သူတို့က``မိုးထိအောင်မြင့်သောရဲတိုက်နှင့် တကွမြို့ကြီးကိုတည်ဆောက်ကြကုန်အံ့။ ဤ နည်းအားဖြင့်ငါတို့သည်ထင်ရှားကျော်ကြား လာ၍ ကမ္ဘာအရပ်ရပ်သို့မကွဲမလွင့်ဘဲရှိ လိမ့်မည်'' ဟုဆိုလေ၏။
ကမ္ဘာဦး 11:3 - Common Language Bible ထိုအခါသူတို့က``လာကြ၊ ခိုင်မာသောအုတ် များကိုဖုတ်ကြကုန်အံ့'' ဟုဆိုကြ၏။ သို့ဖြစ် ၍သူတို့သည် ဆောက်လုပ်ရန်အုတ်နှင့်အုတ်များ ကိုထိန်းထားရန်ကတ္တရာကိုရရှိကြ၏။- Garrad Bible ထို အ ခါ ကျောက် အ စား အုတ် ကို လည်း ကောင်း၊ အင်္ဂ တေ အ စား က တ္တ ရာ စေး ကို လည်း ကောင်း ရ ရှိ သ ဖြင့်၊ Judson Bible သူတို့ကလည်း လာကြ။ အုတ်လုပ်၍ ခိုင်မာစွာဖုတ်ကြကုန်အံ့ဟု၊ တစ်ယောက်ကို တစ်ယောက်ပြောကြ၏။ ထိုသို့ ကျောက်အရာ၌အုတ်ကိုလည်းကောင်း၊ သရွတ်အရာ၌ ရေညှိတစ်မျိုးကိုလည်းကောင်းရပြီးလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း သူတို့က “လာကြ။ အုတ်လုပ်၍ ကောင်းစွာမီးဖုတ်ကြစို့”ဟု အချင်းချင်းပြောဆိုကြ၏။ ထိုသို့ သူတို့သည် ကျောက်အစား အုတ်ကိုရ၍ သရွတ်အစား ကတ္တရာစေးကိုရကြ၏။ |
သူတို့က``မိုးထိအောင်မြင့်သောရဲတိုက်နှင့် တကွမြို့ကြီးကိုတည်ဆောက်ကြကုန်အံ့။ ဤ နည်းအားဖြင့်ငါတို့သည်ထင်ရှားကျော်ကြား လာ၍ ကမ္ဘာအရပ်ရပ်သို့မကွဲမလွင့်ဘဲရှိ လိမ့်မည်'' ဟုဆိုလေ၏။
ဤသို့တည်ဆောက်ခြင်းသည်အစမျှသာ ဖြစ်သည်။ နောင်တွင်သူတို့စိတ်ကူးသမျှကို ပြုလုပ်နိုင်ကြတော့မည်။ ယခုပင်ငါတို့သည် ဆင်းသက်၍ သူတို့အချင်းချင်းနားမလည် စေခြင်းငှာ သူတို့၏ဘာသာစကားကိုကွဲ ပြားရှုပ်ထွေးစေအံ့'' ဟုမိန့်တော်မူ၏။-
ထိုချိုင့်ဝှမ်းတွင်ကတ္တရာတွင်းများပြည့်နှက်လျက် ရှိရာ သောဒုံဘုရင်နှင့်ဂေါမောရဘုရင်တို့သည် စစ်ရေးမလှသဖြင့် ထွက်ပြေးကြသောအခါ ထိုတွင်းများထဲသို့ကျကြကုန်၏။ ကျန်သော ဘုရင်သုံးပါးတို့သည်တောင်များပေါ်သို့ထွက် ပြေးကြလေသည်။-
ထိုမြို့မှလူတို့အားခေါ်ဆောင်ကာ လွှ၊ ပေါက် တူး၊ ပုဆိန်တို့ဖြင့်လုပ်ကိုင်ရသောအလုပ် ကြမ်းကိုလည်းကောင်း၊ အုတ်ဖုတ်သောအလုပ် ကိုလည်းကောင်းလုပ်စေတော်မူ၏။ မင်းကြီး သည်အမ္မုန်ပြည်၏အခြားမြို့များမှလူတို့ ကိုလည်းဤနည်းအတိုင်းပင်လုပ်ကိုင်စေ တော်မူ၏။ ထိုနောက်သူနှင့်သူ၏လူတို့ သည်ယေရုရှလင်မြို့သို့ပြန်သွားကြ၏။
သူတို့သည်ဆိုးညစ်သည့်အမှုများကိုကြံစည် ရာတွင် အချင်းချင်းအားပေးကြ၏။ သူတို့သည်ထောင်ချောက်များထားရန်နေရာကို တိုင်ပင်ပြီးနောက် ``ဤထောင်ချောက်များကိုအဘယ်သူမျှတွေ့မြင် နိုင်လိမ့်မည်မဟုတ်'' ဟုဆိုကြ၏။
ဆောက်လုပ်ရေး၌လည်းကောင်း၊ လယ်ယာလုပ်ငန်း၌လည်းကောင်း မညှာမတာဘဲပင်ပန်းကြီးစွာလုပ်ဆောင်စေကြ၏။
မိခင်သည်သားကိုဆက်လက်၍မဝှက်ထား နိုင်တော့သဖြင့်၊ ကူရိုးများနှင့်ခြင်းတောင်း တစ်လုံးကိုရက်လုပ်၍၊ ကတ္တရာနှင့်သစ်စေး သုတ်ပြီးနောက်၊ ကလေးကိုခြင်းထဲ၌ထည့် ပြီးလျှင်မြစ်ကမ်းစပ်ရှိကိုင်းတောတွင်ချ ထားလေ၏။-
သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။
တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။
``ငါသည်ထိုစပျစ်ဥယျာဉ်ကိုဤသို့ပြုမည်။ ယင်း၏ခြံစည်းရိုးကိုဖယ်ရှားပစ်ပြီးလျှင် အုတ်ရိုးကိုလည်းဖြိုချကာတောတိရစ္ဆာန် များအားစားသောက်နင်းချေစေမည်။-
သို့ရာတွင်သူတို့သည်အရှက်မရှိ။ ငါ၏ အမျက်တော်ကိုလှုံ့ဆော်ကြ၏။ သူတို့သည် မြေသြဇာနတ်ဘုရားတို့ကိုဥယျာဉ်များ တွင်ယဇ်ပူဇော်ကြ၏။ ရုပ်တုကိုးကွယ်ရာ ယဇ်ပလ္လင်များတွင်နံ့သာပေါင်းကိုမီးရှို့ ပူဇော်ကြ၏။-
``အုတ်တိုက်များပြိုကျပြီဖြစ်သော်လည်း ယင်းတို့ကိုငါတို့သည်ဆစ်ကျောက်များဖြင့် အစားထိုးတည်ဆောက်ကြကုန်အံ့။ သဖန်း သားယက်မများကိုခုတ်ဖြတ်ပစ်ကြသော် လည်း၊ ငါတို့သည်ယင်းတို့ကိုအကောင်းဆုံး အာရစ်သား(သစ်ကတိုးသား) ဖြင့်အစားထိုး ကြကုန်အံ့'' ဟုဆိုကြ၏။
မြို့ကိုအဝိုင်းခံနိုင်ရန်ရေများကိုခပ်ထားလော့။ ခံတပ်များကိုအားဖြည့်ထားကြလော့။ အုတ်ဖုတ် ရန်ရွှံ့စေးကိုနင်းနယ်၍အုတ်သွန်းပုံများကို အသင့်ပြုလုပ်လော့။-
ငါတို့သည်တစ်ယောက်ကိုတစ်ယောက်အလေး ဂရုပြုလျက် ကူညီယိုင်းပင်းလျက်မေတ္တာထား လျက်ကျေးဇူးပြုလျက်နေကြကုန်အံ့။-
သင်တို့သည်အပြစ်ဒုစရိုက်၏လှည့်စားမှုကို ခံရကာခေါင်းမမာကြစေရန် ကျမ်းစာတွင် ဖော်ပြသည့်`ယနေ့' ဟူသောစကားရပ်သည် ငါတို့နှင့်ဆိုင်သမျှကာလပတ်လုံးနေ့စဉ် နေ့တိုင်း အချင်းချင်းတစ်ယောက်ကိုတစ် ယောက်ကူညီမစရမည်။-
``ယနေ့သို့မဟုတ်နက်ဖြန်နေ့၌ဤမည်သော မြို့သို့ငါတို့သွား၍တစ်နှစ်မျှနေကြကုန်အံ့။ ထိုမြို့တွင်ကုန်သွယ်၍ငွေအမြောက်အမြားရှာ ကြကုန်အံ့'' ဟုသင်တို့အချို့ပြောဆိုလေ့ရှိ ကြ၏။ သို့ရာတွင်ငါပြောသည်ကိုနားထောင် ကြလော့။-
ချမ်းသာကြွယ်ဝသူတို့၊ ငါ့စကားကိုနားထောင် ကြလော့။ သင်တို့သည်မိမိတို့တွေ့ကြုံရမည့် ဆင်းရဲဒုက္ခများအတွက်ငိုကြွေးမြည်တမ်း ကြလော့။-