ပုပ်ပျက်တတ်သောခန္ဓာသည် မပုပ်ပျက်နိုင်သောခန္ဓာအဖြစ်သို့ လည်းကောင်း၊ သေတတ်သောခန္ဓာသည် မသေနိုင်သောခန္ဓာအဖြစ်သို့လည်းကောင်း ပြောင်းလဲလာသောအခါ “သေခြင်းတရားသည် အောင်မြင်ခြင်း၌ နစ်မြုပ်လေပြီ” ဟု ရေးထားသောကျမ်းအတိုင်း ဖြစ်လာလိမ့်မည်။
၂ ကော 2:7 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုအချိန်သည် သူ့ကို ခွင့်လွှတ်၍ နှစ်သိမ့်ရမည့်အချိန်ဖြစ်၏။ ထိုသို့မဟုတ်လျှင် သူသည် အလွန်အကျွံ ဝမ်းနည်းခြင်းထဲ၌ နစ်မြုပ်သွားလိမ့်မည်။ Common Language Bible ထိုသူသည်မခံမရပ်နိုင်လောက်အောင်ဝမ်း နည်းမှုမဖြစ်စေရန် ယခုသူ့အားသင်တို့ အပြစ်လွှတ်၍နှစ်သိမ့်အားပေးကြလော့။- Garrad Bible လွန် စွာ ပူ ပန် ခြင်း၌ မ နစ် မွန်း စေ ရန် ချမ်း သာ ပေး လျက် နှစ် သိမ့် စေ လျှင် သင့် လျော်၏။ Judson Bible သို့ဖြစ်၍ ထိုသို့သောသူသည် ဝမ်းနည်းခြင်း အားကြီးလျက်၊ မိန်းမောတွေဝေခြင်း မရှိစေခြင်းငှာ၊ သင်တို့သည် ခြားနားသောအားဖြင့် သူ၏အပြစ်ကို လွှတ်၍ သူ့ကိုနှစ်သိမ့်စေခြင်းငှာ ပြုသင့်၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ယခုအခါတွင် သင်တို့သည် သူ့ကိုခွင့်လွှတ်၍ နှစ်သိမ့်ပေးသင့်၏။ သို့မဟုတ်လျှင် သူသည် ကြီးစွာသောဝမ်းနည်းခြင်း၌ နစ်မွန်းသွားလိမ့်မည်။ |
ပုပ်ပျက်တတ်သောခန္ဓာသည် မပုပ်ပျက်နိုင်သောခန္ဓာအဖြစ်သို့ လည်းကောင်း၊ သေတတ်သောခန္ဓာသည် မသေနိုင်သောခန္ဓာအဖြစ်သို့လည်းကောင်း ပြောင်းလဲလာသောအခါ “သေခြင်းတရားသည် အောင်မြင်ခြင်း၌ နစ်မြုပ်လေပြီ” ဟု ရေးထားသောကျမ်းအတိုင်း ဖြစ်လာလိမ့်မည်။
သို့ဖြစ်၍ သင်တို့သည် သူ့အပေါ် အမှန်တကယ်မေတ္တာထားကြောင်းကို ရှင်းလင်းစွာ ပြရန် ကျွန်ုပ်တိုက်တွန်းနှိုးဆော်လို၏။
ကျွန်ုပ်တို့သည် ဤလောကီခန္ဓာတွင် ရှိနေစဉ် လေးလံသောဝန်ကို ထမ်းရသောကြောင့် ညည်းတွားကြရ၏။ ထိုသို့ ညည်းတွားကြသည်မှာ ဤလောကီခန္ဓာမှ ထွက်ခွာလိုသောကြောင့် မဟုတ်ဘဲ သေတတ်သောအရာကို ထာဝရအသက်ရှင်ခြင်းဖြင့် အစားထိုးနိုင်ရန် ကောင်းကင်ဘုံရှိ ကိုယ်ခန္ဓာကို ဝတ်ဆင်လိုသောကြောင့် ဖြစ်၏။
ဘုရားသခင်၏ အလိုတော်နှင့်ညီသော ဝမ်းနည်းခြင်းသည် ကယ်တင်ခြင်းကို ရရှိစေမည့် နောင်တစိတ်ကို ဖြစ်ပေါ်စေပြီး ပူဆွေးဝမ်းနည်းရခြင်းမျိုး မရှိပေ။ သို့သော် လောကီနှင့်ဆိုင်သော ဝမ်းနည်းခြင်းသည် သေခြင်းတရားကို ဖြစ်ပေါ်စေ၏။
သင်တို့သည် တစ်ဦးကို တစ်ဦး ကျေးဇူးပြုကြလော့။ သနားကြင်နာကြလော့။ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့ကို ခွင့်လွှတ်တော်မူသကဲ့သို့ သင်တို့သည်လည်း တစ်ဦးကို တစ်ဦး ခွင့်လွှတ်ကြလော့။
သူသည် အမှန်တကယ် သေလုနီးပါး နာမကျန်းဖြစ်ခဲ့၏။ သို့သော် ဘုရားသခင်သည် သူ့ကို သနားတော်မူ၏။ သူ့ကိုသာ သနားတော်မူသည်မဟုတ်ဘဲ ကျွန်ုပ်၌ တစ်ပူပေါ်နှစ်ပူဆင့် မဖြစ်ရလေအောင် ကျွန်ုပ်ကိုလည်း သနားတော်မူ၏။
တစ်ဦးနှင့်တစ်ဦး အပြစ်တင်စရာရှိလျှင် အချင်းချင်း သည်းခံ၍ ခွင့်လွှတ်ကြလော့။ သခင်ဘုရားသည် သင်တို့ကို ခွင့်လွှတ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း ခွင့်လွှတ်ကြလော့။
ညီအစ်ကိုမောင်နှမတို့… သေလွန်ပြီးသော သူများနှင့် ပတ်သက်၍ သင်တို့ မသိဘဲမနေစေလိုပါ။ သို့မှသာ မျှော်လင့်ချက်မဲ့သော မယုံကြည်သူများ ဝမ်းနည်းသကဲ့သို့ သင်တို့သည် ဝမ်းနည်းရမည်မဟုတ်။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်တို့ သွန်သင်ခဲ့သည့် ဓလေ့ထုံးတမ်းအတိုင်း မလိုက်နာဘဲ ပျင်းရိလေလွင့်နေသော ယုံကြည်သူတို့နှင့် မပေါင်းဖော်ရန် ယေရှုခရစ်တော်၏ အခွင့်အာဏာဖြင့် ကျွန်ုပ်တို့သည် သင်တို့ကို ညွှန်ကြားလိုက်ပါ၏။