ကမ္ဘာဦး 43:9 - Common Language Bible9 ကျွန်တော်သည်သူငယ်အတွက်အာမခံပါ မည်။ သူ့အတွက်တာဝန်ယူပါမည်။ သူငယ် ကိုအဖထံသို့ဘေးကင်းလုံခြုံစွာပြန်၍ မခေါ်ဆောင်ခဲ့လျှင် ကျွန်တော်သည်တစ်သက် လုံးအပြစ်တင်ခံရပါစေ။- အခန်းကိုကြည့်ပါ။Garrad Bible9 ကျွန် တော် သည် သူ့ အ တွက် အာ မ ခံ ပါ၏။ ကျွန် တော့် လက် တွင် သူ့ ကို တောင်း ပါ။ အ ဘ ထံ ပြန်၍ မ အပ် လျှင် အ ဘ ကို ပြစ် မှား သူ တစ် သက် လုံး ဖြစ် ပါ စေ။ အခန်းကိုကြည့်ပါ။Judson Bible9 ကျွန်ုပ်သည် သူ၏အာမခံဖြစ်ပါမည်။ ကျွန်ုပ်တွင် သူ့ကိုတောင်းပါ။ သူ့ကိုပြန်၍မဆောင်၊ အဘရှေ့မှာမထားလျှင်၊ အစဉ်မပြတ် အပြစ်ကိုခံပါစေ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း9 သူ့အတွက် အကျွန်ုပ်အာမခံပါ၏။ သူ့ကို အကျွန်ုပ်တာဝန်ယူပါမည်။ အကယ်၍ အကျွန်ုပ်သည် သူ့ကိုအဖေ့ထံသို့ ပြန်မခေါ်လာ၊ အဖေ့ထံပြန်မအပ်လျှင် အကျွန်ုပ်သည် အဖေ့၏အပြစ်တင်ခြင်းကို တစ်သက်လုံးခံယူပါမည်။ အခန်းကိုကြည့်ပါ။ |
အကယ်၍ငါကဆိုးယုတ်သူတစ်စုံတစ် ယောက်အားသေရလိမ့်မည်ဟုဆိုလျှင် သင် သည်ထိုသူအသက်မသေစေရန်သူ၏ အပြုအမူပြောင်းလဲဖို့သတိပေးရမည်။ မပေးဘဲနေပါမူသူသည်အပြစ်ကူး လွန်သူအဖြစ်ဖြင့်ပင်သေလိမ့်မည်။ ထို အခါငါသည်ထိုသေဆုံးသူ၏သွေး အတွက်သင့်မှာတာဝန်ရှိစေမည်။-
``သူတော်ကောင်းတစ်ယောက်သည်မကောင်းမှု ကိုပြုလာသဖြင့် ငါသည်သူ့အားအန္တရာယ် ရှိသောအခြေအနေသို့ရောက်စေ၍သူသည် သေရမည်။ ထိုအခါသင်သည်သူ့ကိုသတိ မပေးဘဲနေပါမူ သူသည်မိမိကူးလွန် သည့်အပြစ်အတွက်သေရလိမ့်မည်။ ယခင် ကသူပြုသည့်ကောင်းမှုများကိုငါသတိ ရလိမ့်မည်မဟုတ်။ ထိုအခါထိုသူသေရ သည့်အတွက်သင့်မှာတာဝန်ရှိ၏။-
သိုးတစ်ကောင်ကိုတောသားရဲကကိုက်သတ် လျှင် ကျွန်ုပ်သာလျှင်အမြဲအစားထိုးပေး ပါသည်။ သိုးသေရခြင်းမှာကျွန်ုပ်၏တာဝန် မရှိကြောင်းသက်သေထူရန်ထိုအသေကောင် ကိုသင့်ထံသို့မယူဆောင်ခဲ့ပါ။ နေ့အချိန် ၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေတိရစ္ဆာန်အခိုး ခံရလျှင်သင်သည်ကျွန်ုပ်အားထိုတိရစ္ဆာန် အတွက်အစားပေးလျော်စေ၏။-
သို့ဖြစ်၍အာဗေလမှသည်ဗိမာန်တော် အတွင်းပိုင်းနှင့်ယဇ်ပလ္လင်အကြားမှာ အသတ် ခံခဲ့ရသည့်ပရောဖက်ဇာခရိအထိ၊ ကမ္ဘာ တည်ချိန်မှစ၍အသတ်ခံခဲ့ရသောပရော ဖက်များ၏အသွေးကြောင့် ဤခေတ်လူတို့ သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရကြ လိမ့်မည်။ ထိုအမှုအားလုံးအတွက် ဤခေတ် လူတို့သည်အပြစ်ဒဏ်စီရင်ခြင်းကိုခံရ ကြလိမ့်မည်ဟုငါအမှန်ဆို၏။