လက်ဝါးကပ်တိုင်နှင့်ဆိုင်သော သတင်းစကားသည် ပျက်စီးမည့်သူတို့အတွက် မိုက်မဲသောသတင်းစကားဖြစ်၏။ ကယ်တင်ခြင်းခံရသည့် ကျွန်ုပ်တို့အတွက်မှာမူ ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။
၂ ကော 2:15 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းခံရသောသူတို့ထဲ၌လည်းကောင်း၊ ဖျက်ဆီးခြင်းခံရသောသူတို့ထဲ၌လည်းကောင်း ဘုရားသခင်အတွက် ခရစ်တော်၏ မွှေးကြိုင်သောရနံ့ဖြစ်ကြသောကြောင့်ပင် ဖြစ်၏။ Common Language Bible ငါတို့သည်ဘုရားသခင်အားခရစ်တော်ပူဇော် သည့်မွှေးကြိုင်သောနံ့သာရနံ့နှင့်တူကြ၏။ ထို ရနံ့သည်ကယ်တင်ခြင်းခံရဆဲဖြစ်သူတို့ထံ သို့လည်းကောင်း၊ ပျက်စီးဆုံးပါးဆဲဖြစ်သူတို့ ထံသို့လည်းကောင်းပျံ့နှံ့၍သွားလေသည်။- Garrad Bible အ သို့ ဆို သော် ငါ တို့ သည် ကယ် တင် ရာ ရောက် လျက် နေ သူ တို့၌လည်း ကောင်း၊ ပျက် စီး ရာ ရောက် လျက် နေ သူ တို့၌ လည်း ကောင်း၊ ဘု ရား သ ခင့် ရှေ့ ခ ရစ် တော်၏ အ မွေး အ ကြိုင် ဖြစ် သည့် အ လျောက်၊ Judson Bible အဘယ်သို့နည်း ဟူမူကား၊ ငါတို့သည် ကယ်တင်သော သူတို့၌လည်းကောင်း၊ ဆုံးရှုံးသော သူတို့၌လည်းကောင်း၊ ဘုရားသခင်အား ခရစ်တော်၏ အမွှေးအကြိုင်ဖြစ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ငါတို့သည် ကယ်တင်ခြင်းခံရသောသူတို့တွင်လည်းကောင်း၊ ပျက်စီးခြင်းသို့ရောက်သောသူတို့တွင်လည်းကောင်း ဘုရားသခင်ရှေ့တော်၌ ခရစ်တော်၏မွှေးကြိုင်သောရနံ့ဖြစ်ကြ၏။ |
လက်ဝါးကပ်တိုင်နှင့်ဆိုင်သော သတင်းစကားသည် ပျက်စီးမည့်သူတို့အတွက် မိုက်မဲသောသတင်းစကားဖြစ်၏။ ကယ်တင်ခြင်းခံရသည့် ကျွန်ုပ်တို့အတွက်မှာမူ ဘုရားသခင်၏ တန်ခိုးတော်ဖြစ်၏။
ခရစ်တော်သည် ကျွန်ုပ်တို့ကို ချစ်တော်မူ၍ ကျွန်ုပ်တို့အတွက် မိမိကိုယ်ကိုယ် မွှေးကြိုင်သောပူဇော်စရာယဇ်အဖြစ် ဘုရားသခင်ထံ ဆက်သတော်မူသကဲ့သို့ သင်တို့သည်လည်း မေတ္တာပွားလျက် ပြုမူနေထိုင်ကြလော့။
ယခုအခါ ကျွန်ုပ်၌ လိုအပ်သောအရာများအားလုံးကို လက်ခံရရှိ၍ ကြွယ်ဝလျက် ရှိပြီ။ သင်တို့ ရက်ရောစွာ ပေးလိုက်သောအရာတို့ကို ဧပဖြောဒိတ်ထံမှ လက်ခံရရှိ၍ ပြည့်စုံလျက် ရှိ၏။ ထိုအရာတို့သည် မွှေးကြိုင်သောပူဇော်စရာ၊ ဘုရားသခင် လက်ခံနှစ်သက်တော်မူသောယဇ် ဖြစ်ကြ၏။
ထို့နောက် ပျက်စီးတော့မည့်သူတို့ကို မတရားသော နည်းပရိယာယ်အမျိုးမျိုးဖြင့် လှည့်ဖြားလိမ့်မည်။ သူတို့ပျက်စီးတော့မည့် အကြောင်းအရင်းသည် ကယ်တင်ခံရရန် သမ္မာတရားကို နှစ်သက်လက်ခံခြင်း မရှိသောကြောင့်ဖြစ်၏။