Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




တ​ရား​ဟော 10:22 - Common Language Bible

22 သင်​တို့​၏​ဘိုး​ဘေး​တို့​သည် အီ​ဂျစ်​ပြည်​သို့ သွား​စဉ်​က​လူ​ဦး​ရေ​အား​ဖြင့်​ခု​နစ်​ဆယ် မျှ​သာ​ရှိ​၏။ သို့​ရာ​တွင်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ယ​ခု​အ​ခါ သင်​တို့​ကို​မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ လူ​ဦး​ရေ​များ​ပြား​စေ​တော်​မူ​ပြီ။''

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 သင် တို့ ဘိုး ဘေး များ သည် လူ ပေါင်း ခု နစ် ဆယ် သာ အိ ဂျစ် ပြည် သို့ ဆင်း သွား ကြ သော် လည်း ယ ခု မှာ မူ၊ ကောင်း ကင် ကြယ် လုံး နှင့် အ မျှ၊ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား များ ပြား စေ တော် မူ ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 သင်၏​ဘိုး​ဘေး​တို့​သည်၊ အ​ရေ​အ​တွက်​အား​ဖြင့် လူ​ခု​နစ်​ဆယ်​မျှ​သာ​ရှိ​လျက်၊ အဲ​ဂု​တ္တု​ပြည်​သို့ ဆင်း​သွား​ကြ၏။ ယ​ခု​မူ​ကား၊ အ​ရေ​အ​တွက်​အား​ဖြင့် မိုး​ကောင်း​ကင်​ကြယ်​နှင့်​အ​မျှ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် များ​ပြား​စေ​တော်​မူ​ပြီ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သင်​၏​ဘိုးဘေး​တို့​သည် အီဂျစ်​ပြည်​သို့​ဆင်းသွား​သောအခါ အယောက်​ခုနစ်ဆယ်​သာ​ရှိ​၏​။ ယခုမှာ သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​ကို ကောင်းကင်​ကြယ်​နှင့်အမျှ များပြား​စေ​တော်မူ​ပြီ​။

အခန်းကိုကြည့်ပါ။ ကော်ပီ




တ​ရား​ဟော 10:22
14 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​ကို​အ​ပြင်​သို့​ခေါ်​ဆောင်​လျက်``မိုး​ကောင်း ကင်​ကို​မော်​ကြည့်​၍​ကြယ်​များ​ကို​ရေ​တွက်​လော့။ သင်​၏​အ​မျိုး​အ​နွယ်​တို့​သည်​ထို​မျှ​လောက်​များ ပြား​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​သည်။


သင်​၏​အ​ဆက်​အ​နွယ်​ကို​မိုး​ကောင်း​ကင်​ရှိ ကြယ်​များ​ကဲ့​သို့​လည်း​ကောင်း၊ ပင်​လယ်​ကမ်း​ခြေ ရှိ​သဲ​ပွင့်​များ​ကဲ့​သို့​လည်း​ကောင်း​များ​ပြား စေ​မည်။ သင်​၏​အ​ဆက်​အ​နွယ်​တို့​သည်​သူ​တို့ ၏​ရန်​သူ​များ​ကို​တိုက်​ခိုက်​အောင်​မြင်​လိမ့် မည်။-


ယာ​ကုပ်​၏​ချွေး​မ​များ​မှ​အ​ပ​အီ​ဂျစ်​ပြည် သို့​သွား​ရောက်​သော​ယာ​ကုပ်​၏​သွေး​ရင်း​သား ရင်း​စု​စု​ပေါင်း​မှာ​ခြောက်​ဆယ့်​ခြောက်​ယောက် ရှိ​သ​တည်း။-


အီ​ဂျစ်​ပြည်​တွင်​ယော​သပ်​၌​သား​နှစ်​ယောက် ဖွား​မြင်​၏။ သို့​ဖြစ်​၍​အီ​ဂျစ်​ပြည်​သို့​သွား ရောက်​သော ယာ​ကုပ်​၏​မိ​သား​စု​ဦး​ရေ​မှာ လူ​ပေါင်း​ခု​နစ်​ဆယ်​ယောက်​ဖြစ်​သ​တည်း။


ကိုယ်​တော်​သည်​သူ​တို့​အား ကောင်း​ကင်​ကြယ်​များ​ကဲ့​သို့​များ​ပြား​သည့် သား​သ​မီး​များ​ကို​ပေး​သ​နား​တော်​မူ​ပါ​၏။ ထို​နောက်​သူ​တို့​ဘိုး​ဘေး​များ​အား ကိုယ်​တော်​က​တိ​ထား​တော်​မူ​သော​ပြည်​တော်​ကို သိမ်း​ပိုက်​စေ​ကာ​ထို​ပြည်​တွင်​နေ​ထိုင်​စေ​တော် မူ​ပါ​၏။


ဤ​သူ​တို့​သည်​ယာ​ကုပ်​မှ​တိုက်​ရိုက်​ဆင်း​သက်​၍ ဦး​ရေ​အား​ဖြင့်​စု​စု​ပေါင်း​ခု​နစ်​ဆယ်​ရှိ​သ​တည်း။ ယော​သပ်​သည်​အီ​ဂျစ်​ပြည်​သို့​ရောက်​နှင့်​ပြီး​ဖြစ်​၏။-


ဣ​သ​ရေ​လ​အ​မျိုး​သား​ယောကျာ်း​ဦး​ရေ​မှာ ခြောက်​သိန်း​တစ်​ထောင့်​ခု​နစ်​ရာ့​သုံး​ဆယ်​ယောက် ဖြစ်​သ​တည်း။


လေ​ဝိ​အ​နွယ်​တွင်​တစ်​လ​သား​အ​ရွယ်​နှင့် အ​ထက်​ရှိ သော​ယောကျာ်း​ဦး​ရေ​မှာ​နှစ်​သောင်း သုံး​ထောင်​ယောက်​ဖြစ်​သည်။ သူ​တို့​သည်​ဣ​သ ရေ​လ​နိုင်​ငံ​တွင်​နယ်​မြေ​ခွဲ​ဝေ​ပေး​ခြင်း​မ​ခံ ရ​သ​ဖြင့် အ​ခြား​သော​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ဦး​ရေ​စာ​ရင်း​၌​မ​ပါ​ဝင်​ဘဲ​သီး ခြား​စာ​ရင်း​ဖြင့်​ဖော်​ပြ​ထား​သည်။


ယော​သပ်​သည်​ဖ​ခင်​ယာ​ကုပ်​နှင့်​တ​ကွ​စု​စု ပေါင်း ခု​နစ်​ဆယ့်​ငါး​ယောက်​သော​ဆွေ​မျိုး​သား ချင်း​တို့​ကို အီ​ဂျစ်​ပြည်​သို့​ဖိတ်​ခေါ်​လေ​သည်။-


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် မိုး​ကောင်း​ကင်​ရှိ​ကြယ်​များ​နှင့်​အ​မျှ​သင်​တို့ ကို​များ​ပြား​စေ​တော်​မူ​ပြီ။-


သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည် သင်​တို့​အား​အ​ဆ​ပေါင်း​တစ်​ထောင် တိုး​ပွား​များ​ပြား​ပါ​စေ​သော။ က​တိ​တော်​ရှိ သည့်​အ​တိုင်း​ကောင်း​ချီး​ပေး​တော်​မူ​ပါ​စေ သော။-


ထို​နောက်​သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​ရှေ့ တော်​တွင်`အ​ကျွန်ုပ်​၏​ဘိုး​ဘေး​သည် အိုး​အိမ် အ​တည်​တ​ကျ​မ​ရှိ​သော​အာ​ရေ​မီ​ယန် အ​မျိုး​သား​ဖြစ်​ပါ​သည်။ သူ​သည်​သူ​၏ မိ​သား​စု​ကို​ခေါ်​၍ အီ​ဂျစ်​ပြည်​သို့​သွား ရောက်​နေ​ထိုင်​ခဲ့​ပါ​သည်။ ထို​ပြည်​သို့​ရောက် စဉ်​က​သူ​တို့​၏​ဦး​ရေ​အ​နည်း​ငယ်​မျှ သာ​ရှိ​သော်​လည်း နောင်​တွင်​လူ​ဦး​ရေ​များ ၍​အင်​အား​ကြီး​သော​လူ​မျိုး​ဖြစ်​လာ ပါ​သည်။-


သင်​တို့​သည်​မိုး​ကောင်း​ကင်​ရှိ​ကြယ်​များ ကဲ့​သို့ အ​ရေ​အ​တွက်​များ​ပြား​ကြ​သော် လည်း ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​၏ အ​မိန့်​တော်​ကို​မ​နာ​ခံ​သော​ကြောင့် လူ နည်း​စု​မျှ​လောက်​သာ​အ​သက်​ရှင်​၍​ကြွင်း ကျန်​လိမ့်​မည်။-


အာ​ဗြ​ဟံ​သည်​သူ​သေ​နှင့်​မ​ထူး​ခြား သော်​လည်း သူ​တစ်​ယောက်​မှ​ပေါက်​ဖွား​လာ သော​သား​မြေး​များ​မှာ​ကောင်း​ကင်​ကြယ် များ​ကဲ့​သို့​လည်း​ကောင်း၊ မ​ရေ​မ​တွက်​နိုင် သော​ပင်​လယ်​ကမ်း​ခြေ​သဲ​လုံး​များ​ကဲ့​သို့ လည်း​ကောင်း​များ​ပြား​သ​တည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ