ကောင်းသောအပင်သည် မကောင်းသောအသီးကို မသီးနိုင်။ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကို မသီးနိုင်။
၁ ယော 3:9 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူသည် အပြစ်ကို ဆက်၍ကျူးလွန်နေသူမဟုတ်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်၏ မျိုးစေ့သည် ထိုသူ၌ တည်နေသောကြောင့်ဖြစ်၏။ ဘုရားသခင်ထံမှ ဖြစ်ပွားသောကြောင့် သူသည် အပြစ်ကို ဆက်၍မကျူးလွန်နိုင်။ Common Language Bible ဘုရားသခင်၏သားသမီးဖြစ်လာသူသည် အပြစ်မကူးတတ်။ အဘယ်ကြောင့်ဆိုသော်ထို သူ၌ဘုရားသခင်၏ဇာတိသဘောပါရှိ သောကြောင့်ဖြစ်၏။ သူသည်ဘုရားသခင်၏ သားသမီးဖြစ်သဖြင့်အပြစ်ဒုစရိုက် မပြုနိုင်။- Garrad Bible ဘု ရား သ ခင် အား ဖြင့် ဖွား ရ သူ မည် သူ မ ဆို ဘု ရား သ ခင့် မျိုး စေ့ တော် တည် သော ကြောင့် အ ပြစ် မ ပြု။ ဘု ရား သ ခင့် အား ဖြင့် ဖွား ရ သည့် အ တွက် မ ပြစ် မှား နိုင်။ Judson Bible ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူ မည်သည်ကား၊ ဒုစရိုက်ကိုမပြုတတ်။ အကြောင်းမူကား၊ ထိုသူ၌ မျိုးစေ့တော်တည်လျက်ရှိ၏။ ထိုသူသည် ဘုရားသခင်ဖြစ်ဖွားစေတော်မူသောသူ ဖြစ်သောကြောင့် ဒုစရိုက်ကိုမပြုနိုင်။- မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်ထံမှပေါက်ဖွားလာသောသူ မည်သူ၌မဆို ဘုရားသခင်၏မျိုးစေ့တည်နေသည်ဖြစ်၍ ထိုသူသည် အပြစ်ကိုပြုနေခြင်းမရှိ။ သူသည် ဘုရားသခင်ထံမှပေါက်ဖွားလာသောကြောင့် အပြစ်ကိုဆက်၍မပြုနိုင်။ |
ကောင်းသောအပင်သည် မကောင်းသောအသီးကို မသီးနိုင်။ မကောင်းသောအပင်သည်လည်း ကောင်းသောအသီးကို မသီးနိုင်။
ထိုသူတို့သည် လူ့သဘာဝအရ မွေးဖွားလာသူများ မဟုတ်။ သွေးသားဆန္ဒအရ မွေးဖွားလာသူများ မဟုတ်။ လူ့အလိုဆန္ဒအရ မွေးဖွားလာသူများ မဟုတ်။ ဘုရားသခင်က မွေးဖွားစေတော်မူသောသူများဖြစ်ကြ၏။
ယေရှုက “သင့်အား ငါအမှန်ဆို၏။ အသစ်တစ်ဖန်မွေးဖွားခြင်း မခံရသောသူသည် ဘုရားသခင်၏ နိုင်ငံတော်ကို မမြင်နိုင်” ဟု မိန့်တော်မူ၏။
ကျွန်ုပ်တို့သည် မြင်တွေ့၍ ကြားခဲ့ပြီးသောအရာတို့ကို မဟောပြောဘဲမနေနိုင်ပါ” ဟု ပြန်ဖြေကြ၏။
ထိုသို့မနေရ။ အပြစ်တရားနှင့် အဆက်ပြတ်ပြီးသော ကျွန်ုပ်တို့သည် ထိုအပြစ်ထဲ၌ မည်သို့အသက်ဆက်ရှင်ရဦးမည်နည်း။
အဘယ်ကြောင့်ဆိုသော် လူ့ဗီဇစိတ်သည် ဝိညာဉ်တော်နှင့် ဆန့်ကျင်သောအရာကို အလိုရှိ၍ ဝိညာဉ်တော်သည် လူ့ဗီဇစိတ်နှင့် ဆန့်ကျင်သောအရာကို အလိုရှိသောကြောင့် ဖြစ်၏။ လူ့ဗီဇစိတ်နှင့် ဝိညာဉ်တော်တို့သည် တစ်ပါးနှင့် တစ်ပါး ဆန့်ကျင်လျက် ရှိသဖြင့် သင်တို့သည် မိမိအလိုဆန္ဒအတိုင်း မပြုနိုင်ကြပေ။
ထာဝရအသက်ရရန်လည်း သူတို့မျှော်လင့်နိုင်ကြမည်။ လိမ်လည်ခြင်းနှင့် ကင်းစင်တော်မူသည့် ဘုရားသခင်သည် ဤထာဝရအသက်ကို ပေးရန် ရှေးယခင်မတိုင်မီကပင် ကတိပြုတော်မူခဲ့၏။
သင်တို့သည် ပျက်စီးတတ်သောမျိုးစေ့အားဖြင့်မဟုတ်ဘဲ မပျက်စီးနိုင်သောမျိုးစေ့ဖြစ်သည့် အသက်ရှင်၍ ထာဝရတည်မြဲသော ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသစ်တစ်ဖန်မွေးဖွားလာကြ၏။
ကိုယ်တော်သည် ဖြောင့်မတ်တော်မူကြောင်းကို သင်တို့သိလျှင် ဖြောင့်မတ်စွာ ပြုမူသောသူတို့သည် ကိုယ်တော်ထံမှ ပေါက်ဖွားလာသောသူ ဖြစ်သည်ကို သင်တို့သိကြ၏။
ကိုယ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သူသည် အပြစ်ကျူးလွန်နေသူမဟုတ်။ အပြစ်ကို ဆက်၍ကျူးလွန်နေလျှင် ထိုသူသည် ကိုယ်တော်ကို မသိ မမြင်ဖူးသူဖြစ်၏။
ချစ်ရသောသူတို့… ချစ်ခြင်းမေတ္တာသည် ဘုရားသခင်ထံမှ ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် အချင်းချင်း ချစ်ကြပါစို့။ ချစ်တတ်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး ဘုရားသခင်ကို သိသောသူလည်းဖြစ်၏။
ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး အဖဘုရားသခင်ကိုချစ်သောသူတိုင်းသည် အဖဘုရားသခင်၏သားသမီးများကိုလည်း ချစ်တတ်၏။
ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူသည် အပြစ်မကျူးလွန်တတ်ကြောင်း ကျွန်ုပ်တို့သိကြ၏။ ဘုရားသခင်ထံမှ ဖြစ်ပွားလာသောအရှင်သည် ထိုသူကို စောင့်ရှောက်တော်မူသဖြင့် မာရ်နတ်သည် သူ့ကို မထိခိုက်နိုင်။
အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူတိုင်းသည် ဤလောကကို အောင်နိုင်သောကြောင့်ဖြစ်၏။ ကျွန်ုပ်တို့သည် ယုံကြည်ခြင်းအားဖြင့် လောကကို အောင်နိုင်၏။
ချစ်ခင်ရသောသူ… မကောင်းမှုကို အတုမယူဘဲ ကောင်းမှုကိုသာ အတုယူလော့။ ကောင်းမှုကို ပြုသောသူသည် ဘုရားသခင်၏သားသမီး ဖြစ်၏။ မကောင်းမှုကို ပြုသောသူသည် ဘုရားသခင်ကို မမြင်ဖူး။