ကျွန်ုပ်တို့သည် စိတ်ချယုံကြည်မှုရှိ၍ ဤကိုယ်ခန္ဓာကို စွန့်ခွာပြီးလျှင် သခင်ဘုရားနှင့် အတူနေထိုင်ရန် လိုလားကြ၏။
၂ ပေ 1:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်အသက်ရှင်နေသရွေ့ ဤအကြောင်းအရာများကို သင်တို့အား ဆက်လက်သတိပေးနေသင့်သည်ဟု ကျွန်ုပ်ယူဆ၏။ Common Language Bible ငါအသက်ရှင်လျက်ရှိနေသမျှကာလပတ်လုံး ထိုအရာများအကြောင်းကိုသင်တို့အားသတိ ပေးနှိုးဆော်လျက်နေသင့်သည်ဟုလည်းယူဆ ၏။- Garrad Bible ငါ တို့ အ ရှင် ယေ ရှု ခ ရစ် ဖော် ပြ တော် မူ သည့် အ တိုင်း ပင် မ ကြာ မီ ဤ ယာ ယီ တဲ မှ ငါ ထွက် ခွာ ရ မည် ကို သိ လျက် တည်း ခို သ မျှ အ တွင်း သ တိ ပေး နှိုး ဆော် သင့် ကြောင်း ငါ သ ဘော ရ သည့် အ လျောက်၊ Judson Bible ငါတို့သခင်ယေရှုခရစ်သည် ဗျာဒိတ်ပေးတော်မူသည်အတိုင်း၊ ငါတည်းခိုရာတဲကို မကြာမမြင့်မီ ငါပစ်သွားရမည်အရာကို ငါသိမှတ်၍၊ ဤတဲ၌ ရှိနေစဉ် ကာလပတ်လုံး၊ သင်တို့ကို သတိပေး၍ နှိုးဆော်အပ်သည်ဟု ငါသဘောရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ဤခန္ဓာတဲ၌ ငါရှိနေသမျှကာလပတ်လုံး ထိုသို့သတိပေးနှိုးဆော်ခြင်းအားဖြင့် သင်တို့ကိုနိုးကြားတက်ကြွစေသင့်သည်ဟု ငါမှတ်ယူထား၏။ |
ကျွန်ုပ်တို့သည် စိတ်ချယုံကြည်မှုရှိ၍ ဤကိုယ်ခန္ဓာကို စွန့်ခွာပြီးလျှင် သခင်ဘုရားနှင့် အတူနေထိုင်ရန် လိုလားကြ၏။
သင်တို့အားလုံးသည် ကျွန်ုပ်၏ နှလုံးသားထဲ၌ ရှိသောသူများ ဖြစ်သောကြောင့် သင်တို့နှင့် ပတ်သက်၍ အထက်ပါအတိုင်း ကျွန်ုပ်သဘောထားလျှင် သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့အားလုံးသည် ကျွန်ုပ် အကျဉ်းချခံရချိန်၌ဖြစ်စေ၊ သတင်းကောင်းအတွက် ချေပပြောဆို၍ မှန်ကန်ကြောင်း အတည်ပြုချိန်၌ ဖြစ်စေ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ ကျေးဇူးတော်ကို မျှဝေခံစားကြသောကြောင့် ဖြစ်၏။
ကျွန်ုပ်သည် ခရစ်တော်ကို သိကျွမ်းခြင်း၊ ခရစ်တော်၏ ရှင်ပြန်ထမြောက်တော်မူခြင်းတန်ခိုးကို ရရှိခံစားခြင်း၊ ကိုယ်တော်ကဲ့သို့ အသေခံ၍ ကိုယ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားခြင်းတို့ကိုသာ အလိုရှိ၏။
ထို့ကြောင့် သင့်အပေါ် ကျွန်ုပ်လက်တင်စဉ်က ဘုရားသခင် သင့်အား ပေးတော်မူသော ဆုကျေးဇူးကို ပြန်လည်တောက်လောင်စေရန် လှုံ့ဆော်လော့ဟု ကျွန်ုပ်သတိပေး၏။
သင်တို့ကိုယ်တိုင် အကျဉ်းကျနေသကဲ့သို့ သဘောထားလျက် အကျဉ်းကျနေသူတို့ကို သတိရလော့။ သင်တို့၏ကိုယ်ခန္ဓာ၌ နှိပ်စက်ညှဉ်းဆဲခြင်းခံနေရသကဲ့သို့ သဘောထားလျက် နှိပ်စက်ညှဉ်းဆဲခံနေရသောသူတို့ကို သတိရလော့။
ထို့ကြောင့် သင်တို့သည် ဤအကြောင်းအရာများကို သိပြီး သင်တို့ခံယူထားသော သမ္မာတရား၌ မြဲမြံနေပြီဖြစ်သော်လည်း ဤအကြောင်းအရာများနှင့်ပတ်သက်၍ သင်တို့အား အစဉ်သတိပေးရန် ကျွန်ုပ်ရည်ရွယ်ထား၏။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏သခင် ယေရှုခရစ်တော်သည် ကျွန်ုပ်အား ရှင်းလင်းစွာ ဖော်ပြတော်မူသည့်အတိုင်း ကျွန်ုပ်သည် မကြာမီ ဤလူ့ခန္ဓာကို စွန့်ပစ်ရမည်ဖြစ်ကြောင်း သိသောကြောင့်ဖြစ်၏။
ချစ်ရသောသူတို့… ယခု ဤစာသည် သင်တို့ထံသို့ ကျွန်ုပ်ရေးလိုက်သောဒုတိယမြောက်စာဖြစ်၏။ စာနှစ်စောင်လုံးတွင် သင်တို့အား ရိုးသားမှန်ကန်စွာ တွေးခေါ်နိုင်ရန် သတိပေး၍ လှုံ့ဆော်ရေးသားထား၏။