ကျမ်းတတ်ဆရာများနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယေရှုသည် မိမိတို့အား ရည်ညွှန်း၍ ဤပုံဥပမာကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကို ချက်ချင်းဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့ကြ၏။
၂ တိ 4:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အနာဂတ်တွင် လူတို့သည် မှန်ကန်သောအယူဝါဒကို သည်းမခံနိုင်တော့ဘဲ မိမိတို့အလိုကို လိုက်၍ မိမိတို့၏ယားသောနားက ကြားလိုသောအရာများကို ဟောပြောသည့်ဆရာများနောက်သို့ လိုက်ကြလိမ့်မည်။ Common Language Bible လူတို့သည်မှန်ကန်သည့်သြဝါဒကိုနားမ ထောင်ဘဲကိုယ့်အလိုဆန္ဒများကိုလိုက်၍ မိမိ တို့ကြားနာလိုသည့်စကားများပြောဆိုမည့် ဆရာသမားများကိုရှာဖွေကြမည့်အချိန် ကာလရောက်လိမ့်မည်။- Garrad Bible အ သို့ ဆို သော် ကျန်း ခံ့ ရေး ဒေ သ နာ ကို မ နာ ခံ လို ဘဲ ယား သော နား ရှိ လျက် ကိုယ့် သ ဘော အ တိုင်း များ ပြား သော ဆ ရာ တို့ ကို ရှာ ပြီး လျှင်၊ Judson Bible အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သောဩဝါဒကို နားမခံနိုင်ဘဲ၊ ယားတတ်သော နားရှိလျှင်၊ မိမိတပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့နောက်သို့ လိုက်ကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား လူတို့သည် မှန်ကန်ပြည့်စုံသောဩဝါဒကို သည်းခံနာယူနိုင်ခြင်းမရှိသဖြင့် မိမိတို့တပ်မက်ခြင်းအတိုင်း နားခံသာသောအရာကိုဟောပြောသည့်ဆရာများကိုစုရုံးစေကာ |
ကျမ်းတတ်ဆရာများနှင့် ယဇ်ပုရောဟိတ်ခေါင်းဆောင်များက ယေရှုသည် မိမိတို့အား ရည်ညွှန်း၍ ဤပုံဥပမာကို ပြောဆိုကြောင်း သဘောပေါက်ကြ၏။ ထို့ကြောင့် သူတို့သည် ကိုယ်တော်ကို ချက်ချင်းဖမ်းဆီးလိုကြ၏။ သို့သော်လည်း လူတို့ကို ကြောက်ရွံ့ကြ၏။
လူတို့သည် သင်တို့ကို ချီးမွမ်းကြသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၏ဘိုးဘေးများသည် ပရောဖက်အတုအယောင်များကို ထိုနည်းတူချီးမွမ်းခဲ့ကြသောကြောင့်ဖြစ်၏။
အေသင်မြို့သားများနှင့် ထိုမြို့တွင်ရှိသော နိုင်ငံရပ်ခြား ဧည့်သည်များအားလုံးတို့သည် အသစ်သော သတင်းစကားများကို ပြောဆိုကြားနာခြင်းဖြင့်သာ အချိန်ကိုအသုံးချတတ်ကြ၏။
ချစ်သော ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံ ရောက်လာစဉ်က ဘုရားသခင်၏ လျှို့ဝှက်နက်နဲသောအကြံအစည်ကို ထူးမြတ်သောစကားလုံးများ၊ သာလွန်သောပညာများဖြင့် ဟောပြောခဲ့သည်မဟုတ်။
ကျွန်ုပ်၏သတင်းစကားနှင့် ကျွန်ုပ်၏ ဟောပြောချက်တို့မှာ အလွန်ရိုးစင်း၏။ ကျွန်ုပ်သည် ဖြားယောင်းသော ပညာစကားတို့ဖြင့် မပြောဆိုဘဲ သန့်ရှင်းသောဝိညာဉ်တော်နှင့် တန်ခိုးတော်တို့၏ သက်သေအထောက်အထားအားဖြင့်သာ ပြောဆို၏။
ယခုမှာမူ ကျွန်ုပ်သည် သင်တို့အား သမ္မာတရားကို ဟောပြောသောကြောင့် သင်တို့၏ရန်သူ ဖြစ်လေပြီလော။
တရားနှင့်မညီသော မေထုန်ကို ပြုသူများ၊ လိင်တူချင်းဆက်ဆံသူများ၊ လူကုန်ကူးသူများ၊ လိမ်လည်သူများ၊ မမှန်သောသက်သေခံသူများနှင့် မှန်ကန်သောအယူဝါဒကို ဆန့်ကျင်သမျှသောအရာများတို့အတွက် ချမှတ်ထားကြောင်း ကျွန်ုပ်တို့ သိကြသောကြောင့် ဖြစ်၏။
ကျွန်ုပ်ထံမှ ကြားရသည့် မှန်ကန်သောတရားစကားကို စံနမူနာအဖြစ် ခံယူ၍ ခရစ်တော်ကို ဆက်လက်ယုံကြည်လျက် လူတို့ကို ချစ်လော့။ ဤသို့ သင်လုပ်ဆောင်နိုင်သည်မှာ ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းရှိသောကြောင့်ဖြစ်၏။
သူတို့က “နောက်ဆုံးသောကာလ၌ မိမိတို့၏ဘုရားတရားမဲ့သော တပ်မက်မှုများအတိုင်း ပြုမူသည့် မထီမဲ့မြင်ပြုသူများ ရှိကြလိမ့်မည်” ဟု သင်တို့အား ပြောခဲ့ကြ၏။