Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ကမ္ဘာ​ဦး 42:38 - Common Language Bible

38 သို့​ရာ​တွင်​ယာ​ကုပ်​က``ငါ့​သား​ကို​သင်​တို့​နှင့် အ​တူ​မ​လွှတ်​နိုင်။ သူ​၏​အစ်ကို​သေ​ဆုံး​ပြီ​ဖြစ် ၍​သူ​တစ်​ယောက်​တည်း​ကျန်​ရစ်​သည်။ ငါ​သည် အ​သက်​အ​ရွယ်​အို​မင်း​ပါ​ပြီ။ အ​ကယ်​၍​ခ​ရီး လမ်း​တွင်​သူ​သည်​ဘေး​ဥ​ပဒ်​နှင့်​တွေ့​ကြုံ​ရ သော် ငါ​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက်​သေ ရ​ပါ​မည်'' ဟု​ဆို​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

38 အ ဘ က လည်း၊ သင် တို့ နှင့် ငါ့ သား မ သွား ရ။ အစ် ကို သေ၍ သူ တစ် ယောက် တည်း ကျန် ရစ်၏။ သွား ကြ ရ မည့် လမ်း တွင် သူ၌ ဘေး သင့် လျှင် သင် တို့ သည် ဆံ ဖြူ အို မင်း သူ ငါ့ ကို ပူ ဆွေး ခြင်း ဖြင့် မ ရ ဏာ့ နိုင် ငံ သို့ ဆင်း သက် စေ ကြ လိမ့် မည် ဟု ဆို လေ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

38 အ​ဘ​က​လည်း၊ သင်​တို့​နှင့်​အ​တူ​ငါ့​သား​မ​သွား​ရ။ သူ၏​အစ်​ကို​သေ​ပြီ။ သူ​သည် တစ်​ယောက်​တည်း​ကျန်​ရစ်၏။ သင်​တို့​သွား​ရာ​လမ်း​ခ​ရီး​တွင် သူ၌​ဘေး​ရောက်​လျှင်၊ သင်​တို့​သည် ငါ့​ဆံ​ပင်​ဖြူ​ကို ဝမ်း​နည်း​ခြင်း​နှင့်​တ​ကွ မ​ရ​ဏနိုင်​ငံ​သို့ သက်​ရောက်​စေ​ကြ​လိမ့်​မည်​ဟု ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

38 သို့သော် ယာကုပ်​က “​ငါ့​သား​သည် သင်​တို့​နှင့်အတူ​မ​သွား​ရ​။ အကြောင်းမူကား သူ​၏​အစ်ကို​သေ​ပြီ​။ သူ​တစ်ယောက်တည်း​ကျန်​၏​။ အကယ်၍ သင်​တို့​သွား​မည့်​လမ်းခရီး​၌ သူ့​အပေါ်​အန္တရာယ်​ကျရောက်​မည်​ဆို​လျှင် သင်​တို့​သည် ဆံပင်ဖြူသူ​ငါ့​ကို ဝမ်းနည်း​စွာ​ဖြင့်​မရဏာနိုင်ငံ​သို့ ဆင်းသွား​စေ​ရာ​ရောက်​လိမ့်မည်​”​ဟု ဆို​လေ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ကမ္ဘာ​ဦး 42:38
20 ပူးပေါင်းရင်းမြစ်များ  

သူ​၏​သား​သ​မီး​အား​လုံး​တို့​က​သူ့​အား​နှစ် သိမ့်​ကြ​သော်​လည်း​ပူ​ဆွေး​ခြင်း​မ​ပြေ​နိုင်​ချေ။ သူ​က``ငါ​သည်​သေ​သည်​အ​ထိ​ငါ့​သား​အ​တွက် ဝမ်း​နည်း​ပူ​ဆွေး​ရ​တော့​မည်'' ဟု​ဆို​လေ​၏။ ထို့ ကြောင့်​သူ​သည်​သား​ယော​သပ်​အ​တွက်​ဆက် လက်​၍​ငို​ကြွေး​မြည်​တမ်း​လျက်​ရှိ​နေ​လေ​၏။-


ယာ​ကုပ်​သည်​ယော​သပ်​၏​ညီ​ရင်း​ဗင်္ယာ​မိန်​ကို ကား ဘေး​ရောက်​မည်​စိုး​ရိမ်​သော​ကြောင့်​အစ်​ကို များ​နှင့်​အ​တူ​မ​စေ​လွှတ်​ချေ။


ယာ​ကုပ်​သည်​ထို​အင်္ကျီ​ကို​မှတ်​မိ​သ​ဖြင့်``ငါ့ သား​၏​အင်္ကျီ​ပင်​ဖြစ်​သည်။ သား​ရဲ​တစ်​ကောင် ကောင်​က​သူ့​ကို​ကိုက်​သတ်​လေ​ပြီ။ ငါ့​သား​ကို အ​ပိုင်း​ပိုင်း​ကိုက်​ဖြတ်​ပါ​ပြီ​တ​ကား'' ဟု​ဆို လေ​၏။-


ထို​အ​ခါ​သူ​တို့​က``ကိုယ်​တော်​၏​ကျွန်​တို့​သည် ခါ​နာန်​ပြည်​၌​နေ​ထိုင်​သော​တစ်​ယောက်​တည်း သော​သူ​၏ သား​တစ်​ကျိပ်​နှစ်​ယောက်​ဖြစ်​ကြ​ပါ သည်။ ညီ​တစ်​ယောက်​သေ​ဆုံး​၍​ညီ​အ​ငယ်​ဆုံး သည် ယ​ခု​ဖ​ခင်​နှင့်​အ​တူ​ကျန်​ရစ်​ခဲ့​ပါ​သည်'' ဟု​လျှောက်​ကြ​၏။


ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ဖြစ်​၏။ သင်​တို့​အို​မင်း​၍​ဆံ​ပင်​ဖြူ​သည်​တိုင်​အောင်၊ သင်​တို့​အား​ငါ​ကြည့်​ရှု​စောင့်​ရှောက်​ပို့​ဆောင် မည်။ သင်​တို့​အား​ငါ​ကူ​မ​မည်။ ကယ်​တင်​မည်။


ငါ​သည်​သက်​တမ်း​စေ့​နေ​ရ​တော့​မည်​မ​ဟုတ်။ အ​ရွယ်​ကောင်း​ချိန်​၌​ပင်​မ​ရ​ဏ​နိုင်​ငံ​သို့ သွား​ရ​တော့​မည်​ဟု​ငါ​ထင်​မှတ်​ခဲ့​ပါ​၏။


ရှေ့တော်၌ ကောင်းသောသူအား ဥာဏ်ပညာ၊ သိပ္ပံအတတ်နှင့် ဝမ်းမြောက်ခြင်းအခွင့်ကို ပေးတော်မူ၏။ အပြစ်ရှိသောသူအား ပင်ပန်းစွာ အလုပ်လုပ်ရသော အခွင့်ကို၎င်း၊ ဘုရားသခင်၏ရှေ့တော်၌ ကောင်းသော သူ အားပေးစရာဘို့၊ ဆည်ဖူးသိုထားရသောအခွင့်ကို၎င်း ပေးတော်မူ၏။ ထိုအမှုအရာသည်လည်း အနတ္တအမှု၊ လေကိုကျက်စားသော အမှုဖြစ်၏။


နေအောက်မှာ ပြုလေသမျှသော အမှုအရာ တို့ကို ငါမြင်ပြီ။ အလုံးစုံတို့သည် အနတ္တအမှု၊ လေကို ကျက်စားသော အမှုဖြစ်ကြ၏။


ကျွန်​တော်​မျိုး​တို့​သည်​အ​နှစ်​ခု​နစ်​ဆယ်​မျှ​သာ ရှည်​ကြ​ပါ​၏။ အ​ကယ်​၍​အား​အင်​ပြည့်​ဖြိုး​သူ​များ​ဖြစ်​ကြ​ပါ​မူ အ​နှစ်​ရှစ်​ဆယ်​နေ​ကြ​ရ​ပါ​၏။ သို့​ရာ​တွင်​ထို​နှစ်​ကာ​လ​များ​အ​တွင်း ကျွန်​တော်​မျိုး​တို့​သည်​ပူ​ပင်​သော​က​နှင့် ဆင်း​ရဲ​ဒုက္ခ​ကို​သာ​လျှင်​ခံ​စား​ကြ​ရ​ပါ​၏။ မ​ကြာ​မီ​ကွယ်​လွန်​သ​ဖြင့်​ကျွန်​တော်​မျိုး​တို့ ကွယ်​ပျောက်​ကြ​ရ​ပါ​၏။


ယ​ခု​အ​ခါ​၌​ကျွန်​တော်​မျိုး​သည်​အ​သက် ကြီး​၍ ဆံ​ပင်​ဖြူ​လျက်​နေ​ပါ​ပြီ။ အို ကျွန်​တော်​မျိုး​၏​ဘု​ရား၊ ကျွန်​တော်​မျိုး​ကို​စွန့်​ပစ်​တော်​မ​မူ​ပါ​နှင့်။ ကျွန်​တော်​မျိုး​သည်​နောင်​လာ​လတ္တံ့​သော သား​စဉ်​မြေး​ဆက်​အ​ပေါင်း​တို့​အား ကိုယ်​တော်​ရှင်​၏​ဘုန်း​တန်​ခိုး​အာ​နု​ဘော် တော် အ​ကြောင်း​ကို​ထုတ်​ဖော်​ကြေ​ညာ​လျက်​ရှိ​နေ​စဉ် ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော်​မူ​ပါ။


သင်​သည်​မိ​မိ​ပြု​ရ​မည့်​အ​မှု​ကို​သိ​ပေ​သည်။ သူ့​အား​သ​ဘာ​ဝ​အ​လျောက်​မ​သေ​စေ​နှင့်။


ကျွန်​တော်​တို့​က​အ​သက်​အ​ရွယ်​အို​မင်း​သော ဖ​ခင်​ရှိ​ပါ​သည်။ ဖ​ခင်​အ​သက်​ကြီး​မှ​ရ​သော ညီ​တစ်​ယောက်​လည်း​ရှိ​ပါ​သေး​သည်။ ထို​သူ​ငယ် ၏​အစ်​ကို​အ​ရင်း​သေ​ဆုံး​ပြီ​ဖြစ်​သော​ကြောင့် သူ​၏​မိ​ခင်​ဖွား​သည့်​သား​များ​အ​နက်​ဤ သား​တစ်​ယောက်​တည်း​သာ​ကျန်​ရှိ​ပါ​သည်။ သူ​၏​ဖခင်​က​သူ့​အား​အ​လွန်​ချစ်​ပါ​သည်' ဟု​ပြော​ကြား​ခဲ့​ပါ​သည်။-


ယာ​ကုပ်​သည်​ဝမ်း​နည်း​ကြေ​ကွဲ​သ​ဖြင့် မိ​မိ​၏ အ​ဝတ်​အင်္ကျီ​ကို​ဆုတ်​ဖြဲ​၍​လျှော်တေ​အ​ဝတ်​ကို ဝတ်​လေ​၏။ သူ​သည်​သား​အ​တွက်​ကာ​လ​အ​တန် ကြာ​မျှ​ပူ​ဆွေး​တမ်း​တ​လျက်​နေ​လေ​၏။-


ထို​အ​ခါ​ရု​ဗင်​က​အ​ဖ​အား``ဗင်္ယာ​မိန်​ကို အ​ဖ​ထံ​သို့​ကျွန်​တော်​ပြန်​၍​မ​ခေါ်​နိုင်​ခဲ့ လျှင် ကျွန်​တော်​၏​သား​နှစ်​ယောက်​သေ​ဒဏ်​ခံ ရ​ပါ​စေ။ သူ့​အ​တွက်​ကျွန်​တော်​တာ​ဝန်​ယူ ပါ​မည်။ အဖ​ထံ​သို့​သူ့​ကို​ကျွန်​တော်​အ​ရောက် ပြန်​လည်​ခေါ်​ဆောင်​ခဲ့​ပါ​မည်'' ဟု​ပြော​လေ​၏။


သင်​တို့​ညီ​ကို​ခေါ်​ဆောင်​လျက်​ထို​သူ​ထံ​သို့ သွား​ကြ​လော့။-


ကျွန်​တော်​တို့​က`သူ​ငယ်​သည်​အ​ဖ​နှင့်​မ​ခွဲ​နိုင် ပါ။ အ​ဖ​နှင့်​ခွဲ​ခွာ​ခဲ့​လျှင်​အ​ဖ​သေ​ပါ​လိမ့် မည်' ဟု​ပြော​ပါ​သည်။-


သူလွန်သွားသောလမ်းသည် ထွန်းတောက် သဖြင့်၊ ပင်လယ်သည် ဆံပင်ဖြူယောင်ဆောင်တတ်၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ