ကမ္ဘာဦး 48:19 - Common Language Bible19 သို့ရာတွင်သူ၏အဖကငြင်းဆန်၍``ငါ့သား၊ အဖသိပါသည်။ မနာရှေ၏အဆက်အနွယ် တို့သည်လည်းလူမျိုးကြီးဖြစ်လိမ့်မည်။ သို့ သော်လည်းသူ့ညီသည် သူ့ထက်သာ၍ကြီး မြတ်မည်ဖြစ်၍ သူ၏အဆက်အနွယ်တို့သည် လူမျိုးကြီးများဖြစ်လာလိမ့်မည်'' ဟုဆို လေ၏။ အခန်းကိုကြည့်ပါ။Garrad Bible19 အ ဘ က၊ ငါ သိ သည် ငါ့ သား။ ငါ သိ သည် ဟု ငြင်း ဆို လျက် သူ သည် ကြီး မြတ်၍ လူ မျိုး တစ် မျိုး ဖြစ် သော် လည်း ညီ သည် သာ၍ ကြီး မြတ် သ ဖြင့် အ မျိုး အ နွယ် လည်း လူ မျိုး အ မြောက် အ များ ဖြစ် လိမ့် မည် ဟု ဆို ၏။ အခန်းကိုကြည့်ပါ။Judson Bible19 အဘသည်ငြင်း၍၊ ငါသိ၏ငါ့သား၊ ငါသိ၏။ သူသည်ကြီးစွာသော လူစုဖြစ်လိမ့်မည်။ သို့သော်လည်း၊ သူ့ညီသည် သူ့ထက်သာ၍ကြီးသဖြင့်၊ သူ၏အမျိုးအနွယ်သည် များစွာသောလူအစုစုဖြစ်လိမ့်မည်ဟုဆို၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း19 သို့သော် ဖခင်သည်ငြင်းဆန်လျက် “ငါသိ၏ ငါ့သား။ ငါသိ၏။ သူသည် လူမျိုးတစ်မျိုးဖြစ်လာမည်။ ကြီးမြတ်သောသူလည်းဖြစ်လာမည်။ သို့သော် ညီသည် အစ်ကိုထက်ကြီးမြတ်၍ ညီ၏သားစဉ်မြေးဆက်သည် လူမျိုးများစွာဖြစ်လာမည်”ဟု ဆို၏။ အခန်းကိုကြည့်ပါ။ |
``ဣသရေလနှင့်ယုဒနှစ်ခြမ်းကွဲချိန်မှအစ ပြု၍ မကြုံဘူးသေးသောဘေးဒုက္ခများကို ထာဝရဘုရားသည် သင်နှင့်သင်၏ပြည်သူတို့ အပေါ်သို့လည်းကောင်း၊ မင်းဆွေမင်းမျိုးမှန် သမျှအပေါ်သို့လည်းကောင်းသက်ရောက်စေ တော်မူလိမ့်မည်။ ကိုယ်တော်သည်အာရှုရိ ဘုရင်ကိုခေါ်ဆောင်လာတော်မူပေအံ့။
ယောသပ်သည်နွားလားဥသဖကဲ့သို့လည်း ကောင်း၊ နွားရိုင်းဦးချိုကဲ့သို့လည်းကောင်းခွန်အား ကြီး၏။ သူ၏ဦးချိုများသည်ကားမနာရှေအနွယ်ဝင်နှင့် ဧဖရိမ်အနွယ်ဝင်ထောင်သောင်းများစွာတို့ ဖြစ်သတည်း။ သူသည်ထိုဦးချိုများဖြင့်လူအမျိုးမျိုးတို့ကို မြေကြီးအစွန်းသို့တိုင်အောင်ခတ်ထုတ်လိမ့်မည်။''