ကျမ်းတတ်ပညာရှင်က “လူနာအား သနားကြင်နာ၍ ပြုစုစောင့်ရှောက်သောသူ ဖြစ်ပါ၏” ဟု လျှောက်၏။ ထိုအခါ ယေရှုက “သင် သွား၍ ထိုနည်းတူပြုလော့” ဟု မိန့်တော်မူ၏။
၁ ယော 4:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ချစ်ရသောသူတို့… ဘုရားသခင်သည် ကျွန်ုပ်တို့ကို ဤမျှလောက် ချစ်သောကြောင့် ကျွန်ုပ်တို့သည်လည်း အချင်းချင်း ချစ်ကြရမည်။ Common Language Bible ချစ်ဆွေတို့၊ ဘုရားသခင်သည်ငါတို့အား ဤမျှချစ်တော်မူလျှင်ငါတို့သည်အချင်း ချင်းချစ်သင့်ကြ၏။- Garrad Bible ချစ် သူ တို့၊ ဘု ရား သ ခင် သည် ငါ တို့ ကို ဤ မျှ လောက် ချစ် တော် မူ လျှင် ငါ တို့ ကို အ ချင်း ချင်း ချစ် သင့် ကြ၏။ Judson Bible ချစ်သူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူသည်မှန်လျှင်၊ ငါတို့သည်လည်း အချင်းချင်းချစ်ရကြမည်။- မြန်မာ့စံမီသမ္မာကျမ်း ချစ်ရသောသူတို့၊ ဘုရားသခင်သည် ငါတို့ကို ဤမျှလောက်ချစ်တော်မူလျှင် ငါတို့သည်လည်း အချင်းချင်းချစ်သင့်၏။ |
ကျမ်းတတ်ပညာရှင်က “လူနာအား သနားကြင်နာ၍ ပြုစုစောင့်ရှောက်သောသူ ဖြစ်ပါ၏” ဟု လျှောက်၏။ ထိုအခါ ယေရှုက “သင် သွား၍ ထိုနည်းတူပြုလော့” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ‘သင်တို့သည် အချင်းချင်းချစ်ကြလော့။ ငါသည် သင်တို့ကို ချစ်သည့်နည်းတူ သင်တို့သည်လည်း အချင်းချင်းချစ်ကြလော့’ ဟူသော ပညတ်အသစ်ကို သင်တို့အား ငါပေး၏။
ခါးသီးခြင်း၊ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငမ်းခြင်း၊ ကဲ့ရဲ့ပြောဆိုခြင်းတို့ကို မကောင်းသောအမှုအမျိုးမျိုးတို့နှင့်အတူ ဖယ်ရှားကြလော့။
တစ်ဦးနှင့်တစ်ဦး အပြစ်တင်စရာရှိလျှင် အချင်းချင်း သည်းခံ၍ ခွင့်လွှတ်ကြလော့။ သခင်ဘုရားသည် သင်တို့ကို ခွင့်လွှတ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်း ခွင့်လွှတ်ကြလော့။
ချစ်ရသောသူတို့… သင်တို့ထံ ကျွန်ုပ်ရေးပို့လိုက်သော ပညတ်သည် ပညတ်သစ်မဟုတ်။ အစဦးကပင် သင်တို့၌ ရှိသော ပညတ်ဟောင်းဖြစ်၏။ ဤပညတ်ဟောင်းသည် သင်တို့ကြားခဲ့ပြီးသော တရားတော်ဖြစ်၏။
“ကျွန်ုပ်တို့အချင်းချင်း ချစ်ကြရမည်” ဟူသော ဤတရားစကားသည် အစဦးကပင် သင်တို့ ကြားခဲ့ရသောအရာ ဖြစ်၏။
ဘုရားသခင် ပညတ်တော်မူသည်မှာ သားတော်ယေရှုခရစ်တော်၏ နာမတော်ကို ယုံကြည်၍ ကျွန်ုပ်တို့ကို ပညတ်တော်မူသည့်အတိုင်း အချင်းချင်း ချစ်ကြရန် ဖြစ်၏။
ချစ်ရသောသူတို့… ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှ ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အချင်းချင်း ချစ်ကြပါစို့။ ချစ်တတ်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်းဖြစ်၏။
သို့ဖြစ်၍ ချစ်ခင်ရသောအမျိုးသမီး… ကျွန်ုပ်သည် သင့်ထံ ပညတ်သစ်ကို ရေးလိုက်သည်မဟုတ်။ အစဦးကပင် ကျွန်ုပ်တို့၌ ရှိသောပညတ်တော်ကို ရေး၍ အချင်းချင်းချစ်ကြရန် တောင်းပန်ပါ၏။