သင်တို့၏ ကောင်းသောအကျင့်ကို လူမြင်သာအောင် အများရှေ့တွင် မကျင့်မိရန် သတိပြုကြလော့။ လူမြင်သာအောင် ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖထံမှ ဆုလာဘ်ကို ရရှိမည်မဟုတ်။
၂ ကော 9:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မျိုးကြဲသူအတွက် မျိုးစေ့နှင့် စားစရာ အစာကို ပေးတော်မူသောအရှင်သည် သင်တို့အတွက် မျိုးစေ့ကို ပေး၍ ပွားများစေတော်မူလိမ့်မည်။ သင်တို့၏ ဖြောင့်မတ်ခြင်းမှ ထွက်သော အသီးအပွင့်များကိုလည်း တိုးပွားစေတော်မူလိမ့်မည်။ Common Language Bible မျိုးကြဲသူအားမျိုးစေ့နှင့်အစာရေစာကို ပေးတော်မူသောဘုရားသခင်သည် ငါတို့လို သမျှသောမျိုးစေ့ကိုလည်းပေး၍အပင် ပေါက်ရှင်သန်စေတော်မူလိမ့်မည်။ သင်တို့၏ ရက်ရောသောစိတ်စေတနာမှအသီးအပွင့် များကိုလည်းဖြစ်ထွန်းစေတော်မူလိမ့်မည်။- Garrad Bible ကြဲ လို သူ့ အား မျို စေ့ နှင့် စား နပ် ရိ က္ခာ ကို မ စ သ နား တော် မူ သော အ ရှင် သည် သင် တို့ စိုက် ပျိုး ရန် မျိုး စေ့ ကို များ ပြား စွာ ပေး သ နား လျက် သင် တို့ ဖြောင့် မတ် ခြင်း အ သီး ကို လည်း တိုး ပွား စေ တော် မူ မည့် အ လျောက်၊ Judson Bible မျိုးစေ့ကြဲသောသူအား မျိုးစေ့ကိုလည်းကောင်း၊ အစာအာဟာရကိုလည်းကောင်း၊ ပေးတော်မူသောသူသည်၊ သင်တို့အား မျိုးစေ့ကို ပေး၍ ပွားများစေတော်မူမည်။ သင်တို့၏ ဖြောင့်မတ်ခြင်းကိုလည်း ကြွယ်ဝစေတော်မူမည်။- မြန်မာ့စံမီသမ္မာကျမ်း မျိုးကြဲသောသူအား မျိုးစေ့ကိုပေး၍ အစာအတွက် မုန့်ကိုပေးတော်မူသောအရှင်သည် သင်တို့၏မျိုးစေ့ကိုလည်း ပြင်ဆင်ပေး၍ ပွားများစေကာ သင်တို့၏ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်တို့ကို တိုးပွားစေတော်မူလိမ့်မည်။ |
သင်တို့၏ ကောင်းသောအကျင့်ကို လူမြင်သာအောင် အများရှေ့တွင် မကျင့်မိရန် သတိပြုကြလော့။ လူမြင်သာအောင် ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖထံမှ ဆုလာဘ်ကို ရရှိမည်မဟုတ်။
သင်တို့၏လှူဒါန်းခြင်းအမှုသည် ယုံကြည်သူတို့၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးသည်သာမက ဘုရားသခင်ကို ကျေးဇူးတင်သူများလည်း တိုးပွားလာစေ၏။
မျိုးစေ့အနည်းငယ်သာ ကြဲသောသူသည် အနည်းငယ်သာ ရိတ်သိမ်းရလိမ့်မည်။ များစွာကြဲသောသူသည် များစွာ ရိတ်သိမ်းရလိမ့်မည် ဟူသောအချက်ကို သတိပြုလော့။
ထပ်မံ၍ မေးလိုသည်မှာ ဘုရားသခင်သည် သင်တို့အား ဝိညာဉ်တော်ကို ပေးတော်မူ၍ သင်တို့အလယ်၌ အံ့ဖွယ်တန်ခိုးတို့ကို ပြတော်မူသည်မှာ ပညတ်တရားကို သင်တို့လိုက်နာသောကြောင့်လော။ သို့မဟုတ် ကြားနာရသော သတင်းကောင်းကို သင်တို့ယုံကြည်သောကြောင့်လော။
အလင်း၏အသီးအပွင့်သည် အမျိုးမျိုးသော ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ မှန်ကန်ခြင်းတို့ ဖြစ်ကြ၏။
ထို့ပြင် သင်တို့သည် ယေရှုခရစ်တော်ကြောင့် ရရှိသည့် ဖြောင့်မတ်ခြင်း၏ အသီးအပွင့်နှင့် ပြည့်လျက် လူတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန်နှင့် ဘုရားသခင်ကို ချီးမွမ်းကြရန် ကျွန်ုပ်ဆုတောင်း၏။
ဤသို့ပြောခြင်းသည် သင်တို့ထံမှ နောက်ထပ်အလှူကို ရလို၍ မဟုတ်။ သင်တို့၏ ရက်ရောမှုအတွက်ကြောင့် အသီးအပွင့်ကို သင်တို့ ပို၍ ရရှိခံစားစေလိုသောကြောင့် ဖြစ်၏။
ကျွန်ုပ်တို့၏ မေတ္တာသည် သင်တို့အပေါ်တွင် ပွားများသကဲ့သို့ သင်တို့၏ မေတ္တာသည်လည်း သင်တို့အချင်းချင်းနှင့် လူတိုင်းအပေါ်တွင် ပို၍ ပွားများရန် သခင်ဘုရား ပြုတော်မူပါစေသော။
အမှန်စင်စစ် သင်တို့သည် မာကေဒေါနိပြည်အရပ်ရပ်၌ နေထိုင်ကြသော ညီအစ်ကိုမောင်နှမတို့ကို အမှန်တကယ် ချစ်ကြ၏။ သို့ရာတွင် ညီအစ်ကိုမောင်နှမတို့… ထိုထက်မက ပို၍ချစ်ကြရန် ကျွန်ုပ်တို့သည် သင်တို့ကို တိုက်တွန်း၏။