ကမ္ဘာဦး 11:7 - Common Language Bible7 ဤသို့တည်ဆောက်ခြင်းသည်အစမျှသာ ဖြစ်သည်။ နောင်တွင်သူတို့စိတ်ကူးသမျှကို ပြုလုပ်နိုင်ကြတော့မည်။ ယခုပင်ငါတို့သည် ဆင်းသက်၍ သူတို့အချင်းချင်းနားမလည် စေခြင်းငှာ သူတို့၏ဘာသာစကားကိုကွဲ ပြားရှုပ်ထွေးစေအံ့'' ဟုမိန့်တော်မူ၏။- အခန်းကိုကြည့်ပါ။Garrad Bible7 လာ ကြ၊ ဆင်း သက် ကြ ကုန် အံ့။ အ ချင်း ချင်း နား မ လည် စေ ခြင်း ငှါ ၎င်း တို့ ဘာ သာ စ ကား ကို ထို အ ရပ် တွင် ပင် ကွဲ ပြား ရှုပ် ထွေး စေ အံ့ ဟု မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible7 လာကြ၊ ဆင်းသက်ကြကုန်အံ့။ သူတို့သည် အချင်းချင်းနားမလည်စေခြင်းငှာ၊ သူတို့စကားကိုရှုတ်ထွေးကြကုန်အံ့ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 လာကြ၊ ငါတို့သည်ဆင်းသွား၍ သူတို့အချင်းချင်းပြောဆိုသောစကားကို သူတို့နားမလည်ကြစေရန် ထိုအရပ်တွင် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေကြစို့”ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထိုသူအပေါင်းတို့သည်ပင်လယ်ကမ်းခြေတစ် လျှောက်နှင့် ကျွန်းများပေါ်တွင်အနှံ့အပြားနေ ထိုင်သူတို့၏ဖခင်များဖြစ်ကြ၏။ ဤလူမျိုး အားလုံးတို့သည်ယာဖက်မှပေါက်ဖွားဆင်း သက်လာသောသားစဉ်မြေးဆက်တို့ဖြစ်၍ လူ အမျိုးမျိုးကွဲပြားလျက်အပြည်ပြည်တို့ ၌နေထိုင်ပြီးလျှင် လူမျိုးစုအလိုက်သီးခြား ဘာသာစကားများကိုပြောဆိုကြ၏။