ထိုအခါ ထိုဒေသတွင်နေထိုင်သော လူမျိုးခြားအမျိုးသမီးတစ်ဦးသည် အထံတော်သို့လာ၍ “အို သခင်… ဒါဝိဒ်မင်း၏သားတော်… ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူးသဖြင့် နတ်ဆိုးနှိပ်စက်ခြင်းကို ခံနေရပါသည်” ဟု အော်ဟစ်၍ လျှောက်လေ၏။
၂ ကော 2:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း တစ်စုံတစ်ယောက်သည် အပြစ်ကျူးလွန်ခြင်းအားဖြင့် ဝမ်းနည်းစရာဖြစ်စေလျှင် သူသည် ကျွန်ုပ်ကို ဝမ်းနည်းစေသည်ထက် အတိုင်းအတာတစ်ခုအထိ သင်တို့အားလုံးကို ပို၍ ဝမ်းနည်းစေသည်ဟု ကျွန်ုပ်ပြောလျှင် လွန်ရာကျမည်မဟုတ်ပါ။ Common Language Bible တစ်စုံတစ်ယောက်သည်လူတစ်ဦးအားဝမ်းနည်း စေသောအခါငါ့အားသာမက သင်တို့အားလုံး ကိုမဟုတ်လျှင်သင်တို့အချို့အဝက်ကိုလည်း ဝမ်းနည်းစေသည်။ (ထိုသူကိုကျပ်တည်းစွာ မစီရင်လို၍ဤသို့ဆိုခြင်းဖြစ်သည်။-) Garrad Bible ပူ ပန် စေ သူ ရှိ လျှင် ငါ့ ကို သာ မ ဟုတ်။ သင် တို့ ရှိ သ မျှ ကို မ နည်း မ များ ပူ ပန် စေ ကြောင်း အ ပြစ် ကြီး မ တင် လို၍ ငါ ဆို၏။ Judson Bible တစ်စုံတစ်ယောက်သောသူသည် ဝမ်းနည်းခြင်းအကြောင်းကို ပြုသည်မှန်လျှင်၊ သင်တို့တွင် အချို့သော သူတို့အားဖြင့်သာ ငါ့ကို ဝမ်းနည်းစေ၏။ သင်တို့ရှိသမျှကို ကျပ်တည်းစွာ မစီရင်လို။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် တစ်စုံတစ်ယောက်သည် ဝမ်းနည်းခြင်းကိုဖြစ်စေခဲ့လျှင် သူသည် ငါ့ကိုဝမ်းနည်းစေသည်မဟုတ်ဘဲ မယုတ်မလွန်ပြောရလျှင် အတိုင်းအတာတစ်ခုအထိ သင်တို့အားလုံးကိုဝမ်းနည်းစေခဲ့၏။ |
ထိုအခါ ထိုဒေသတွင်နေထိုင်သော လူမျိုးခြားအမျိုးသမီးတစ်ဦးသည် အထံတော်သို့လာ၍ “အို သခင်… ဒါဝိဒ်မင်း၏သားတော်… ကျွန်မကို သနားတော်မူပါ။ ကျွန်မ၏သမီးသည် နတ်ဆိုးပူးသဖြင့် နတ်ဆိုးနှိပ်စက်ခြင်းကို ခံနေရပါသည်” ဟု အော်ဟစ်၍ လျှောက်လေ၏။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည်လည်း လူမျိုးခြားဖြစ်သော သင်တို့ကဲ့သို့ ဖြစ်လာခဲ့သည့်နည်းတူ သင်တို့သည်လည်း ပညတ်တရားလက်အောက်မှ လွတ်ခွင့်ရသော ကျွန်ုပ်ကဲ့သို့ ဖြစ်လာကြရန် ကျွန်ုပ်တောင်းပန်ပါ၏။ သင်တို့သည် ကျွန်ုပ်အပေါ် မပြစ်မှားခဲ့ကြ။
ကျွန်ုပ်အယူနှင့် ကွဲလွဲသောအယူကို သင်တို့လက်ခံမည်မဟုတ်ကြောင်း သခင်ဘုရားသည် ကျွန်ုပ်ကို ယုံကြည်စိတ်ချစေတော်မူ၏။ သင်တို့ကို စိတ်ရှုပ်ထွေးစေသောသူ မည်သူမဆို ပြစ်ဒဏ်စီရင်ခံရမည်။