Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ဟေ​ဗြဲ 10:24 - Common Language Bible

24 ငါ​တို့​သည်​တစ်​ယောက်​ကို​တစ်​ယောက်​အ​လေး ဂ​ရု​ပြု​လျက် ကူ​ညီ​ယိုင်း​ပင်း​လျက်​မေတ္တာ​ထား လျက်​ကျေး​ဇူး​ပြု​လျက်​နေ​ကြ​ကုန်​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

24 မေ တ္တာ နှင့် ကောင်း မှု ကို လုံ့ လ ထုတ် အံ့ သော ငှာ တစ် ယောက် ကို တစ် ယောက် ထောက် ထား ခြင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

24 ထို​မှ​တစ်​ပါး မေ​တ္တာ​စိတ်​ရှိ​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ကောင်း​သော​အ​ကျင့်​ကို ကျင့်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ တိုက်​တွန်း နှိုး​ဆော်​ရ​သော​အ​ခွင့်​ကို ရှာ၍၊ အ​ချင်း​ချင်း တစ်​ယောက်​ကို​တစ်​ယောက် ထောက်​စာ​ကြည့်​ရှု​ကြ​ကုန်​အံ့။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

24 ထို့ပြင် မေတ္တာ​ထား​ရန်​နှင့် ကောင်း​သော​အမှု​ကို​ပြု​ရန် အချင်းချင်း​မည်ကဲ့သို့​တိုက်တွန်း​နှိုးဆော်​ရ​မည်​ကို ဆင်ခြင်​ကြ​ကုန်စို့။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

24 မေတ္တာ​ထား​ရန်​နှင့် ကောင်းမှုပြု​ရန် အချင်းချင်း မည်သို့​နှိုးဆော်​ရမည်​ကို စဉ်းစား​ဆင်ခြင်ကြပါစို့။

အခန်းကိုကြည့်ပါ။ ကော်ပီ




ဟေ​ဗြဲ 10:24
29 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​သင်​တို့​သည်​အ​ချင်း​ချင်း​တစ်​ယောက် ကို​တစ်​ယောက်​အား​ပေး​ကူ​ညီ​မှု​ကို ယ​ခု​ကျင့် သုံး​နေ​သ​ကဲ့​သို့​ဆက်​လက်​၍​ကျင့်​သုံး​ကြ​လော့။


သား​သ​မီး​တို့၊ ငါ​တို့​၏​မေတ္တာ​သည်​နှုတ်​ဖျား ၌​သာ​တည်​သော​မေတ္တာ​မ​ဖြစ်​သင့်။ လက်​တွေ့​အား ဖြင့်​ဖော်​ပြ​ထား​သော​မေတ္တာ​စစ်​မေတ္တာ​မှန်​ဖြစ် ရ​မည်။


သင်​တို့​သည်​ခ​ရစ်​ယာန်​ညီ​အစ်​ကို​များ​အ​နေ ဖြင့် တစ်​ဦး​ကို​တစ်​ဦး​ချစ်​မြဲ​ချစ်​ကြ​လော့။-


ညီ​အစ်​ကို​တို့၊ လွတ်​လပ်​မှု​ရ​စေ​ရန်​ဘု​ရား​သ​ခင် သည်​သင်​တို့​ကို​ရွေး​ကောက်​တော်​မူ​ပေ​သည်။ သို့ ရာ​တွင်​လွတ်​လပ်​မှု​ကို​အ​ကြောင်း​ပြ​၍ လူ့​ဇာ​တိ အ​လို​သို့​မ​လိုက်​ကြ​ဘဲ​မေတ္တာ​ဖြင့်​အ​ချင်း ချင်း​ကျေး​ဇူး​ပြု​ကြ​လော့။-


ခ​ရစ်​တော်​၏​ပြည့်​စုံ​ကြွယ်​ဝ​သည့်​တ​ရား တော်​အား သင်​တို့​၏​စိတ်​နှ​လုံး​ထဲ​တွင်​ကိန်း အောင်း​စေ​ကြ​လော့။ ဉာဏ်​ပ​ညာ​ရှိ​သ​မျှ​ဖြင့် အ​ချင်း​ချင်း​အား​သွန်​သင်​ဆုံး​မ​ခြင်း​ကို ပြု​ကြ​လော့။ ဆာ​လံ​သီ​ချင်း၊ အ​မျိုး​မျိုး သော​ဋ္ဌမ္မ​သီ​ချင်း​များ​ကို​ဘု​ရား​သ​ခင် အား​စိတ်​နှ​လုံး​ထဲ​တွင်​ကျေး​ဇူး​တင်​လျက် သီ​ဆို​ကြ​လော့။-


ဤ​စ​ကား​သည်​သစ္စာ​စ​ကား​ဖြစ်​၏။ ဘု​ရား​သ​ခင်​ကို​ယုံ​ကြည်​သူ​တို့​သည်​ကောင်း မြတ်​သော​အ​ကျင့်၊ လူ​အ​ပေါင်း​တို့​အား​အ​ကျိုး ပြု​သော​အ​ကျင့်​များ​၌​မွေ့​လျော်​ကြ​စေ​ရန် အ​ထက်​တွင်​ဖော်​ပြ​ခဲ့​သည့်​အ​မှု​အ​ရာ​များ ကို​အ​ထူး​ဂ​ရု​ပြု​၍​နှိုး​ဆော်​တိုက်​တွန်း​လော့။-


သူ​တစ်​ပါး​တို့​အား​ကျေး​ဇူး​ပြု​တတ်​ကြ စေ​ရန်​လည်း​ကောင်း၊ အ​ကျင့်​ကောင်း​များ​နှင့် ကြွယ်​ဝ​ပြည့်​စုံ​၍​ရက်​ရော​စွာ​ဝေ​ငှ​ပေး ကမ်း​တတ်​ကြ​စေ​ရန်​လည်း​ကောင်း​သူ​တို့ အား​ဆုံး​မ​သွန်​သင်​လော့။-


သင်​တို့​သည်​အ​ကျဉ်း​ခံ​ရ​သူ​များ​နှင့်​အ​တူ အ​ကျဉ်း​ခံ​နေ​ရ​သ​ကဲ့​သို့​မှတ်​ယူ​လျက် သူ​တို့ အား​သ​တိ​ရ​ကြ​လော့။ မိ​မိ​တို့​ကိုယ်​တိုင်​ပင် ဒုက္ခ​ဝေ​ဒ​နာ​ခံ​ရ​သ​ကဲ့​သို့​ဒုက္ခ​ဝေ​ဒ​နာ ခံ​ရ​သူ​များ​ကို​သ​တိ​ရ​ကြ​လော့။


ညီ​အစ်​ကို​တို့​လူ​တစ်​ဦး​တစ်​ယောက်​သည်​မ​ကောင်း မှု​တစ်​စုံ​တစ်​ရာ​ပြု​သည်​ကို သင်​တို့​တွေ့​ရှိ​လျှင် ဝိ​ညာဉ်​ပါ​ရ​မီ​ရှိ​သော​သင်​တို့​က နူး​ညံ့​သိမ်​မွေ့ စွာ​ထို​သူ​ကို​ပြု​ပြင်​ပေး​ရ​မည်။ သင်​တို့​သည် မိ​မိ​တို့​ကိုယ်​တိုင်​လည်း စုံ​စမ်း​သွေး​ဆောင်​ရာ သို့​မ​လိုက်​မ​ပါ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။-


သင်​တို့​သည်​လည်း​ငါ​ကဲ့​သို့​ပြု​ကြ​လော့။ ငါ သည်​လူ​တို့​ကယ်​တင်​ခြင်း​ခံ​ရ​စေ​ရန်​မိ​မိ​ပြု သ​မျှ​သော​အ​မှု​တို့​တွင် ကိုယ်​ကျိုး​ကို​မ​ငဲ့ ဘဲ​လူ​အ​ပေါင်း​တို့​၏​အ​ကျိုး​ကို​ငဲ့​၍​သူ တို့​နှစ်​သက်​အောင်​ပြု​၏။


ငါ​တို့​သည်​ခ​ရစ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​ပါ​က အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ခံ​သည်​မ​ခံ သည်​မှာ​အ​ရေး​မ​ကြီး​ပေ။ အ​ရေး​ကြီး​သည့် အ​ရာ​မှာ​မေတ္တာ​တ​ရား​ကို​ပေါ်​လွင်​စေ​သည့် ယုံ​ကြည်​ခြင်း​ပင်​ဖြစ်​သ​တည်း။


ဤ​ကား​အ​မိန့်​ပေး​ခြင်း​မ​ဟုတ်။ သူ​တစ်​ပါး တို့​၏​စေ​တ​နာ​ထက်​သန်​ကြ​ပုံ​ကို​သင်​တို့ အား​ပြော​ရ​ခြင်း​မှာ​သင်​တို့​၏​မေတ္တာ​အ​ဘယ် မျှ​စစ်​မှန်​သည်​ကို​သိ​ရှိ​နိုင်​ရန်​အ​တွက်​ဖြစ် ၏။-


တ​ပည့်​တော်​တို့​သည်​အ​သီး​သီး​တတ်​နိုင်​သ​မျှ အ​တိုင်း ယု​ဒ​ပြည်​ရှိ​ညီ​အစ်​ကို​များ​အား​ကူ​ညီ ထောက်​ပံ့​ရန်​ဆုံး​ဖြတ်​ကြ​၏။-


ယင်း​သို့​ပြု​ကြ​ခြင်း​မှာ​ငါ​တို့​တွင်​သင်​တို့ ၏​အ​ထောက်​အ​ပံ့​ကို​တောင်း​ပိုင်​ခွင့်​မ​ရှိ​ကြ ၍​မ​ဟုတ်။ သင်​တို့​လိုက်​လျှောက်​ရန်​စံ​န​မူ​နာ ရ​ရှိ​ကြ​စေ​ရန်​သာ​ဖြစ်​၏။-


ဝိ​ညာဉ်​တော်​က​ဖြစ်​ပေါ်​စေ​သည့်​အ​သီး​အ​ပွင့် မူ​ကား​ချစ်​ခြင်း၊ ဝမ်း​မြောက်​ခြင်း၊ ငြိမ်​သက်​ခြင်း၊ စိတ်​ရှည်​သည်း​ခံ​ခြင်း၊ သ​နား​ကြင်​နာ​ခြင်း၊ ကောင်း မြတ်​ခြင်း၊ သစ္စာ​စောင့်​ခြင်း၊-


သင်​တို့​ကူ​ညီ​ထောက်​ပံ့​ရန်​စိတ်​စေ​တ​နာ ထက်​သန်​ကြ​သည်​ကို​ငါ​သိ​၏။ သို့​ဖြစ်​၍​သင် တို့​အ​ကြောင်း​ကို​မာ​ကေ​ဒေါ​နိ​ပြည်​သား တို့​အား​ငါ​ကြွား​ဝါ​ခဲ့​၏။ ``အ​ခါ​ယ​ပြည် ရှိ​ညီ​အစ်​ကို​တို့​သည်​ယ​မန်​နှစ်​က​ပင်​လျှင် ပေး​လှူ​ရန်​အ​သင့်​ရှိ​ကြ​၏'' ဟု​သူ​တို့​အား ငါ​ပြော​ကြား​ခဲ့​၏။ သင်​တို့​၏​စိတ်​စေ​တ​နာ ထက်​သန်​မှု​ကြောင့်​ထို​သူ​တို့​အား​လုံး​လို လို​ပင်​စိတ်​အား​တက်​ကြွ​လာ​ပေ​ပြီ။-


ဝမ်း​မြောက်​သူ​တို့​နှင့်​အ​တူ​ဝမ်း​မြောက်​ကြ လော့။ ငို​ကြွေး​သူ​တို့​နှင့်​အ​တူ​ငို​ကြွေး​ကြ လော့။-


သို့​မှ​သာ​သူ​တို့​သည်​မိ​မိ​တို့​ထက်​အ​သက် ငယ်​ရွယ်​သူ​အ​မျိုး​သ​မီး​တို့​အား ကိုယ့်​ခင်​ပွန်း၊ သား​သ​မီး​များ​ကို​ချစ်​ခင်​မှု၊-


ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​တို့​အ​ထဲ သို့​ရောက်​သော​အ​ခါ ထို​သူ​တို့​ကို​ကယ်​တင်​နိုင် ရန်​ငါ​သည်​ယုံ​ကြည်​မှု​အား​နည်း​သူ​ကဲ့​သို့ နေ​ထိုင်​၏။ အ​ချို့​သော​သူ​တို့​ကို​တစ်​နည်း နည်း​အား​ဖြင့် ကယ်​တင်​နိုင်​ရန်​ငါ​သည်​လူ အ​မျိုး​မျိုး​အ​ထဲ​၌​အ​မျိုး​မျိုး​နေ​ထိုင်​၏။


သို့​ရာ​တွင်​ဧ​လိ​ယ​အား​ဘု​ရား​သ​ခင်​အ​ဘယ် သို့​ပြန်​၍​မိန့်​တော်​မူ​သ​နည်း။ ကိုယ်​တော်​က``ငါ သည်​ဗာ​လ​ရုပ်​တု​အား​ဦး​မ​ညွှတ်၊ ရှိ​မ​ခိုး​သူ လူ​ခု​နစ်​ထောင်​ကို​ငါ​၏​အ​တွက်​ချန်​ထား ပြီ'' ဟု​မိန့်​တော်​မူ​၏။-


ဆင်း​ရဲ​သူ​တို့​အ​တွက်​စိုး​ရိမ်​ကြောင့်​ကြ​သော​သူ​သည် မင်္ဂ​လာ​ရှိ​၏။ ထို​သူ​ဒုက္ခ​ရောက်​သော​အ​ခါ​ထာ​ဝ​ရ​ဘု​ရား ကူ​မ​တော်​မူ​လိမ့်​မည်။


ဖြောင့်မတ်သော သူသည် ဆင်းရဲသားအမှုကို ဆင်ခြင်တတ်၏။ မတရားသောသူမူကား၊ ထိုအမှုကို ပမာဏမပြုတတ်။


သင်​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​၏​လှည့်​စား​မှု​ကို ခံ​ရ​ကာ​ခေါင်း​မ​မာ​ကြ​စေ​ရန် ကျမ်း​စာ​တွင် ဖော်​ပြ​သည့်`ယ​နေ့' ဟူ​သော​စ​ကား​ရပ်​သည် ငါ​တို့​နှင့်​ဆိုင်​သ​မျှ​ကာ​လ​ပတ်​လုံး​နေ့​စဉ် နေ့​တိုင်း အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ် ယောက်​ကူ​ညီ​မ​စ​ရ​မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ