သူ၏ သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသောတာဝန်များကို သင့်အား ငါလွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
၂ ကော 5:8 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် စိတ်ချယုံကြည်မှုရှိ၍ ဤကိုယ်ခန္ဓာကို စွန့်ခွာပြီးလျှင် သခင်ဘုရားနှင့် အတူနေထိုင်ရန် လိုလားကြ၏။ Common Language Bible ငါတို့သည်ရဲရင့်သောစိတ်ရှိ၍ဤကိုယ်ခန္ဓာ နေအိမ်ကိုစွန့်ခွာပြီးလျှင် သခင်ဘုရားနှင့် အတူနေထိုင်ရန်ပို၍လိုလားကြ၏။- Garrad Bible ကိုယ် ခ န္ဓာ၌ မ တည် နေ ဘဲ အ ပါး တော် တွင် တည် နေ ရန် စိတ် စေ တ နာ ရှိ လျက် အ စဉ် မ ပြတ် အား ရ စိတ် ချ ကြ ၏။ Judson Bible ကိုယ်ခန္ဓာနှင့် ကွာဝေးရာအရပ်သို့ သွား၍၊ သခင်ဘုရားထံတော်၌ နေမြဲနေခြင်းငှာ အလိုရှိလျက်၊ ရဲရင့်သောစိတ်နှင့်ပြည့်စုံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် ယုံကြည်စိတ်ချမှုရှိ၍ ကိုယ်ခန္ဓာမှကွာလျက် သခင်ဘုရားနှင့်အတူရှိနေရန် သာ၍အလိုရှိကြ၏။ |
သူ၏ သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် များစွာသောတာဝန်များကို သင့်အား ငါလွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
သခင်ကလည်း ‘ကောင်းပေ၏။ သစ္စာရှိသောအစေခံကောင်း… သင်သည် သေးငယ်သောအမှုကိစ္စ၌ပင် သစ္စာရှိခဲ့ပြီ။ ထို့ကြောင့် ယခု များစွာသောတာဝန်များကို သင့်အား ငါ လွှဲအပ်မည်။ ငါ၏စားသောက်ပွဲ၌ ပါဝင်ဆင်နွှဲလော့’ ဟု ဆို၏။
“အရာအားလုံးကို အုပ်စိုးတော်မူသောအရှင်ဘုရားသခင်… ကိုယ်တော်၏ကတိတော်အတိုင်း ကိုယ်တော်၏အစေခံ အကျွန်ုပ်ကို ငြိမ်းချမ်းစွာ သေရသောအခွင့်ကို ယခုပေးတော်မူပြီ။
ငါ့အမှုကို ထမ်းဆောင်လိုသောသူသည် ငါ့နောက်သို့ လိုက်ရမည်။ ငါ့အမှုဆောင်သည် ငါရှိရာ အရပ်တွင် ရှိရမည်။ ငါ့အမှုကို ထမ်းဆောင်သောသူအား ငါ့ခမည်းတော်သည် ဂုဏ်ပြုလိမ့်မည်။
ငါသည် သွား၍ သင်တို့အတွက် နေစရာပြင်ဆင်ပြီးလျှင် ပြန်လာကာ ငါရှိရာအရပ်၌ သင်တို့လည်း ရှိနိုင်ရန်အတွက် သင်တို့ကို ခေါ်ဆောင်မည်။
အို အဖ… အကျွန်ုပ်အား ကိုယ်တော်ပေးအပ်တော်မူသောသူတို့ကို အကျွန်ုပ်ရှိမည့်အရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။ သို့ပြုလျှင် ကမ္ဘာ မတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကို ချစ်၍ ပေးတော်မူသော ဘုန်းအသရေကို သူတို့တွေ့မြင်ပါလိမ့်မည်။
သို့ရာတွင် ပေါလုက “သင်တို့သည် ငိုကြွေးလျက် ကျွန်ုပ်စိတ်နှလုံးကို ပူဆွေးဝမ်းနည်းစေရန် အဘယ်ကြောင့် ပြုကြသနည်း။ ကျွန်ုပ်သည် ဂျေရုဆလင်မြို့၌ ထောင်ကျခံရန်မျှသာမက သခင်ယေရှု၏အမည်နာမအတွက် အသေခံရန်ပင် အသင့်ရှိပါ၏” ဟု ပြန်ပြောလေ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် အစဉ် စိတ်ချယုံကြည်မှုရှိကြ၏။ ဤခန္ဓာ၌ ရှိနေသရွေ့ သခင်ဘုရား၏ အိမ်တော်နှင့် ဝေးကွာကြောင်းကိုလည်း သိကြ၏။
ထို့ကြောင့် ဤကိုယ်ခန္ဓာ၌ ရှိနေသည်ဖြစ်စေ၊ စွန့်ခွာသည်ဖြစ်စေ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ ကိုယ်တော်အား နှစ်သက်စေတော်မူရန် ဖြစ်၏။
ချစ်ရသောသူတို့… ယခု ကျွန်ုပ်တို့သည် ဘုရားသခင်၏သားသမီးများဖြစ်ကြပြီး အနာဂတ်တွင် မည်သို့ဖြစ်မည်ကို သေချာစွာ မသိရသေးပေ။ သို့သော် ခရစ်တော်ကြွလာသောအခါ ကိုယ်တော်ဖြစ်တော်မူသည်အတိုင်း ဖူးမြင်ကြရမည်ဖြစ်၍ ကျွန်ုပ်တို့သည် ကိုယ်တော်နှင့်တူကြလိမ့်မည်ကို သိကြ၏။
ကျိန်ခြင်းဘေးတစ်စုံတစ်ခုမျှ ရှိတော့မည်မဟုတ်။ ဘုရားသခင်နှင့် သိုးသငယ်တော်၏ ရာဇပလ္လင်သည် ထိုမြို့တွင် ရှိပြီး ကိုယ်တော်၏ အစေခံတို့သည် ကိုယ်တော်ကို ဝတ်ပြုကြလိမ့်မည်။