သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
၂ ကော 5:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ လူအပေါင်းတို့အတွက် ကိုယ်တော်အသေခံတော်မူခြင်းမှာ အသက်ရှင်သောသူတို့သည် မိမိတို့ကိုယ်ကျိုးအတွက် အသက်မရှင်ဘဲ မိမိတို့အတွက် အသေခံ၍ တစ်ဖန်ရှင်ပြန်ထမြောက်တော်မူသောအရှင်အတွက် အသက်ရှင်ရန် ဖြစ်၏။ Common Language Bible ကိုယ်တော်သည်လူအပေါင်းတို့အတွက် အသေခံခြင်းမှာလူတို့သည်အသက်ရှင်စဉ် ကိုယ်ကျိုးအတွက်ဆက်လက်၍အသက်မရှင် ကြတော့ဘဲ မိမိတို့အတွက်အသက်ကိုစွန့် တော်မူပြီးနောက်သေခြင်းမှရှင်ပြန်ထမြောက် တော်မူသောအရှင်၏အဖို့အသက်ရှင်ကြ စေရန်ဖြစ်ပေသည်။ Judson Bible လူအပေါင်းတို့သည် သေလျက်နေကြသည် ဟူ၍လည်းကောင်း၊ အသက်ရှင်သောသူတို့သည် တစ်ဖန် ကိုယ်အလိုသို့လိုက်၍ မရှင်၊ သူတို့အတွက်ကြောင့် အသေခံပြီးမှ ထမြောက်တော်မူသော သူတို့၏အလိုသို့ လိုက်၍ ရှင်စေမည်အကြောင်း၊ လူအပေါင်းတို့အတွက်ကြောင့် အသေခံတော်မူသည် ဟူ၍လည်းကောင်း၊ ငါတို့သည် သဘောထားလျက်၊ ခရစ်တော်၏ ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကို အနိုင်အထက် သွေးဆောင်၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ လူအပေါင်းတို့အတွက် ကိုယ်တော်အသေခံတော်မူခြင်းမှာ အသက်ရှင်သောသူတို့သည် မိမိတို့အတွက် အသက်မရှင်တော့ဘဲ သူတို့အတွက်အသေခံတော်မူပြီး ထမြောက်တော်မူသောအရှင်အတွက် အသက်ရှင်ကြရန်ဖြစ်၏။ |
သင်တို့အား ငါအမှန်ဆို၏။ ငါ့စကားကို နားထောင်၍ ငါ့ကို စေလွှတ်တော်မူသောဘုရားကို ယုံကြည်သောသူသည် ထာဝရအသက်ကို ရ၏။ ထိုသူသည် ပြစ်ဒဏ်စီရင်ခြင်းမခံရဘဲ သေခြင်းမှ အသက်ရှင်ခြင်းသို့ ကူးပြောင်းရသောသူဖြစ်၏။
အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကို စေလွှတ်တော်မူ၍ ငါသည် ခမည်းတော်ကြောင့် အသက်ရှင်၏။ ထိုကဲ့သို့ပင် ငါ့အသားကို စားသောသူသည် ငါ့ကြောင့် အသက်ရှင်လိမ့်မည်။
ထို့ကြောင့် ချစ်သောညီအစ်ကိုမောင်နှမတို့… ဘုရားသခင် ထားတော်မူသော ကရုဏာတော်တို့ကို ထောက်ရှု၍ သင်တို့ကို ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။ သင်တို့၏ ကိုယ်ခန္ဓာကို ဘုရားသခင်လက်ခံနိုင်ဖွယ်ဖြစ်မည့် သန့်ရှင်းသည့် အသက်ရှင်သောယဇ်အဖြစ် ဆက်ကပ်ကြလော့။ ထိုသို့ဆက်ကပ်ခြင်းသည် ဘုရားသခင်ကို စစ်မှန်စွာ ကိုးကွယ်ခြင်းဖြစ်၏။
ထိုအရှင်သည် ကျွန်ုပ်တို့၏ အပြစ်များကြောင့် အသေခံရန် အပ်နှံခြင်းကို ခံတော်မူခဲ့၏။ ထို့ပြင် ကျွန်ုပ်တို့ကို ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရစေရန်လည်း ရှင်ပြန်ထမြောက်တော်မူခဲ့၏။
ထိုသို့မနေရ။ အပြစ်တရားနှင့် အဆက်ပြတ်ပြီးသော ကျွန်ုပ်တို့သည် ထိုအပြစ်ထဲ၌ မည်သို့အသက်ဆက်ရှင်ရဦးမည်နည်း။
ကျွန်ုပ်တို့၏ဘဝတွင် အပြစ်တရား၏ ကြီးစိုးခြင်းကို ဖျက်ဆီးရန်အတွက် အပြစ်ရှိသော ကျွန်ုပ်တို့၏ လူဟောင်းသည် ခရစ်တော်နှင့်အတူ အသေခံခဲ့ကြောင်းကို ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် အပြစ်တရား၏ ကျေးကျွန် မဟုတ်တော့ပေ။
ခရစ်တော်သည် သင်တို့အထဲ၌ ရှိတော်မူလျှင် သင်တို့၏ ကိုယ်ခန္ဓာသည် အပြစ်ကြောင့် သေရသော်လည်း သင်တို့၏ ဝိညာဉ်မှာမူ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသဖြင့် အသက်ရှင်ရ၏။ အကြောင်းမှာ သင်တို့သည် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရသောကြောင့် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အသက်ပေးပိုင်တော်မူသော ဝိညာဉ်တော်၏ တရားသည် ယေရှုခရစ်တော်အားဖြင့် သင့်ကို အပြစ်တရားနှင့် သေခြင်းတရား၏ လက်မှ လွတ်မြောက်စေသောကြောင့် ဖြစ်၏။
လူ့ဗီဇစိတ်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ဆုံးရလိမ့်မည်။ ဝိညာဉ်တော်နှင့်ဆိုင်သော အရာတို့ကို စွဲလမ်းသောသူသည် အသက်ရှင်၍ ငြိမ်းချမ်းမှုကို ရလိမ့်မည်။
သို့ဖြစ်၍ ခရစ်တော်အတွက်ကြောင့် ခံရသော အားနည်းခြင်း၊ ကဲ့ရဲ့ခြင်း၊ ကျပ်တည်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ခက်ခဲခြင်းတို့ကို ကျွန်ုပ်ကျေနပ်၏။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်သည် အားနည်းသောအခါ ခရစ်တော်၏တန်ခိုးအားဖြင့် အားကြီးလျက်ရှိသောကြောင့်ဖြစ်၏။
ဘုရားသခင်သည် ကျွန်ုပ်တို့အား ပဋိညာဉ်သစ်၏ အမှုကိုဆောင်ရွက်နိုင်သော စွမ်းရည်ကို ပေးတော်မူ၏။ ထိုပဋိညာဉ်သည် စာဖြင့် ရေးသားထားသောပညတ်တရားမဟုတ်၊ ဝိညာဉ်တော်နှင့်ဆိုင်သောတရားဖြစ်၏။ စာဖြင့် ရေးသားထားသောပညတ်တရားသည် အသက်ကို သေစေ၏။ ဝိညာဉ်တော်ကမူ အသက်ကို ရှင်စေတော်မူ၏။
ထို့ကြောင့် ယခုမှစ၍ ကျွန်ုပ်တို့သည် မည်သူ့ကိုမျှ လောကီရှုထောင့်မှ အကဲမဖြတ်ကြတော့ပေ။ တစ်ချိန်က ကျွန်ုပ်တို့သည် ခရစ်တော်ကို လောကီရှုထောင့်မှ အကဲဖြတ်ခဲ့ကြသော်လည်း ယခုတွင်မူ ထိုသို့အကဲမဖြတ်ကြတော့ပေ။
ဝိညာဉ်တော်သည် ကျွန်ုပ်တို့ကို အသက်ရှင်စေသည်ဖြစ်လျှင် ဝိညာဉ်တော်လမ်းညွှန်မှုအတိုင်း အသက်ရှင်ကြစို့။
ထို့ကြောင့် ဘုရားသခင်ကို မသိသောလူမျိုးခြားများကဲ့သို့ မနေထိုင်ကြရန် သခင်ဘုရား၏ အခွင့်အာဏာဖြင့် သင်တို့ကို ကျွန်ုပ် သတိပေးလို၏။ ထိုသူတို့၏ တွေးခေါ်ကြံဆမှုသည် အကျိုးမရှိပေ။
အဘယ်ကြောင့်ဆိုသော် အလင်း၌ ဖော်ပြခံရသော အရာအားလုံးသည် အလင်း ဖြစ်လာသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်သောသူ နိုးလော့။ သေရာမှ ထလော့။ ခရစ်တော်သည် သင့်အပေါ် ထွန်းလင်းတော်မူလိမ့်မည်” ဟု ပြောဆိုခြင်း ဖြစ်၏။
သင်တို့သည် နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ထိုသခင်နှင့်အတူ သင်္ဂြိုဟ်ခံရကြ၏။ ခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်၏ တန်ခိုးတော်ကို ယုံကြည်သဖြင့် သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်စေတော်မူခြင်းကို ခံကြရ၏။
သင်တို့သည် ခရစ်တော်နှင့်အတူ ထမြောက်ပြီဖြစ်၍ ဘုရားသခင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူသည့် ခရစ်တော်တည်ရှိရာ အထက်အရပ်၌ ရှိသော အရာများကို တောင့်တကြလော့။
အပြောအဆိုအားဖြင့်ဖြစ်စေ၊ အပြုအမူအားဖြင့်ဖြစ်စေ ပြုလေသမျှတို့တွင် သခင်ယေရှု၏ နာမတော်ကို ထောက်၍ ပြုကြလော့။ ထိုသခင်ကို အကြောင်းပြု၍ အဖဘုရားသခင်ကို ကျေးဇူးတင်ကြလော့။
သင်တို့ ပြုလေသမျှတို့တွင် လူတို့အတွက် ပြုသကဲ့သို့မဟုတ်ဘဲ သခင်ဘုရားအတွက် ပြုသကဲ့သို့ စိတ်ပါလက်ပါ ပြုကြလော့။
သခင်ယေရှုခရစ်တော်သည် ကျွန်ုပ်တို့အတွက် အသေခံခဲ့သောကြောင့် ကျွန်ုပ်တို့သည် အသက်ရှင်ဆဲရှိသည်ဖြစ်စေ၊ သေလွန်ပြီးသည်ဖြစ်စေ ထိုသခင်နှင့်အတူ အသက်ရှင်ကြလိမ့်မည်။
သခင်ယေရှုသည် ကျွန်ုပ်တို့အား ဒုစရိုက်အမျိုးမျိုးမှ ရွေးနုတ်ရန်နှင့် ကျွန်ုပ်တို့အား မိမိအတွက် စင်ကြယ်စေရန် မိမိအသက်ကို ပေးတော်မူ၏။ ဤသည်မှာ ကျွန်ုပ်တို့သည် ကိုယ်တော်၏ လူများဖြစ်လာ၍ ကောင်းမှုပြုရာတွင် စိတ်အားထက်သန်ကြရန် ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် သေလွန်သောသူတို့သည် သတင်းကောင်းကို ကြားခဲ့ရသောကြောင့်ဖြစ်၏။ သူတို့၏ကိုယ်ခန္ဓာသည် လူ့စံနှုန်းအားဖြင့် တရားစီရင်ခံရသော်လည်း သူတို့၏ဝိညာဉ်သည် ဘုရားသခင့်စံနှုန်းအားဖြင့် အသက်ရှင်နိုင်ရန်ရည်ရွယ်၍ သေလွန်သောသူတို့ကိုပင် သတင်းကောင်းဟောပြောရ၏။
ကျွန်ုပ်တို့သည် သားတော်အားဖြင့် အသက်ရှင်ကြစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူ၏။ ဤနည်းဖြင့် ဘုရားသခင်သည် မိမိ၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား ဖော်ပြတော်မူ၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။