ကမ္ဘာဦး 50:21 - Common Language Bible21 မစိုးရိမ်ကြပါနှင့်။ ကျွန်ုပ်သည်သင်တို့နှင့် သင်တို့၏သားသမီးများအားကြည့်ရှုစောင့် ရှောက်ထားပါမည်'' ဟုဆိုလေ၏။ ဤနည်းအား ဖြင့်ယောသပ်သည်ညီအစ်ကိုတို့အားနှစ်သိမ့် စကားပြော၍စိတ်ချမ်းသာရာရစေလေ၏။ အခန်းကိုကြည့်ပါ။Garrad Bible21 အစ် ကို တို့ နှင့် သူ ငယ် များ ကို ကျွေး မွေး ပါ မည် ဟု ဆို လျက် သူ တို့ အား နှစ် သိမ့် စေ၍ မေ တ္တာ စ ကား ကို ပြော ၏။ အခန်းကိုကြည့်ပါ။Judson Bible21 ထိုကြောင့်၊ မစိုးရိမ်ကြနှင့်။ သင်တို့နှင့် သူငယ်များကို ကျွန်ုပ်ကျွေးမွေးမည်ဟုဆိုလျက်၊ သူတို့ကိုနှစ်သိမ့်စေ၍ မေတ္တာစကားကိုပြောလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 သို့ဖြစ်၍ မကြောက်ကြနှင့်။ သင်တို့နှင့်သင်တို့၏ကလေးများကို အကျွန်ုပ်ကျွေးမွေးမည်”ဟု ဆိုလျက် သူတို့အားနှစ်သိမ့်၍ ကြင်နာစွာစကားပြောလေ၏။ အခန်းကိုကြည့်ပါ။ |
အဆိုးကိုအဆိုးအားဖြင့်လည်းကောင်း၊ ကျိန် ဆဲခြင်းကိုကျိန်ဆဲခြင်းအားဖြင့်လည်းကောင်း တုံ့ပြန်ခြင်းမပြုကြနှင့်။ ယင်းသို့ပြုမည့် အစားကောင်းချီးပေးကြလော့။ အဘယ်ကြောင့် ဆိုသော် ဘုရားသခင်ကတိထားတော်မူသည့် ကောင်းချီးမင်္ဂလာကိုခံစားစေရန် သင်တို့ အားကိုယ်တော်ခေါ်ယူရွေးကောက်တော်မူခဲ့ သောကြောင့်တည်း။-
ယေရုရှလင်မြို့သူမြို့သားတို့ကို အားပေးကြလော့။ သူတို့သည်ကြာမြင့်စွာဆင်းရဲဒုက္ခ ရောက်ခဲ့ကြသဖြင့်၊ သူတို့၏အပြစ်များကိုယခု ငါဖြေလွှတ်တော်မူပြီဖြစ်ကြောင်း၊ သူတို့အားကြားပြောကြလော့။ ငါသည်သူတို့အားမိမိတို့အပြစ်များ အတွက် အပြစ်ဒဏ်အပြည့်အဝခတ်ခဲ့လေပြီ'' ဟု မိန့်တော်မူ၏။
ထိုအခါလင်ဖြစ်သူသည်သူ့အားချော့မော့၍ မိမိထံပြန်လာရန်ကြိုးစားမည်ဟုဆုံးဖြတ် ကာ မိမိနှင့်အတူမြည်းနှစ်ကောင်နှင့်အစေခံ ကိုပါခေါ်၍သွား၏။ သူငယ်မသည်လေဝိ အမျိုးသားအားအိမ်ထဲသို့ဝင်ရန်ဖိတ်ခေါ် လိုက်ရာဖခင်ဖြစ်သူသည် သူ့ကိုမြင်လျှင် ဝမ်းမြောက်စွာကြိုဆိုလက်ခံလေသည်။-