Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 12:18 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

18 ကျွန်ုပ်​သည် တိတု​ကို သင်တို့​ထံ သွား​ရန် တိုက်တွန်း​၍ သူ​နှင့်အတူ အခြား​ညီအစ်ကို​တစ်ယောက်​ကိုလည်း စေလွှတ်ခဲ့၏။ တိတု​သည် သင်တို့​အပေါ် အမြတ်ထုတ်​ခဲ့ဖူးသလော။ ကျွန်ုပ်တို့​သည် စိတ်​သဘောချင်း​တူ​၍ တစ်လမ်းတည်း လျှောက်ခဲ့ကြသည်​မဟုတ်လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

18 ငါ​သည်​တိ​တု​အား​သင်​တို့​ထံ​သို့​သွား​ရန် တောင်း​ပန်​စေ​လွှတ်​ခဲ့​၏။ အ​ခြား​ခ​ရစ်​ယာန် ညီ​အစ်​ကို​တစ်​ဦး​ကို​လည်း​သူ​နှင့်​အ​တူ ထည့်​လိုက်​၏။ တိ​တု​သည်​သင်​တို့​ထံ​မှ အ​ခွင့်​ကောင်း​ယူ​ခဲ့​သည်​ဟု​ဆို​မည်​လော။ သူ​နှင့်​ငါ​သည်​သ​ဘော​ချင်း​တူ​၍​တစ် လမ်း​တည်း​လိုက်​လျှောက်​ကျင့်​သုံး​ကြ သူ​များ​မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

18 ငါ နှိုး ဆော် ခဲ့ သူ တိ တု နှင့် တ ကွ ဆို ခဲ့ သော ညီ အစ် ကို ကို ငါ စေ လွှတ် ရာ တိ တု တင် စား သ လော။ ငါ တို့ သည် တစ် မျိုး တည်း သော သ ဘော၊ တစ် မျိုး တည်း သော ခြေ ရာ စဉ် များ၌ လျှောက် လိုက် ခဲ့ ကြ သည် မ ဟုတ် လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

18 တိ​တု​သည် သင်​တို့​ဆီ​သို့ သွား​မည်​အ​ကြောင်း ငါ​တောင်း​ပန်၍၊ သူ​နှင့်​တ​ကွ အ​ခြား​သော ညီ​တစ်​ယောက်​ကို စေ​လွှတ်၏။ တိ​တု​သည် ပ​ရိ​ယာယ်​အား​ဖြင့် သင်​တို့၏​ဥ​စ္စာ​ကို ယူ​သ​လော။ ငါ​တို့​သည် စိတ်​သ​ဘော​ချင်း​တူ၍ ကျင့်​ကြ​သည် မ​ဟုတ်​လော။ တစ်​လမ်း​တည်း လိုက်​ကြ​သည် မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

18 ငါ​သည် တိတု​ကို သင်​တို့​ထံသို့​လာ​ရန် တိုက်တွန်း​၍ သူ​နှင့်အတူ ညီအစ်ကို​တစ်​ဦး​ကို​စေလွှတ်​ခဲ့​၏။ တိတု​သည် သင်​တို့​ကို အမြတ်​ထုတ်​ခဲ့​သလော။ ငါ​တို့​သည် တူညီ​သော​စိတ်သဘော​ဖြင့် ခြေရာ​တစ်ထပ်တည်း​လျှောက်လှမ်း​ခဲ့​ကြ​သည် မ​ဟုတ်​လော။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 12:18
13 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် အရေပြားလှီးခြင်း​မင်္ဂလာ​ကို ခံယူသော​သူတို့​အတွက်​လည်း အာဗြဟံ​သည် ဖခင်ကြီး​ဖြစ်လာ၏။ သို့သော် အာဗြဟံ​အရေပြားလှီးခြင်း​မင်္ဂလာ​ကို မခံယူ​မီက ရှိခဲ့သော​ယုံကြည်ခြင်း​မျိုး​သည် ထို​သူတို့​၌ ရှိရမည်​ဖြစ်၏။


ကျွန်ုပ်​သည် သင်တို့​ထံ တုတ်​နှင့် လာရမည်လော။ သို့မဟုတ် မေတ္တာ​နှင့် နူးညံ့သော​စိတ်​ဖြင့် လာရမည်လော။ မည်သည့်​အရာ​ကို သင်တို့ ရွေးချယ်​လို​သနည်း။


ကျွန်ုပ်တို့​အပေါ်​ထားသော သင်တို့​၏​မေတ္တာ​ကို ကြီးမားစေကြလော့။ ကျွန်ုပ်တို့​သည် မည်သူ့​ကိုမျှ မပြစ်မှားခဲ့။ မည်သူ့​ကိုမျှ မဖျက်ဆီးခဲ့။ မည်သူ့​ကိုမျှ အမြတ်မထုတ်ခဲ့။


သို့သော်လည်း အားငယ်သောသူတို့​ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်​သည် တိတု​ရောက်လာခြင်း​အားဖြင့် ကျွန်ုပ်တို့​ကို နှစ်သိမ့်ပေးတော်မူ၏။


ထို့ကြောင့် တိတု​သည် သင်တို့​အထဲ​၌ ဤ​လှူဒါန်းခြင်း​ကို စတင်​ဆောင်ရွက်ခဲ့သည့်​အားလျော်စွာ ပြီးမြောက်​အောင် ဆောင်ရွက်​နိုင်ရန် သူ့​အား ကျွန်ုပ်တို့​တိုက်တွန်းခဲ့၏။


ထိုသို့ ဒုက္ခ​ဆင်းရဲ​ခံရ​လျှင်ပင် ကောင်းမှု​ပြုရန် သင်တို့​ကို ဘုရားသခင်​ရွေးကောက်တော်မူ၏။ ခရစ်တော်​သည်လည်း သင်တို့​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​၍ မိမိ​ခြေရာတော်​ကို သင်တို့​လိုက်​နိုင်ရန် စံနမူနာ​ထားခဲ့တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ