ကျွန်ုပ်သည် တိတုကို သင်တို့ထံ သွားရန် တိုက်တွန်း၍ သူနှင့်အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စေလွှတ်ခဲ့၏။ တိတုသည် သင်တို့အပေါ် အမြတ်ထုတ်ခဲ့ဖူးသလော။ ကျွန်ုပ်တို့သည် စိတ်သဘောချင်းတူ၍ တစ်လမ်းတည်း လျှောက်ခဲ့ကြသည်မဟုတ်လော။
၂ ကော 8:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် ကျွန်ုပ်တို့ တိုက်တွန်းသည်ကို လက်ခံသည်သာမက သူကိုယ်တိုင်က အလွန်စိတ်အားထက်သန်လျက် မိမိဆန္ဒအလျောက် သင်တို့ထံသို့ လာ၏။ Common Language Bible တိတုသည်ငါတို့၏မေတ္တာရပ်ခံချက်ကို လက်ခံသည်သာမက၊ ကူညီရန်စေတနာ စိတ်ရှိသဖြင့်သင်တို့ထံသို့သွားရန် မိမိ အလိုအလျောက်စိတ်ပိုင်းဖြတ်ခဲ့ပေသည်။- Garrad Bible သူ သည် ငါ တို့ နှိုး ဆော် ခြင်း ကို ခံ ယူ သည် သာ မ က စိတ် ရင်း အား ကြီး သည့် အ တိုင်း အ လို အ လျောက် သင် တို့ ထံ ပြန် သွား ရာ သ တင်း တော် မြတ် ကို ဟော ပြော မှု ကြောင့်၊ Judson Bible ထိုသူသည် ငါတိုက်တွန်းသောစကားကို နားထောင်သည်သာမက၊ အလွန်စေတနာစိတ် အားကြီး၍ သင်တို့ဆီသို့ အလိုအလျောက်သွား၏။- မြန်မာ့စံမီသမ္မာကျမ်း တိတုသည် ငါတို့၏တိုက်တွန်းမှုကိုလက်ခံသည်သာမက အလွန်ထက်သန်သောစိတ်ရှိ၍ မိမိစိတ်ဆန္ဒအလျောက် သင်တို့ထံသို့လာ၏။ |
ကျွန်ုပ်သည် တိတုကို သင်တို့ထံ သွားရန် တိုက်တွန်း၍ သူနှင့်အတူ အခြားညီအစ်ကိုတစ်ယောက်ကိုလည်း စေလွှတ်ခဲ့၏။ တိတုသည် သင်တို့အပေါ် အမြတ်ထုတ်ခဲ့ဖူးသလော။ ကျွန်ုပ်တို့သည် စိတ်သဘောချင်းတူ၍ တစ်လမ်းတည်း လျှောက်ခဲ့ကြသည်မဟုတ်လော။
ဤအမှုနှင့်ပတ်သက်၍ သင်တို့အတွက် ကျွန်ုပ် အကောင်းဆုံး အကြံပေးမည်။ လွန်ခဲ့သောနှစ်က သင်တို့သည် ဤအမှုကို အစပြုခဲ့သည်သာမက ပြုလုပ်ရန်လည်း ဆန္ဒရှိခဲ့ကြ၏။
ထို့ကြောင့် တိတုသည် သင်တို့အထဲ၌ ဤလှူဒါန်းခြင်းကို စတင်ဆောင်ရွက်ခဲ့သည့်အားလျော်စွာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန် သူ့အား ကျွန်ုပ်တို့တိုက်တွန်းခဲ့၏။
ဤသည်မှာ ကျွန်ုပ်သည် သင်တို့ကို အမိန့်ပေးနေခြင်းမဟုတ်။ သို့သော် သင်တို့၏ ချစ်ခြင်းမေတ္တာစစ်မှန်မှုကို အခြားသူတို့၏ စိတ်အားထက်သန်မှုနှင့် နှိုင်းယှဉ်၍ စစ်ဆေးခြင်းသာဖြစ်၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံ အကျဉ်းချုံး ရေးလိုက်ခြင်းသာ ဖြစ်၍ ကျွန်ုပ်၏ အားပေးတိုက်တွန်းစကားကို နားထောင်ကြရန် ကျွန်ုပ်တိုက်တွန်းနိုးဆော်ပါ၏။