Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 5:8 - Common Language Bible

8 ငါ​တို့​သည်​ရဲ​ရင့်​သော​စိတ်​ရှိ​၍​ဤ​ကိုယ်​ခန္ဓာ နေ​အိမ်​ကို​စွန့်​ခွာ​ပြီး​လျှင် သ​ခင်​ဘု​ရား​နှင့် အ​တူ​နေ​ထိုင်​ရန်​ပို​၍​လို​လား​ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

8 ကိုယ် ခ န္ဓာ၌ မ တည် နေ ဘဲ အ ပါး တော် တွင် တည် နေ ရန် စိတ် စေ တ နာ ရှိ လျက် အ စဉ် မ ပြတ် အား ရ စိတ် ချ ကြ ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

8 ကိုယ်​ခ​န္ဓာ​နှင့် ကွာ​ဝေး​ရာ​အ​ရပ်​သို့ သွား၍၊ သ​ခင်​ဘု​ရား​ထံ​တော်၌ နေ​မြဲ​နေ​ခြင်း​ငှာ အ​လို​ရှိ​လျက်၊ ရဲ​ရင့်​သော​စိတ်​နှင့်​ပြည့်​စုံ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

8 ငါ​တို့​သည် ယုံကြည်​စိတ်ချ​မှု​ရှိ​၍ ကိုယ်ခန္ဓာ​မှ​ကွာ​လျက် သခင်​ဘုရား​နှင့်အတူ​ရှိ​နေ​ရန် သာ၍​အလိုရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

8 ကျွန်ုပ်တို့​သည် စိတ်ချ​ယုံကြည်မှု​ရှိ​၍ ဤ​ကိုယ်ခန္ဓာ​ကို စွန့်ခွာ​ပြီးလျှင် သခင်ဘုရား​နှင့် အတူ​နေထိုင်​ရန် လိုလားကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 5:8
22 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​အား​အ​သက်​ရှင်​ရာ လမ်း​ကို​ပြ​ညွှန်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​၏​အ​နီး​တွင် ရှိ​တော်​မူ​သည်​ဖြစ်​၍ ကျွန်​တော်​မျိုး​သည်​ရွှင်​လန်း​ဝမ်း​မြောက်​၍ ထာ​ဝ​စဉ်​ပျော်​မွေ့​လျက်​ရှိ​ပါ​၏။


ကျွန်​တော်​မျိုး​သည်​အ​ပြစ်​မ​ကူး​လွန်​ခဲ့​သ​ဖြင့် ကိုယ်​တော်​ရှင်​ကို​ဖူး​မြင်​ရ​ပါ​လိမ့်​မည်။ ကျွန်​တော်​မျိုး​အိပ်​ရာ​မှ​နိုး​ထ​သော​အ​ခါ​၌ ကိုယ်​တော်​ရှင်​ကျွန်​တော်​မျိုး​နှင့်​အ​တူ​ရှိ​တော် မူ​သ​ဖြင့် ရွှင်​လန်း​ဝမ်း​မြောက်​ရ​ပါ​လိမ့်​မည်။


မတရားသောသူသည် မတရားသဖြင့် ပြုစဉ် အခါ၊ လှဲခြင်းကို ခံရ၏။ ဖြောင့်မတ်သောသူမူကား၊ သေသောအခါ၌ပင် မြော်လင့်စရာရှိ၏။


သ​ခင်​က​လည်း `ကောင်း​လေ​စွ၊ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့် အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။


သ​ခင်​က`ကောင်း​လေ​စွ။ သစ္စာ​ရှိ​ငါ့​ကျွန်​ကောင်း၊ သင်​သည်​သေး​ငယ်​သော​အ​မှု​တွင်​သစ္စာ​ရှိ​၏။ ကြီး​သော​အ​မှု​ကို​သင့်​အား​ငါ​အပ်​နှင်း​မည်။ ငါ​နှင့်​အ​တူ​စည်း​စိမ်​ချမ်း​သာ​ခံ​စား​ပါ​လော့' ဟု​ဆို​၏။


ထာ​ဝ​ရ​ဘု​ရား၊ကိုယ်​တော်​ရှင်​၏​က​တိ​တော် ပြည့်​စုံ​ပြီး​ဖြစ်​၍၊ ကိုယ်​တော်​ရှင့်​ကျွန်​သည်​ငြိမ်​သက်​စွာ စု​တေ​ခွင့်​ကို​ပေး​တော်​မူ​ပါ။


ငါ​၏​အ​မှု​တော်​ကို​ထမ်း​ဆောင်​သော​သူ​သည် ငါ့​နောက်​သို့​လိုက်​ရ​မည်။ သို့​မှ​သာ​ငါ​ရှိ​ရာ အ​ရပ်​၌​သူ​သည်​လည်း​ရှိ​လိမ့်​မည်။ ငါ​၏​အ​မှု တော်​ကို​ထမ်း​ဆောင်​သော​သူ​ကို​ခ​မည်း​တော် သည်​ချီး​မြှောက်​တော်​မူ​လိမ့်​မည်။


ယင်း​သို့​သွား​၍​ပြင်​ဆင်​ပြီး​မှ​သင်​တို့​ထံ​သို့ ငါ​ပြန်​လာ​၍ ငါ​ရှိ​ရာ​အ​ရပ်​တွင်​သင်​တို့​ရှိ နိုင်​ကြ​စေ​ရန် သင်​တို့​ကို​ငါ့​ထံ​သို့​ခေါ်​ဆောင် မည်။-


``အို အ​ဖ၊ ကမ္ဘာ​မ​တည်​မ​ရှိ​မီ​ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​ချစ်​၍​ပေး​တော်​မူ​သော​ဘုန်း အ​သ​ရေ​ကို အ​ကျွန်ုပ်​အား​ကိုယ်​တော်​ပေး​အပ် တော်​မူ​သော​သူ​တို့​သည်​မြင်​ကြ​စေ​ရန် အ​ကျွန်ုပ် ရှိ​ရာ​အ​ရပ်​တွင်​သူ​တို့​အား​ရှိ​စေ​လို​ပါ​၏။-


ထို​အ​ခါ​ပေါ​လု​က ``သင်​တို့​သည်​အ​ဘယ်​ကြောင့် ဤ​သို့​ငို​ယို​ကာ ငါ​၏​စိတ်​နှ​လုံး​ကို​ကြေ​ကွဲ​စေ ကြ​ပါ​သ​နည်း။ ငါ​သည်​သ​ခင်​ယေ​ရှု​၏​နာ​မ တော်​အ​တွက် ယေ​ရု​ရှ​လင်​မြို့​တွင်​အ​ချည်​နှောင် ခံ​ရန်​သာ​မ​က​အ​သေ​ခံ​ရန်​ပင်​အ​သင့်​ရှိ​ပါ သည်'' ဟု​ပြန်​ပြော​၏။


သို့​ဖြစ်​၍​ငါ​တို့​သည်​အ​စဉ်​ရဲ​ရင့်​သော​စိတ်​ရှိ ကြ​ပေ​သည်။ ဤ​ကိုယ်​ခန္ဓာ​နေ​အိမ်​၌​ရှိ​နေ​သ​မျှ ကာ​လ​ပတ်​လုံး​ငါ​တို့​သည်​သ​ခင်​ဘု​ရား​၏ အိမ်​တော်​နှင့်​ဝေး​ကွာ​လျက်​ရှိ​ကြ​၏။-


ငါ​တို့​သည်​ဤ​အ​ရပ်​၌​ရှိ​သည်​ဖြစ်​စေ၊ ထို အ​ရပ်​၌​ရှိ​သည်​ဖြစ်​စေ​ငါ​တို့​ကို​စိတ်​တော် နှင့်​တွေ့​ရန်​အ​ထူး​သ​ဖြင့်​လို​လား​ကြ​၏။-


ချစ်​ဆွေ​တို့၊ ယ​ခု​အ​ခါ​ငါ​တို့​သည်​ဘု​ရား သ​ခင်​၏​သား​သ​မီး​များ​ဖြစ်​ကြ​၏။ သို့​ရာ တွင်​နောင်​အ​ခါ​အ​ဘယ်​သို့​သော​သူ​များ​ဖြစ် မည်​ကို​သေ​ချာ​စွာ​မ​သိ​ရ​ကြ​သော်​လည်း ခ​ရစ်​တော်​ကြွ​လာ​တော်​မူ​သော​အ​ခါ​ကိုယ် တော်​ဖြစ်​တော်​မူ​သည်​အ​တိုင်း​ဖူး​မြင်​ရ​ကြ မည်​ဖြစ်​၍ ငါ​တို့​သည်​ကိုယ်​တော်​နှင့်​တူ​ကြ မည်​ကို​သိ​ကြ​၏။-


ဘု​ရား​သ​ခင်​၏​ကျိန်​ဆဲ​ခြင်း​ကို​ခံ​ရ​သည့်​အ​ရာ တစ်​စုံ​တစ်​ရာ​မျှ ထို​မြို့​တွင်​ရှိ​လိမ့်​မည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​နှင့်​သိုး​သူ​ငယ်​တော်​၏​ပလ္လင်​တော် သည် ထို​မြို့​တွင်​ရှိ​၍​ကိုယ်​တော်​၏​အ​စေ​ခံ​တို့ သည်​ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လိမ့် မည်။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ