ဟေရှာယ 9:10 - Common Language Bible10 ``အုတ်တိုက်များပြိုကျပြီဖြစ်သော်လည်း ယင်းတို့ကိုငါတို့သည်ဆစ်ကျောက်များဖြင့် အစားထိုးတည်ဆောက်ကြကုန်အံ့။ သဖန်း သားယက်မများကိုခုတ်ဖြတ်ပစ်ကြသော် လည်း၊ ငါတို့သည်ယင်းတို့ကိုအကောင်းဆုံး အာရစ်သား(သစ်ကတိုးသား) ဖြင့်အစားထိုး ကြကုန်အံ့'' ဟုဆိုကြ၏။ အခန်းကိုကြည့်ပါ။Judson Bible10 သဖန်းပင်များကို ခုတ်လှဲသော်လည်း၊ သူတို့အရာ၌ အာရဇ်ပင်များကို စိုက်ထားမည်ဟု မာနကြီးမားထောင်လွှားသော ရှမာရိမြို့သားမှစ၍ ဧဖရိမ်လူအပေါင်းတို့သည် သိရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 “အုတ်များပြိုလဲလျှင်လည်း ထုဆစ်ထားသောကျောက်နှင့် ပြန်တည်ဆောက်မည်။ သင်္ဘောသဖန်းပင်များခုတ်လှဲခံရလျှင်လည်း သစ်ကတိုးပင်များနှင့် အစားထိုးမည်”ဟု ဆိုကြ၏။ အခန်းကိုကြည့်ပါ။ |
အကယ်၍ဧသော၏သားမြေးများဖြစ် သောဧဒုံပြည်သားတို့က``ငါတို့မြို့များ သည်ပြိုပျက်၍သွားပြီဖြစ်သော်လည်းယင်း တို့ကိုငါတို့ပြန်လည်တည်ထောင်မည်'' ဟု ဆိုခဲ့သော်အနန္တတန်ခိုးရှင်ထာဝရ ဘုရားသည် ``သူတို့ပြန်လည်တည်ထောင် ကြပါလေစေ။ ထိုမြို့များကိုငါတစ်ဖန် ပြန်၍ဖြိုချမည်။ လူတို့သည်ထိုသူတို့ အား `ဒုစရိုက်ပြည်သားများ' ဟူ၍လည်း ကောင်း၊ ထာဝရဘုရား၏အမျက်တော် ထာဝစဉ်သင့်သောအမျိုးသားများဟူ ၍လည်းကောင်းခေါ်ဆိုကြလတ္တံ့'' ဟုမိန့် တော်မူလိမ့်မည်။