Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၂ ကော 2:5 - Common Language Bible

5 တစ်​စုံ​တစ်​ယောက်​သည်​လူ​တစ်​ဦး​အား​ဝမ်း​နည်း စေ​သော​အ​ခါ​ငါ့​အား​သာ​မ​က သင်​တို့​အား​လုံး ကို​မ​ဟုတ်​လျှင်​သင်​တို့​အချို့​အ​ဝက်​ကို​လည်း ဝမ်း​နည်း​စေ​သည်။ (ထို​သူ​ကို​ကျပ်​တည်း​စွာ မ​စီ​ရင်​လို​၍​ဤ​သို့​ဆို​ခြင်း​ဖြစ်​သည်။-)

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

5 ပူ ပန် စေ သူ ရှိ လျှင် ငါ့ ကို သာ မ ဟုတ်။ သင် တို့ ရှိ သ မျှ ကို မ နည်း မ များ ပူ ပန် စေ ကြောင်း အ ပြစ် ကြီး မ တင် လို၍ ငါ ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

5 တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ဝမ်း​နည်း​ခြင်း​အ​ကြောင်း​ကို ပြု​သည်​မှန်​လျှင်၊ သင်​တို့​တွင် အ​ချို့​သော သူ​တို့​အား​ဖြင့်​သာ ငါ့​ကို ဝမ်း​နည်း​စေ၏။ သင်​တို့​ရှိ​သ​မျှ​ကို ကျပ်​တည်း​စွာ မ​စီ​ရင်​လို။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

5 သို့သော် တစ်စုံတစ်ယောက်​သည် ဝမ်းနည်း​ခြင်း​ကို​ဖြစ်​စေ​ခဲ့​လျှင် သူ​သည် ငါ့​ကို​ဝမ်းနည်း​စေ​သည်​မ​ဟုတ်​ဘဲ မ​ယုတ်​မ​လွန်​ပြော​ရ​လျှင် အတိုင်းအတာ​တစ်​ခု​အထိ သင်​တို့​အားလုံး​ကို​ဝမ်းနည်း​စေ​ခဲ့​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

5 တစ်စုံတစ်ယောက်​သည် အပြစ်​ကျူးလွန်ခြင်း​အားဖြင့် ဝမ်းနည်းစရာ​ဖြစ်စေ​လျှင် သူ​သည် ကျွန်ုပ်​ကို ဝမ်းနည်းစေသည်​ထက် အတိုင်းအတာ​တစ်ခု​အထိ သင်တို့​အားလုံး​ကို ပို၍ ဝမ်းနည်းစေသည်​ဟု ကျွန်ုပ်​ပြော​လျှင် လွန်ရာကျမည်​မဟုတ်ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ




၂ ကော 2:5
6 ပူးပေါင်းရင်းမြစ်များ  

မိုက်သော သူသည် အဘဝမ်းနည်းစရာ အကြောင်း၊ မွေးသော အမိစိတ်ညစ်စရာအကြောင်း ဖြစ်၏။


ထို​ဒေသ​တွင်​နေ​ထိုင်​သူ​ခါ​နာန်​အ​မျိုး​သ​မီး တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​ပြီး​လျှင် ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ ကျွန်​မ​ကို​သ​နား တော်​မူ​ပါ။ ကျွန်​မ​၏​သ​မီး​သည်​နတ်​မိစ္ဆာ​ပူး ဝင်​နေ​သ​ဖြင့်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ခံ​လျက် နေ​ပါ​သည်'' ဟု​လျှောက်​၏။


ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ငါ​ကဲ့​သို့​ဖြစ်​ကြ​ရန် ငါ​တောင်း​ပန်​၏။ ငါ​သည်​သင်​တို့​ကဲ့​သို့​ပင်​ဖြစ်​၏။ သင်​တို့​သည်​ငါ့​အား​အ​ဘယ်​သို့​မျှ​မ​ပြစ်​မှား ခဲ့​ကြ။-


သို့​ရာ​တွင်​ငါ​သည်​သင်​တို့​ကို ယ​နေ့​တိုင်​အောင် ယုံ​ကြည်​စိတ်​ချ​ခြင်း​ရှိ​၏။ ငါ​နှင့်​သင်​တို့​သည် သ​ခင်​ဘု​ရား​၌​တစ်​လုံး​တစ်​ဝ​တည်း​ဖြစ်​ကြ သ​ဖြင့် သင်​တို့​သည်​ကွဲ​လွဲ​သော​အ​ယူ​ကို လက်​ခံ​ကြ​လိမ့်​မည်​မ​ဟုတ်​ဟု ငါ​ယုံ​ကြည် စိတ်​ချ​၏။ သို့​ရာ​တွင်​သင်​တို့​အား​နှောင့်​ယှက် သူ​မည်​သူ​မ​ဆို ဘု​ရား​သ​ခင်​၏​အ​ပြစ်​ဒဏ် ခတ်​တော်​မူ​ခြင်း​ကို​ခံ​ရ​မည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ