မကြာမီအချိန်တွင် လောကီသားတို့သည် ငါ့ကို မြင်ကြရတော့မည်မဟုတ်။ သို့သော် သင်တို့သည် ငါ့ကို မြင်ကြရလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။
၂ ကော 4:10 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် ဆင်းရဲဒုက္ခခံရခြင်းအားဖြင့် ယေရှုအသေခံတော်မူခြင်းကို ကျွန်ုပ်တို့၏ ကိုယ်ခန္ဓာတွင် အစဉ်ဆောင်ထားကြသည်မှာ ယေရှုအသက်ရှင်တော်မူခြင်းကို ကိုယ်ခန္ဓာတွင် ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။ Common Language Bible သခင်ယေရှုသည်ငါတို့ခန္ဓာတွင်အသက် ရှင်တော်မူကြောင်းပေါ်လွင်စေရန် ငါတို့၏ သေကြေပျက်စီးတတ်သောကိုယ်ခန္ဓာ၌ သခင်ယေရှု၏အသေခံတော်မူသည်ကို အစဉ်မပြတ်ဆောင်ရ၏။- Garrad Bible ငါ တို့ ကိုယ် ခ န္ဓာ တွင် ယေ ရှု၏ အ သက် ရှင် တော် မူ ခြင်း ထင် ရှား စေ ရန် ယေ ရှု၏ အ သေ ခံ တော် မူ ခြင်း ကို ကိုယ် ခ န္ဓာ တွင် အ စဉ် တင် ဆောင် လျက် နေ ရ ကြ ၏။ Judson Bible သခင်ယေရှုသည် အသက်ရှင်တော်မူကြောင်းကို ငါတို့ကိုယ်ခန္ဓာ၌ ထင်ရှားစေခြင်းငှာ၊ ယေရှု၏သေတော်မူခြင်းကို အစဉ်မပြတ် ငါတို့၏ကိုယ်ခန္ဓာ၌ ဆောင်ရကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှု၏အသက်ရှင်တော်မူခြင်းသည် ငါတို့၏ကိုယ်ခန္ဓာ၌ ထင်ရှားမည့်အကြောင်း ယေရှု၏အသေခံတော်မူခြင်းကို ငါတို့ကိုယ်ခန္ဓာ၌ အစဉ်ဆောင်ထားကြ၏။ |
မကြာမီအချိန်တွင် လောကီသားတို့သည် ငါ့ကို မြင်ကြရတော့မည်မဟုတ်။ သို့သော် သင်တို့သည် ငါ့ကို မြင်ကြရလိမ့်မည်။ ငါသည် အသက်ရှင်သောကြောင့် သင်တို့သည်လည်း အသက်ရှင်ကြလိမ့်မည်။
ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ ပေါင်းစည်းလျက် အသေခံခဲ့ပြီးဖြစ်လျှင် ခရစ်တော်ကဲ့သို့ အသက်ရှင်ထမြောက်ကြရမည်ဖြစ်၏။
ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ အသေခံခဲ့ပြီးဖြစ်၍ ခရစ်တော်နှင့်အတူ အသက်ရှင်ရမည်ကို ယုံကြည်ကြ၏။
ကျမ်းစာ၌ “ကျွန်ုပ်တို့သည် အရှင့်အတွက် တစ်နေ့လုံးသေဘေးနှင့် ရင်ဆိုင်ကြရ၏။ သူတစ်ပါးတို့သည် အကျွန်ုပ်တို့ကို သတ်ရန် လျာထားသည့် သိုးများကဲ့သို့ သတ်မှတ်ကြ၏” ဟု ဖော်ပြထား၏။
ခရစ်တော်ကြောင့် ကျွန်ုပ်တို့ ကြုံတွေ့ရသော ဆင်းရဲဒုက္ခသည် များပြားလှသည်နည်းတူ ခရစ်တော်အားဖြင့် ကျွန်ုပ်တို့ ခံစားရသော နှစ်သိမ့်မှုသည်လည်း များပြားလှ၏။
သေဒဏ်စီရင်ခြင်းခံရပြီဟု ပင် ကျွန်ုပ်တို့ထင်မှတ်ခဲ့ကြ၏။ သို့သော် ဤသို့ဖြစ်ပျက်ရခြင်းက ကျွန်ုပ်တို့သည် မိမိကိုယ်ကိုယ် အားမကိုးဘဲ သေလွန်သောသူတို့ကို ပြန်ရှင်စေတော်မူသော ဘုရားသခင်ကိုသာ အားကိုးရန် ဖြစ်၏။
ကိုယ်တော်သည် လက်ဝါးကပ်တိုင်တွင် အသေခံခဲ့စဉ် လူသားအနေဖြင့် အားနည်းသောအခြေအနေ၌ ရှိခဲ့သော်လည်း ယခုအခါ ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် အသက်ရှင်တော်မူ၏။ ကျွန်ုပ်တို့သည်လည်း ခရစ်တော်နည်းတူ အားနည်းကြ၏။ သို့သော် ဘုရားသခင်၏ တန်ခိုးတော်အားဖြင့် ကိုယ်တော်နှင့်အတူ အသက်ရှင်မည်ဖြစ်၍ သင်တို့ကို အပြစ်ပေးရာ၌ဖြစ်စေ၊ ကူညီမစရာ၌ဖြစ်စေ အားနည်းကြမည်မဟုတ်ပေ။
သေမျိုးဖြစ်သော ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ၌ ယေရှုအသက်ရှင်တော်မူကြောင်း ပေါ်လွင်ထင်ရှားနိုင်ရန် အသက်ရှင်စဉ်ကာလတွင် ကျွန်ုပ်တို့သည် ယေရှုကိုအစေခံ၍ အစဉ်မပြတ် သေဘေးနှင့် ရင်ဆိုင်ကြရ၏။
ယခုမှစ၍ မည်သူမျှ ကျွန်ုပ်ကို မနှောင့်ယှက်ပါစေနှင့်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်၏ ကိုယ်ခန္ဓာတွင် ရှိသော ဒဏ်ရာဒဏ်ချက်များက ကျွန်ုပ်သည် ယေရှုခရစ်တော်နှင့်ဆိုင်သောသူဖြစ်ကြောင်း ဖော်ပြလျက် ရှိသောကြောင့် ဖြစ်၏။
ယခုအခါ ကျွန်ုပ်သည် သင်တို့အတွက် ဆင်းရဲဒုက္ခခံရသည်ကို ဝမ်းမြောက်၍ ခရစ်တော်ကိုယ်စား ဆင်းရဲဒုက္ခခံကာ ကြွင်းကျန်နေသေးသော ဆင်းရဲဒုက္ခကို ကိုယ်တော်၏ ကိုယ်ခန္ဓာဖြစ်သော အသင်းတော်အတွက် ကျွန်ုပ်၏ ခန္ဓာသွေးသားဖြင့် ဖြည့်ဆည်းနေ၏။
အောက်ပါစကားသည် ယုံကြည်စိတ်ချရသည့်စကားဖြစ်၏။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ သေလျှင် ကိုယ်တော်နှင့်အတူ အသက်ရှင်လိမ့်မည်။
ခရစ်တော်၏ ဆင်းရဲဒုက္ခကို မျှဝေခံစားကြရသည့်အတွက် ဝမ်းမြောက်ကြလော့။ သို့မှသာ ကိုယ်တော်၏ ဘုန်းတော်ထင်ရှားသောအခါ သင်တို့အလွန်ဝမ်းမြောက်ရလိမ့်မည်။
သင်တို့သည် ခရစ်တော်၏တပည့်တော်များဖြစ်သောကြောင့် ကဲ့ရဲ့ခံရလျှင် မင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ ဘုန်းကြီးသောဝိညာဉ်တော်သည် သင်တို့၌ ကိန်းဝပ်တော်မူသောကြောင့်ဖြစ်၏။
ထိုသူကို တွေ့သောအခါ ကျွန်ုပ်သည် သေသွားသကဲ့သို့ သူ၏ ခြေရင်း၌ လဲကျသွား၏။ ထိုအခါ သူသည် လက်ယာလက်ကို ကျွန်ုပ်အပေါ်တင်၍ အောက်ပါအတိုင်း ဆို၏။ “မကြောက်နှင့်။ ငါသည် အစဦးဆုံးသောသူနှင့် နောက်ဆုံးသောသူဖြစ်၏။