Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




၄ ရာ 7:4 - Common Language Bible

4 မြို့​ထဲ​သို့​ဝင်​လျှင်​ငါ​တို့​အ​စာ​ငတ်​၍​သေ​ရ မည်။ ဤ​အ​ရပ်​တွင်​နေ​လျှင်​လည်း​သေ​ရ​ကြ​မည်။ ထို့​ကြောင့်​ရှု​ရိ​တပ်​စ​ခန်း​သို့​ငါ​တို့​သွား​ကြ ကုန်​အံ့။ သူ​တို့​ထား​လျှင်​ရှင်​ရ​မည်။ သတ်​လျှင် သေ​ရ​မည်'' ဟု​အ​ချင်း​ချင်း​ပြော​ဆို​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ဤ အ ရပ်၌ ထိုင် နေ လျှင် သေ တော့ မည်။ မြို့ တွင်း ဝန် ပြန် က မွတ် သိပ် သည့် အ တွက် သေ ရ မည်။ ထို ကြောင့် ရှု ရိ တပ် တွင်း သို့ ဝင် ကြ ကုန် အံ့။ ထား လျှင် ရှင် ရ မည်။ သတ် လျှင် သေ ရ မည် ဟု အ ချင်း ချင်း တိုင် ပင် ပြီး လျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 မြို့​ထဲ​သို့​ဝင်​လျှင် အ​စာ​ခေါင်း​ပါး​သော​ကြောင့် သေ​ရ​မည်။ ဤ​အ​ရပ်၌ ထိုင်​လျက်​နေ​လျှင်​လည်း သေ​ရ​မည်။ သို့​ဖြစ်၍ ရှု​ရိ​တပ်​သို့ ဝင်​စား​ကြ​ကုန်​အံ့။ သူ​တို့​သည် အ​သက်​ရှင်​စေ​လျှင် ရှင်​ရ​မည်။ သတ်​လျှင်​သေ​ရ​မည်​ဟု တိုင်​ပင်​ပြီး​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 မြို့​ထဲသို့​ဝင်​မည်​ဆို​လျှင်လည်း မြို့​ထဲမှ​ငတ်မွတ်ခြင်းဘေး​ကြောင့် သေ​ရ​လိမ့်မည်​။ ဤ​နေရာ​မှာ ထိုင်​နေ​လျှင်လည်း သေ​ရ​မည်​။ ထို့ကြောင့် ယခု ဆီးရီးယား​တပ်စခန်း​သို့ သွား​ကြ​စို့​။ သူ​တို့​က အသက်ချမ်းသာ​ပေး​လျှင် ငါ​တို့​အသက်ရှင်​ရ​မည်​။ သူ​တို့​သတ်​လျှင်လည်း ငါ​တို့ သေ​ရ​မည်​”​ဟု အချင်းချင်း​ပြောဆို​ကြ​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ




၄ ရာ 7:4
11 ပူးပေါင်းရင်းမြစ်များ  

ကျွန်​တော်​မ​တို့​အား​လုံး​ပင်​သေ​ရ​ကြ​မည့် သူ​များ​ဖြစ်​ပါ​၏။ ကျွန်​တော်​မ​တို့​သည်​မြေ ပေါ်​သို့​ဖိတ်​ကျ​သွား​သော​ရေ​နှင့်​တူ​ပါ​၏။ ယင်း​ရေ​ကို​နောက်​တစ်​ဖန်​ကျုံး​၍​မ​ယူ​နိုင် တော့​ပါ။ ဘု​ရား​သ​ခင်​ပင်​လျှင်​သေ​သူ​ကို ပြန်​၍​ရှင်​စေ​တော်​မ​မူ​ပါ။ သို့​ရာ​တွင်​ဘု​ရင် သည်​ပြည်​နှင်​ဒဏ်​သင့်​သူ​တစ်​ဦး​ကို​ပြန် လည်​ခေါ်​ယူ​နိုင်​ပါ​၏။-


ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ရှု​ရိ​ဘု​ရင် ဗင်္ဟာ​ဒဒ်​သည် ဣသ​ရေ​လ​ပြည်​သို့​မိ​မိ​၏​တပ်​မ တော်​တစ်​ခု​လုံး​နှင့်​ချီ​တက်​၍​ရှ​မာ​ရိ​မြို့​ကို ဝိုင်း​ရံ​ထား​သ​ဖြင့်၊-


ထို​နောက်​သူ​တို့​သည်​မှောင်​စ​ပြု​ချိန်​၌​ရှု​ရိ​တပ် စ​ခန်း​သို့​သွား​ကြ​၏။ သို့​ရာ​တွင်​ထို​အ​ရပ်​သို့ ရောက်​သော​အ​ခါ လူ​တစ်​စုံ​တစ်​ယောက်​ကို​မျှ မ​တွေ့​ရ​ကြ။-


ဒါ​ဝိဒ်​သည်​ဖိ​လိတ္တိ​အ​မျိုး​သား​များ​နှင့် အ​တူ ရှော​လု​မင်း​ကို​တိုက်​ရန်​စစ်​ချီ​သွား သော​အ​ခါ မ​နာ​ရှေ​အ​နွယ်​ဝင်​စစ်​သူ​ရဲ အ​ချို့​တို့​သည် ဒါ​ဝိဒ်​ဘက်​သို့​ဝင်​ရောက်​လာ ကြ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​ခေါင်း​ဆောင်​တို့ က​ဒါ​ဝိဒ်​သည် မိ​မိ​၏​အ​ရှင်​ဟောင်း​ရှော​လု ဘက်​သို့​ပါ​၍​သူ​တို့​ကို​သစ္စာ​ဖောက်​လိမ့်​မည် ဟု​စိုး​ရိမ်​သ​ဖြင့် သူ့​အား​ဇိ​က​လတ်​မြို့​သို့ ပြန်​လွှတ်​လိုက်​ကြ​၏။ ထို့​ကြောင့်​ဒါ​ဝိဒ်​သည် စင်​စစ်​အား​ဖြင့် ဖိ​လိတ္တိ​အ​မျိုး​သား​တို့ ဘက်​မှ​ကူ​၍​စစ်​မ​တိုက်​ခဲ့​ရ​ပေ။-


``ရှု​ရှန်​မြို့​တွင်​ရှိ​သ​မျှ​သော​ယု​ဒ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ကျွန်​မ​အ​တွက် အ​စာ​ရှောင်​စေ​၍ နေ့​ညဥ့်​မ​ပြတ်​သုံး​ရက် ပတ်​လုံး​မ​စား​မ​သောက်​ဘဲ​နေ​ကြ​ပါ​စေ။ ကျွန်​မ​နှင့်​ကျွန်​မ​၏​အ​ပျို​တော်​တို့​သည် လည်း​အ​စာ​ရှောင်​ကြ​ပါ​မည်။ ထို​နောက်​တ​ရား ဥ​ပ​ဒေ​ကူး​လွန်​၍​သေ​ဒဏ်​ခံ​ရ​စေ​ကာ​မူ မင်း​ကြီး​ထံ​သို့​ကျွန်​မ​ဝင်​ပါ​မည်'' ဟု​ပြန် ကြား​လိုက်​၏။


လယ်​ပြင်​များ​သို့​သွား​သော​အ​ခါ​စစ်​ပွဲ​တွင် ကျ​ဆုံး​သူ​များ​ကို​ငါ​မြင်​ရ​၏။ မြို့​များ​သို့​ဝင်​သော​အ​ခါ​လူ​တို့​အ​စာ​ငတ်​၍ သေ​ကြ​သည်​ကို​မြင်​ရ​၏။ ပ​ရော​ဖက်​များ​နှင့်​ယဇ်​ပု​ရော​ဟိတ်​များ​သည် မိ​မိ​တို့​အ​ဘယ်​သို့​သော​အ​မှု​ကို​ပြု​လျက် နေ​မှန်း​မ​သိ​ဘဲ၊ အ​လုပ်​တာ​ဝန်​များ​ကို​ထမ်း​ဆောင်​နေ​ကြ​၏။''


ဘု​ရား​သ​ခင်​၏​လူ​မျိုး​တော်​က``ငါ​တို့​သည် အ​ဘယ်​ကြောင့်​မ​လှုပ်​မ​ယှက်​ထိုင်​နေ​ကြ​ပါ သ​နည်း။ လာ​ကြ၊ ခံ​တပ်​မြို့​များ​သို့​ပြေး​၍ ငါ​တို့​သေ​ကြ​ကုန်​အံ့။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အား​သေ​ဒဏ် စီ​ရင်​တော်​မူ​ပြီ။ ငါ​တို့​သည်​ကိုယ်​တော်​ကို ပြစ်​မှား​သည်​ဖြစ်​၍ ကိုယ်​တော်​သည်​ငါ​တို့ သောက်​ရန်​အ​ဆိပ်​ပါ​သော​ရေ​ကို​တိုက်​တော် မူ​ပြီ။-


သို့​မှ​သာ​ဘု​ရား​သ​ခင်​၏​စိတ်​တော်​ပြောင်း လဲ​ကောင်း​ပြောင်း​လဲ​လိမ့်​မည်။ အ​မျက်​တော် ပြေ​ကောင်း​ပြေ​လိမ့်​မည်။ ငါ​တို့​သည်​လည်း အ​သက်​ချမ်း​သာ​ရာ​ရ​နိုင်​မည်'' ဟူ​၍​ဖြစ်​၏။


လူ​သည်​တစ်​ကြိမ်​တည်း​သာ​သေ​ရ​၍​ထို့​နောက် ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော်​မူ​ခြင်း ကို​ခံ​ရ​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ