Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယာ​ကုပ် 4:13 - Common Language Bible

13 ``ယ​နေ့​သို့​မ​ဟုတ်​နက်​ဖြန်​နေ့​၌​ဤ​မည်​သော မြို့​သို့​ငါ​တို့​သွား​၍​တစ်​နှစ်​မျှ​နေ​ကြ​ကုန်​အံ့။ ထို​မြို့​တွင်​ကုန်​သွယ်​၍​ငွေ​အ​မြောက်​အ​မြား​ရှာ ကြ​ကုန်​အံ့'' ဟု​သင်​တို့​အ​ချို့​ပြော​ဆို​လေ့​ရှိ ကြ​၏။ သို့​ရာ​တွင်​ငါ​ပြော​သည်​ကို​နား​ထောင် ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

13-14 နက် ဖြန် မည် သို့ ဖြစ် မည် မ သိ ဘဲ လျက် ယ နေ့ ဖြစ် စေ၊ နက် ဖြန် ဖြစ် စေ၊ ထို ထို မြို့ သို့ သွား၍ တစ် နှစ် နေ ခိုက် အ မြတ် အ စွန်း ရ အောင် ကူး သန်း ရောင်း ဝယ် မည် ဟု ပြော ဆို သူ အ ချင်း တို့၊ သင် တို့ အ သက် ကား မည် သို့ နည်း။ သင် တို့ သည် တစ် ခ ဏ မျှ ထင် ပေါ်၍ ပျောက် လွင့် တတ် သော အ ခိုး အ ငွေ့ သ ဖွယ် ဖြစ် ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

13 ယ​နေ့ နက်​ဖြန် ဤ​မည်​သော​မြို့​သို့ သွား​ကြ​ကုန်​အံ့။ ထို​မြို့၌ တစ်​နှစ်​ပတ်​လုံး​နေ၍ ကုန်​သွယ်​သ​ဖြင့် အ​မြတ်​ရ​အောင် ပြု​ကြ​ကုန်​အံ့​ဟု ဆို​တတ်​သော​သူ​တို့၊ နား​ထောင်​ကြ​လော့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

13 “ယနေ့​၊ သို့မဟုတ် မနက်ဖြန်​တွင် ဤ​မြို့၊ သို့မဟုတ် ထို​မြို့​သို့​သွား​၍ ထို​အရပ်​၌ တစ်​နှစ်​ပတ်လုံး​နေ​လျက် ကူးသန်းရောင်းဝယ်​ကာ အမြတ်​ရ​အောင်​လုပ်​ကြ​မည်”​ဟု ဆို​တတ်​သော​သူ​တို့၊ ယခု​နားထောင်​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

13 “ယနေ့၊ သို့မဟုတ် မနက်ဖြန် ဤ​မည်သော​မြို့​သို့ သွား​၍ တစ်နှစ်ပတ်လုံး နေကြမည်။ ထို​မြို့​တွင် ကုန်သွယ်​၍ ငွေရှာကြမည်” ဟု ပြောသော​သူတို့… နားထောင်ကြလော့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယာ​ကုပ် 4:13
11 ပူးပေါင်းရင်းမြစ်များ  

ဤ​သို့​တည်​ဆောက်​ခြင်း​သည်​အ​စ​မျှ​သာ ဖြစ်​သည်။ နောင်​တွင်​သူ​တို့​စိတ်​ကူး​သ​မျှ​ကို ပြု​လုပ်​နိုင်​ကြ​တော့​မည်။ ယ​ခု​ပင်​ငါ​တို့​သည် ဆင်း​သက်​၍ သူ​တို့​အ​ချင်း​ချင်း​နား​မ​လည် စေ​ခြင်း​ငှာ သူ​တို့​၏​ဘာ​သာ​စ​ကား​ကို​ကွဲ ပြား​ရှုပ်​ထွေး​စေ​အံ့'' ဟု​မိန့်​တော်​မူ​၏။-


နက်ဖြန်နေ့ကို အမှီပြု၍ မဝါကြွားနှင့်။ တရက် အတွင်းတွင် အဘယ်သို့ ဖြစ်လိမ့်မည်ကို မသိနိုင်။


တဖန်ငါသည် ကိုယ်စိတ်နှလုံးထဲမှာ ပြောသည် ကား၊ လာပါ။ ရွှင်လန်းခြင်းအားဖြင့် သင့်ကိုငါစုံစမ်းမည်။ သို့ဖြစ်၍၊ ကာမဂုဏ်၌ပျော်မွေ့လော့ဟု ဆိုရာတွင်၊ ထိုအမှုအရာသည်လည်း အနတ္တဖြစ်၏။


ယဇ်​ပု​ရော​ဟိတ်​နှင့်​ပြည်​သူ၊ ကျွန်​နှင့်​သ​ခင်၊ ဝယ်​သူ​နှင့်​ရောင်း​သူ၊ ချေး​သူ​နှင့်​ငှား​သူ၊ ချမ်း သာ​သူ​နှင့်​ဆင်း​ရဲ​သူ၊ ရှိ​ရှိ​သ​မျှ​သော​လူ တို့​သည်​ကံ​ကြမ္မာ​တစ်​မျိုး​တစ်​စား​တည်း နှင့်​ကြုံ​တွေ့​ရ​ကြ​လိမ့်​မည်။-


``ငါ​သည်​ထို​စ​ပျစ်​ဥ​ယျာဉ်​ကို​ဤ​သို့​ပြု​မည်။ ယင်း​၏​ခြံ​စည်း​ရိုး​ကို​ဖယ်​ရှား​ပစ်​ပြီး​လျှင် အုတ်​ရိုး​ကို​လည်း​ဖြို​ချ​ကာ​တော​တိ​ရစ္ဆာန် များ​အား​စား​သောက်​နင်း​ချေ​စေ​မည်။-


အ​ချိန်​ကျ​ပြီ။ ရောင်း​ဝယ်​ဖောက်​ကား​မှု​များ ပြု​လုပ်​၍​မ​ဖြစ်​သည့်​နေ့​ရက်​ကာ​လ​နီး​ကပ် လာ​လေ​ပြီ။ အ​ဘယ်​ကြောင့်​ဆို​သော်​ဘု​ရား​သ​ခင်​၏​အ​မျက်​တော်​သည်​လူ​တိုင်း​အ​ပေါ် သို့​သက်​ရောက်​မည်​ဖြစ်​သော​ကြောင့်​တည်း။-


ငို​ကြွေး​သူ​များ​သည်​ဝမ်း​မ​နည်း​သ​ကဲ့​သို့ လည်း​ကောင်း၊ ရယ်​မော​သူ​များ​သည်​ဝမ်း​မ​မြောက် သ​ကဲ့​သို့​လည်း​ကောင်း​နေ​အပ်​၏။ ဥစ္စာ​ပစ္စည်း ဝယ်​ယူ​သူ​များ​သည်​ထို​ဥစ္စာ​ပစ္စည်း​ကို​မ​ပိုင် သ​ကဲ့​သို့​နေ​အပ်​၏။-


ချမ်း​သာ​ကြွယ်​ဝ​သူ​တို့၊ ငါ့​စ​ကား​ကို​နား​ထောင် ကြ​လော့။ သင်​တို့​သည်​မိ​မိ​တို့​တွေ့​ကြုံ​ရ​မည့် ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​ငို​ကြွေး​မြည်​တမ်း ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ