၂ ကော 1:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ ဘုရားသခင်သည် ကျွန်ုပ်တို့၏ ကရုဏာရှင်အဖဖြစ်ပြီး နည်းမျိုးစုံဖြင့် နှစ်သိမ့်ပေးတော်မူသောဘုရားလည်း ဖြစ်တော်မူ၏။ Common Language Bible နှစ်သိမ့်မှု၏အရှင်၊ ကရုဏာတော်နှင့်ပြည့်စုံ ကြွယ်ဝတော်မူသောအဖ၊ ငါတို့၏အရှင် ယေရှုခရစ်၏ခမည်းတော်ဘုရားသခင်၏ ဂုဏ်ကျေးဇူးတော်ကိုငါတို့ချီးမွမ်းကြ ကုန်စို့။- Garrad Bible ဘု ရား သ ခင် ကြောင့် ငါ တို့ ခံ ရ သော နှစ် သိမ့် ခြင်း အား ဖြင့် မည် သည့် ဒု က္ခ မ ဆို ခံ နေ ရ သူ တို့ ကို နှစ် သိမ့် စေ ခွင့် ရှိ အံ့ သော ငှာ ငါ တို့ ခံ သ မျှ သော ဒု က္ခ၌ နှစ် သိမ့် စေ တော် မူ သည့် အ လျောက် က ရု ဏာ သက် တော် မူ သော အ ဘ၊ နှစ် သိမ့် ခြင်း အ မျိုး မျိုး ပေး တော် မူ သော ဘု ရား၊ ငါ တို့ အ ရှင် ယေ ရှု ခ ရစ်၏ ခ မည်း တော် ဘု ရား သခင် ၌ မင်္ဂ လာ ရှိ ၏။ Judson Bible သနားခြင်းကရုဏာ၏အဘ၊ သက်သာခြင်း အမျိုးမျိုးတို့၏အရှင်တည်းဟူသော ငါတို့ သခင်ယေရှုခရစ်၏ ခမည်းတော် ဘုရားသခင်သည် မင်္ဂလာရှိတော်မူစေတည်း။- မြန်မာ့စံမီသမ္မာကျမ်း ငါတို့သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်၊ သက်ညှာခြင်းနှင့်ပြည့်စုံတော်မူသောအဖတည်းဟူသော နှစ်သိမ့်ခြင်းအလုံးစုံတို့ကိုပေးတော်မူသောဘုရားသခင်သည် မင်္ဂလာရှိပါစေသော။ |
ယေရှုက “ငါသည် ခမည်းတော်ထံသို့ မတက်ရသေးသဖြင့် ငါ့ကို မထိနှင့်ဦး။ ငါ့တပည့်တို့ထံ သွား၍ ‘ငါ့အဖဟူသော သင်တို့၏အဖ၊ ငါ့ဘုရားသခင်ဟူသော သင်တို့၏ ဘုရားသခင်ထံသို့ ငါတက်သွားရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။
ကျွန်ုပ်လိမ်လည်၍ မပြောကြောင်းကို သခင်ယေရှု၏ ခမည်းတော်ဖြစ်တော်မူသော ထာဝရမင်္ဂလာရှိတော်မူသည့်ဘုရားသခင် သိတော်မူ၏။
သို့သော်လည်း အားငယ်သောသူတို့ကို နှစ်သိမ့်ပေးတော်မူသော ဘုရားသခင်သည် တိတုရောက်လာခြင်းအားဖြင့် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူ၏။
ကျွန်ုပ်ဆုတောင်းသည်က ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ဘုရားသခင် ဖြစ်တော်မူသည့် ဘုန်းကြီးသော အဖခမည်းတော်သည် ဝိညာဉ်ရေးရာဉာဏ်ပညာနှင့် ဗျာဒိတ်တော်ကို သင်တို့အား ပေးသနားတော်မူရန် ဖြစ်၏။ သို့မှသာ သင်တို့သည် ခမည်းတော်အကြောင်းကို ပို၍ သိကြမည် ဖြစ်၏။
ကျွန်ုပ်တို့ကို ခရစ်တော်နှင့်တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ကောင်းကင်အရပ်ရှိ ဝိညာဉ်ရေးရာ ကောင်းချီးမင်္ဂလာများကို ပေးသနားတော်မူသော ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ အဖဘုရားသခင်သည် မင်္ဂလာရှိပါစေသော။
“ယေရှုခရစ်တော်သည် သခင်ဖြစ်တော်မူသည်” ဟု နှုတ်ဖြင့် ဝန်ခံလျက် ခမည်းတော်ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားကြစေရန် ဖြစ်၏။
ကျွန်ုပ်တို့သည် သင်တို့အတွက် ဆုတောင်းတိုင်း ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ ခမည်းတော်ဘုရားသခင်ကို အစဉ်ကျေးဇူးတင်ကြ၏။
ကျွန်ုပ်တို့ သခင်ယေရှုခရစ်တော်၏ခမည်းတော်ဘုရားသခင်ကို ချီးမွမ်းကြလော့။ ဘုရားသခင်သည် မိမိ၏ကြီးမြတ်သောကရုဏာတော်ကြောင့် သခင်ယေရှုခရစ်တော်ကို သေခြင်းမှ ရှင်ပြန်ထမြောက်စေတော်မူခြင်းအားဖြင့် ကျွန်ုပ်တို့ကို အသစ်တစ်ဖန်မွေးဖွားစေပြီး ခိုင်မြဲသောမျှော်လင့်ချက်ရှိစေတော်မူ၏။
ကျွန်ုပ်တို့အား ခမည်းတော်ပညတ်တော်မူသည့်အတိုင်း သင်၏သားသမီးတချို့သည် သမ္မာတရား၌ ကျင်လည်သည်ကို တွေ့ရသဖြင့် ကျွန်ုပ်အလွန်ဝမ်းမြောက်၏။
ခရစ်တော်၏ သွန်သင်ချက်အတိုင်း မရပ်တည်ဘဲ ၎င်းကို ကျော်လွန်သောသူတိုင်းသည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းမဟုတ်ပေ။ သွန်သင်ချက်အတိုင်း ရပ်တည်သောသူသည် ခမည်းတော်နှင့် သားတော်နှစ်ပါးလုံးနှင့် တပေါင်းတစည်းတည်းဖြစ်၏။