Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 44:20 - Common Language Bible

20 ကျွန်​တော်​တို့​က​အ​သက်​အ​ရွယ်​အို​မင်း​သော ဖ​ခင်​ရှိ​ပါ​သည်။ ဖ​ခင်​အ​သက်​ကြီး​မှ​ရ​သော ညီ​တစ်​ယောက်​လည်း​ရှိ​ပါ​သေး​သည်။ ထို​သူ​ငယ် ၏​အစ်​ကို​အ​ရင်း​သေ​ဆုံး​ပြီ​ဖြစ်​သော​ကြောင့် သူ​၏​မိ​ခင်​ဖွား​သည့်​သား​များ​အ​နက်​ဤ သား​တစ်​ယောက်​တည်း​သာ​ကျန်​ရှိ​ပါ​သည်။ သူ​၏​ဖခင်​က​သူ့​အား​အ​လွန်​ချစ်​ပါ​သည်' ဟု​ပြော​ကြား​ခဲ့​ပါ​သည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

20 ကျွန် တော် မျိုး တို့ က၊ အ ဘ အ သက် ကြီး သူ နှင့် အ ဘ အ သက် ကြီး ရင့် မှ ရ သော သား ငယ် ရှိ ပါ၏။ တစ် မိ တည်း ဖွား အစ် ကို သေ၍ တစ် ယောက် တည်း ကျန် ရစ် သည် နှင့် အ ဘ ချစ် ခင် ပါ သည် ဟု ပြန် လျှောက် ကြ သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

20 ကျွန်​တော်​တို့​က၊ ကျွန်​တော်​တို့​အ​ဘ အ​သက်​ကြီး​သော​သူ​ရှိ​ပါ၏။ အ​ဘ​အ​သက်​ကြီး​စဉ်​အ​ခါ​ရ​သော သား​ငယ်​တစ်​ယောက်​ရှိ​ပါ၏။ သူ၏​အစ်​ကို​သေ​ပါ​ပြီ။ သူ့​အ​မိ​ဖွား​သော​သား​တို့​တွင် သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​ပါ၏။ ထို​ကြောင့် သူ၏​အ​ဘ​သည်​သူ့​ကို​ချစ်​ပါ၏​ဟု သ​ခင်​အား ပြန်​လျှောက်​လေ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

20 အကျွန်ုပ်​တို့​က​လည်း သခင့်​အား ‘​အကျွန်ုပ်​တို့​၌ အသက်ကြီး​ပြီ​ဖြစ်​သော​ဖခင်​နှင့် ဖခင်​အသက်ကြီး​မှ​ရ​သော​သား​အငယ်ဆုံး​တစ်​ယောက်​ရှိ​ပါ​၏​။ သူ​၏​အစ်ကို​ကား သေဆုံး​သွား​ပါ​ပြီ​။ သူ့​မိခင်​ဖွား​သော​သား​တွင် သူ​တစ်ယောက်တည်း​ကျန်​ပါ​၏​။ သူ့​ဖခင်​သည် သူ့​ကို​ချစ်​ပါ​၏​’​ဟု ဖြေကြား​ခဲ့​ပါ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 44:20
12 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင်​သူ​သည်​သေ​အံ့​ဆဲ​ဆဲ​အ​ချိန်​တွင် ထို​သား​ကို​ဗေ​နော​နိ​ဟူ​၍​နာ​မည်​မှည့်​လေ သည်။ ဖ​ခင်​က​မူ​ထို​သား​ကို​ဗင်္ယာ​မိန်​ဟု​နာ မည်​မှည့်​လေ​၏။


သူ​တို့​က``အိပ်​မက်​ဆ​ရာ​လာ​နေ​ပြီ။-


ယာ​ကုပ်​သည်​အ​သက်​အ​ရွယ်​ကြီး​မှ​ယော​သပ် ကို​ရ​ခြင်း​ကြောင့်​အ​ခြား​သား​များ​ထက်​သူ့ အား​ပို​၍​ချစ်​၏။ သူ​သည်​ယော​သပ်​အ​တွက် ထူး​ခြား​စွာ​တန်​ဆာ​ဆင်​ထား​သော​ဝတ်​ရုံ ကို​ချုပ်​ပေး​၏။-


ထို​အ​ခါ​သူ​တို့​က``ကိုယ်​တော်​၏​ကျွန်​တို့​သည် ခါ​နာန်​ပြည်​၌​နေ​ထိုင်​သော​တစ်​ယောက်​တည်း သော​သူ​၏ သား​တစ်​ကျိပ်​နှစ်​ယောက်​ဖြစ်​ကြ​ပါ သည်။ ညီ​တစ်​ယောက်​သေ​ဆုံး​၍​ညီ​အ​ငယ်​ဆုံး သည် ယ​ခု​ဖ​ခင်​နှင့်​အ​တူ​ကျန်​ရစ်​ခဲ့​ပါ​သည်'' ဟု​လျှောက်​ကြ​၏။


သူ​တို့​အ​ဖ​က``သင်​တို့​သည်​ငါ့​သား​များ​ကို တစ်​ယောက်​ပြီး​တစ်​ယောက်​ဆုံး​ပါး​စေ​တော့ မည်​လော။ ယော​သပ်​လည်း​မ​ရှိ။ ရှိ​မောင်​လည်း မ​ရှိ။ ယ​ခု​ဗင်္ယာ​မိန်​ကို​ခေါ်​ဆောင်​သွား​ကြ ဦး​မည်​လော။ ငါ​၌​အ​တိ​ဒုက္ခ​ရောက်​ရ​ပါ သည်​တ​ကား'' ဟု​ဆို​လေ​၏။


သို့​ရာ​တွင်​ယာ​ကုပ်​က``ငါ့​သား​ကို​သင်​တို့​နှင့် အ​တူ​မ​လွှတ်​နိုင်။ သူ​၏​အစ်ကို​သေ​ဆုံး​ပြီ​ဖြစ် ၍​သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​သည်။ ငါ​သည် အ​သက်​အ​ရွယ်​အို​မင်း​ပါ​ပြီ။ အ​ကယ်​၍​ခ​ရီး လမ်း​တွင်​သူ​သည်​ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ သော် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ ရ​ပါ​မည်'' ဟု​ဆို​လေ​၏။


ဗင်္ယာ​မိန်​၏​သား​များ​ဖြစ်​ကြ​သော​ဗေ​လ၊ ဗေ​ခါ၊ အာ​ရှာ​ဗေ​လ၊ ဂေ​ရ၊ နေ​မန်၊ ဧ​ဟိ၊ ရော​ရှ၊ မု​ပိမ်၊ ဟု​ပိမ်၊ အာ​ရ​ဒ။-


ယု​ဒ၊သင့်​ညီ​အစ်​ကို​တို့​က​သင့်​အား ချီး​ကူး ထော​မ​နာ​ပြု​ကြ​လိမ့်​မည်။ သင်​သည်​ရန်​သူ​တို့​၏​လည်​မျို​ကို​ချုပ်​ကိုင် ထား​၏။ သင်​၏​ညီ​အစ်​ကို​တို့​က​သင့်​အား​ဦး​ညွှတ် ရ​မည်။


မြို့​တံ​ခါး​အ​နီး​သို့​ကိုယ်​တော်​ရောက်​ချိန်​၌ လူ​တို့ သည်​မု​ဆိုး​မ​တစ်​ယောက်​၏​တစ်​ဦး​တည်း​သော သား​၏​အ​လောင်း​ကို​သင်္ဂြိုဟ်​ရန် မြို့​ပြင်​သို့​ထုတ် ဆောင်​လာ​ကြ​၏။ ထို​မု​ဆိုး​မ​နှင့်​အ​တူ​မြို့​သူ မြို့​သား​တို့​သည်​လိုက်​ပို့​ကြ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ