အီဂျစ်ပြည်၌စပါးရှိကြောင်းငါကြားရသည်။ ငါတို့အစာငတ်၍မသေကြစေရန်သင်တို့ ထိုပြည်သို့သွား၍စပါးဝယ်ကြလော့'' ဟု စေခိုင်းလေ၏။-
ကမ္ဘာဦး 43:8 - Common Language Bible ယုဒကအဖအား``သူငယ်ကိုကျွန်တော်နှင့် အတူထည့်လိုက်ပါ။ ယခုပင်ခရီးစထွက် ကြပါမည်။ သို့မှသာကျွန်တော်တို့အားလုံး အစာမငတ်ဘဲအသက်ချမ်းသာရာရ ကြပါမည်။- Garrad Bible ယု ဒ က လည်း အ ဘ မှ စ၍ ကျွန် တော် တို့ နှင့် သား ငယ် များ တို့ မ သေ၊ အ သက် ရှင် ကြ စေ ရန်။ ကျွန် တော် နှင့် အ တူ ထို သူ ငယ် ကို ထည့် လျှင် ထွက် သွား ကြ ပါ မည်။ Judson Bible ယုဒကလည်း၊ သူငယ်ကို ကျွန်ုပ်နှင့်အတူလွှတ်ပါ။ သို့ပြုလျှင် အဘမှစ၍ ကျွန်ုပ်တို့နှင့် သူငယ်များတို့သည်မသေ၊ အသက်ရှင်မည်အကြောင်း၊ ကျွန်ုပ်တို့ထ၍ သွားကြပါမည်။ မြန်မာ့စံမီသမ္မာကျမ်း ယုဒကလည်း မိမိ၏ဖခင်အစ္စရေးအား “အဖေမှစ၍ အကျွန်ုပ်တို့နှင့် အကျွန်ုပ်တို့၏ကလေးတို့သည် မသေဘဲ အသက်ရှင်မည့်အကြောင်း သူငယ်ကို အကျွန်ုပ်နှင့်အတူလွှတ်ပါလော့။ အကျွန်ုပ်တို့သည်ထ၍ သွားကြပါမည်။ |
အီဂျစ်ပြည်၌စပါးရှိကြောင်းငါကြားရသည်။ ငါတို့အစာငတ်၍မသေကြစေရန်သင်တို့ ထိုပြည်သို့သွား၍စပါးဝယ်ကြလော့'' ဟု စေခိုင်းလေ၏။-
သို့ရာတွင်ယာကုပ်က``ငါ့သားကိုသင်တို့နှင့် အတူမလွှတ်နိုင်။ သူ၏အစ်ကိုသေဆုံးပြီဖြစ် ၍သူတစ်ယောက်တည်းကျန်ရစ်သည်။ ငါသည် အသက်အရွယ်အိုမင်းပါပြီ။ အကယ်၍ခရီး လမ်းတွင်သူသည်ဘေးဥပဒ်နှင့်တွေ့ကြုံရ သော် ငါသည်ဝမ်းနည်းကြေကွဲလျက်သေ ရပါမည်'' ဟုဆိုလေ၏။
ကျွန်တော်တို့ကအသက်အရွယ်အိုမင်းသော ဖခင်ရှိပါသည်။ ဖခင်အသက်ကြီးမှရသော ညီတစ်ယောက်လည်းရှိပါသေးသည်။ ထိုသူငယ် ၏အစ်ကိုအရင်းသေဆုံးပြီဖြစ်သောကြောင့် သူ၏မိခင်ဖွားသည့်သားများအနက်ဤ သားတစ်ယောက်တည်းသာကျန်ရှိပါသည်။ သူ၏ဖခင်ကသူ့အားအလွန်ချစ်ပါသည်' ဟုပြောကြားခဲ့ပါသည်။-
ကျွန်တော်တို့က`ကျွန်တော်တို့မသွားပါရစေနှင့်။ ကျွန်တော်တို့၏ညီအငယ်ဆုံးမလိုက်ပါခဲ့လျှင် ဘုရင်ခံထံသို့ဝင်ရမည်မဟုတ်ပါ။ ကျွန်တော် တို့၏ညီအငယ်ဆုံးလိုက်ပါမည်ဆိုလျှင် ကျွန်တော်တို့သွားပါမည်' ဟုဖခင်အားပြန် ပြောပါသည်။-
သူတို့၏သားမယားများကိုတင်ဆောင်လာရန် အတွက် အီဂျစ်ပြည်မှလှည်းများကိုလည်းယူ သွားကြပါစေ။-
မစိုးရိမ်ကြပါနှင့်။ ကျွန်ုပ်သည်သင်တို့နှင့် သင်တို့၏သားသမီးများအားကြည့်ရှုစောင့် ရှောက်ထားပါမည်'' ဟုဆိုလေ၏။ ဤနည်းအား ဖြင့်ယောသပ်သည်ညီအစ်ကိုတို့အားနှစ်သိမ့် စကားပြော၍စိတ်ချမ်းသာရာရစေလေ၏။
ယောသပ်၏မိသားစု၊ သူ၏ညီအစ်ကိုများ နှင့်သူ၏ဆွေမျိုးသားချင်းအပေါင်းတို့သည် လည်း သူနှင့်အတူလိုက်ပါလာခဲ့ကြ၏။ သူ တို့၏ကလေးငယ်များ၊ သိုး၊ ဆိတ်နှင့်နွား အုပ်များသာလျှင်ဂေါရှင်အရပ်တွင်ကျန် ရစ်ခဲ့ကြ၏။-
အမတ်တစ်ဦးက``ဤမြို့ရှိလူတို့သည်သေ ဆုံးသွားကြသူတို့နည်းတူသေရကြမည် ဖြစ်ပါသည်။ သို့ဖြစ်၍အဖြစ်မှန်ကိုသိရှိ နိုင်ရန် အကျွန်ုပ်တို့တွင်ကျန်ရှိနေသေးသော မြင်းငါးကောင်နှင့်လူအချို့ကိုစေလွှတ် တော်မူပါ'' ဟုလျှောက်၏။-
မြို့ထဲသို့ဝင်လျှင်ငါတို့အစာငတ်၍သေရ မည်။ ဤအရပ်တွင်နေလျှင်လည်းသေရကြမည်။ ထို့ကြောင့်ရှုရိတပ်စခန်းသို့ငါတို့သွားကြ ကုန်အံ့။ သူတို့ထားလျှင်ရှင်ရမည်။ သတ်လျှင် သေရမည်'' ဟုအချင်းချင်းပြောဆိုကြ၏။-
ဘုရားသခင်သည်ငါတို့ခရီးပြုရာတွင် ရှေ့ဆောင်လမ်းပြတော်မူ၍ငါတို့နှင့်တကွ သားသမီးများနှင့်ပစ္စည်းဥစ္စာများကိုကာကွယ် စောင့်ရှောက်တော်မူစိမ့်သောငှာ ငါတို့ရှိသမျှ သည်ကိုယ်တော်၏ရှေ့တော်၌စိတ်နှလုံးနှိမ့်ချ လျက် အစာရှောင်ကြရန်ထိုအဟာဝတူး မြောင်းအနီးတွင် ငါအမိန့်ထုတ်ပြန်ခဲ့၏။-
ငါသည်မသေသေးဘဲအသက်ရှင်၍ထာဝရ ဘုရား ပြုတော်မူသောအမှုတော်ကိုဖော်ပြမည်။
``သင်၏ဘုရားသခင်ထာဝရဘုရားပေး တော်မူမည့်ပြည်တွင် အသက်ရှည်စွာနေထိုင် နိုင်ရန်သင်၏မိဘကိုရိုသေလော့။
သင်တို့၏သားသမီးများကိုရန်သူဖမ်းသွား လိမ့်မည်ဟုသင်တို့ဆိုကြ၏။ သို့ရာတွင်ငါ သည်သင်တို့မသွားလိုသောပြည်သို့သင်တို့ ၏ကလေးများကိုပို့ဆောင်သဖြင့် သူတို့ သည်ထိုပြည်တွင်နေထိုင်ရလိမ့်မည်။-
ထို့နောက်မောရှေကရုဗင်အနွယ်ကို ရည်သန်၍ ဤသို့ဖွဲ့ဆိုလေသည်။ ``ရုဗင်အနွယ်သည်လူအင်အားနည်းသော်လည်း အမျိုးမတိမ်ကောပါစေနှင့်၊''