Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရော​မ 6:5 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 ကျွန်ုပ်တို့​သည် ခရစ်တော်​နှင့်အတူ ပေါင်းစည်း​လျက် အသေခံခဲ့ပြီး​ဖြစ်​လျှင် ခရစ်တော်​ကဲ့သို့ အသက်ရှင်​ထမြောက်ကြရမည်​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

5 အ​ဘယ်​ကြောင့်​ဆို​သော်​ကိုယ်​တော်​နှင့်​တစ်​လုံး တစ်​ဝ​တည်း​ဖြစ်​လျက်​သေ​ကြ​ပါ​မူ ကိုယ်​တော် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​တော်​မူ​သ​ကဲ့​သို့ ငါ​တို့​သည်​ကိုယ်​တော်​နှင့်​တစ်​လုံး​တစ်​ဝ​တည်း ဖြစ်​လျက် သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက်​ကြ မည်​ဖြစ်​သော​ကြောင့်​တည်း။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5-7 သေ တော် မူ ခြင်း စံ တော် နှင့် ပူး စိုက် ခြင်း ခံ သည် မှန် လျှင် သေ လွန် ခဲ့ သူ သည် အ ပြစ် နှင့် တ ရား သေ လွတ် ပြီး သည့် အ လျောက် အ ပြစ် တ ရား တည် ရာ ခ န္ဓာ ပျက် သ ဖြင့် ထို တ ရား အောက် ဆက် လက် ကျွန် မ ခံ ရ စေ ရန် ငါ တို့၏ လူ ဟောင်း ကို ကိုယ် တော် နှင့် တ ကွ ကား တင် ကြောင်း သိ မှတ် သော ငါ တို့ သည် ရှင် ပြန် ထ မြောက် တော် မူ ခြင်း စံ တော် နှင့် ပူး စိုက် ခြင်း ခံ ကြ ရ လိမ့် မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 တစ်​နည်း​ကား၊ အ​သေ​ခံ​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍၊ ထို​သ​ခင်​နှင့်​အ​တူ ငါ​တို့​သည် စိုက်​ပျိုး​လျက်​ရှိ​သည်​မှန်​လျှင်၊ ထ​မြောက်​တော်​မူ​ခြင်း၏ ပုံ​သ​ဏ္ဌာန်​ကို​ဆောင်၍ စိုက်​ပျိုး​လျက်​ရှိ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 အကြောင်းမူကား ငါ​တို့​သည် ခရစ်တော်​၏​အသေခံ​တော်မူ​ခြင်း​နှင့်​တူညီ​သော​သဏ္ဌာန်​၌ ကိုယ်တော်​နှင့်အတူ​ပေါင်းစည်း​ကြ​သည်​ဆိုလျှင် ကိုယ်တော်​၏​ရှင်ပြန်​ထမြောက်​ခြင်း​သဏ္ဌာန်​ကို​လည်း ဧကန်​အမှန်​ဆောင်​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရော​မ 6:5
12 ပူးပေါင်းရင်းမြစ်များ  

ယေရှု​က “ကောင်းကင်ဘုံရှင် ငါ​၏​ခမည်းတော် မစိုက်ပျိုးသော​အပင်​ရှိသမျှတို့​သည် အမြစ်​မှ​နုတ်ယူခြင်း​ခံရ​လိမ့်မည်။


သင်တို့​အား ငါ​အမှန်​ဆို၏။ ဂျုံစေ့​သည် မြေ​၌​ကျ​၍ မပျက်စီး​လျှင် အစေ့​တစ်စေ့တည်း​အဖြစ်သာ ရှိနေ၏။ သို့သော် ပျက်စီး​လျှင် ဂျုံစေ့​များစွာ​ကို ဖြစ်ထွန်းစေတတ်၏။


ကျွန်ုပ်တို့​သည် ဆင်းရဲဒုက္ခ​ခံရခြင်း​အားဖြင့် ယေရှု​အသေခံတော်မူခြင်း​ကို ကျွန်ုပ်တို့​၏ ကိုယ်ခန္ဓာ​တွင် အစဉ်​ဆောင်ထားကြသည်​မှာ ယေရှု​အသက်ရှင်တော်မူခြင်း​ကို ကိုယ်ခန္ဓာ​တွင် ပေါ်လွင်​ထင်ရှား​စေရန်​ဖြစ်၏။


သင်တို့​သည် နှစ်ခြင်း​မင်္ဂလာ​ခံယူခြင်း​ဖြင့် ထို​သခင်​နှင့်အတူ သင်္ဂြိုဟ်ခံရကြ၏။ ခရစ်တော်​ကို သေခြင်း​မှ ရှင်ပြန်ထမြောက်စေတော်မူသော ဘုရားသခင်​၏ တန်ခိုးတော်​ကို ယုံကြည်​သဖြင့် သင်တို့​သည် ခရစ်တော်​နှင့်အတူ ထမြောက်စေတော်မူခြင်း​ကို ခံကြရ၏။


သင်တို့​သည် ခရစ်တော်​နှင့်​အတူ ထမြောက်ပြီ​ဖြစ်၍ ဘုရားသခင်​၏ လက်ယာတော်​ဘက်​၌ ထိုင်တော်မူသည့် ခရစ်တော်​တည်ရှိရာ အထက်​အရပ်​၌ ရှိသော အရာများ​ကို တောင့်တကြလော့။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ