အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ယော 2:4 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

“ဘုရားသခင်​ကို ငါ​သိ၏” ဟု ဆို​သော်လည်း ဘုရားသခင်​၏ ပညတ်တော်တို့​ကို မလိုက်နာသောသူ​သည် လိမ်လည်သောသူ​ဖြစ်၏။ ထို​သူ​၌ သမ္မာတရား​မရှိ။

အခန်းကိုကြည့်ပါ။

Common Language Bible

ကိုယ်​တော်​ကို​သိ​ပါ​သည်​ဟု​ဆို​ပြီး​လျှင် ပ​ညတ်​တော်​တို့​ကို​မ​စောင့်​ထိန်း​သူ​သည် လူ​လိမ်​ဖြစ်​၍​ထို​သူ​၌​သစ္စာ​တ​ရား​မ​ရှိ။-

အခန်းကိုကြည့်ပါ။

Garrad Bible

ပ ညတ် တော် များ ကို မ စောင့် ရှောက် ဘဲ ကျွမ်း ဝင် သည် ဟု ဆို သူ သည် ဟုတ် မှန် ခြင်း ကင်း လျက် မု သာ သုံး ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​သ​ခင်​ကို ငါ​သိ၏​ဟု ပ​ညတ်​တော်​တို့​ကို မ​စောင့်​ဘဲ​လျက် ဆို​သော​သူ​သည် မု​သား​ကို​သုံး​သော​သူ​ဖြစ်၍ ထို​သူ၌ သ​စ္စာ​မ​ရှိ။-

အခန်းကိုကြည့်ပါ။

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဘုရားသခင်​ကို ငါ​သိကျွမ်း​၏​ဟု​ဆို​လျက် ဘုရားသခင်​၏​ပညတ်​တော်​တို့​ကို လိုက်နာ​စောင့်ထိန်း​ခြင်း​မ​ရှိ​သော​သူ​သည် လိမ်လည်​သော​သူ​ဖြစ်​၍ သမ္မာတရား​သည် ထို​သူ​၌​မ​ရှိ။

အခန်းကိုကြည့်ပါ။



၁ ယော 2:4
13 ပူးပေါင်းရင်းမြစ်များ  

သင်တို့​၏​ဖခင်​သည် မာရ်နတ်​ဖြစ်၏။ ထို့ကြောင့် သင်တို့​သည် သင်တို့​ဖခင်​၏​အလို​သို့ လိုက်တတ်ကြ၏။ မာရ်နတ်​သည် အစဦး​ကပင် လူသတ်သမား​ဖြစ်၏။ သူ့​အထဲ​တွင် သမ္မာတရား​မရှိ​သောကြောင့် သမ္မာတရား​ကိုလည်း သူ​မုန်း၏။ သူ​သည် လိမ်လည်သော​သူ​ဖြစ်ပြီး လိမ်လည်ခြင်း​၏​ဖခင်​လည်း ဖြစ်၏။ ထို့ကြောင့် သူ​လိမ်လည်​ပြောဆိုခြင်း​မှာ မိမိ​ပင်ကိုစရိုက်​အတိုင်း ပြောဆိုခြင်း​ဖြစ်၏။


အဘယ်ကြောင့်ဆိုသော် မနာခံသူ၊ အကျိုးမဲ့သော​စကားများ​ပြောဆိုသူ၊ လှည့်ဖြားသူ များစွာ ရှိကြ​သောကြောင့်​ဖြစ်၏။ အထူး​သဖြင့် အရေပြားလှီးခြင်း​မင်္ဂလာ​ခံယူခြင်း​ကို တိုက်တွန်းသူများ​ထဲတွင် ရှိကြ၏။


သူတို့​သည် ဘုရားသခင်​ကို သိသည်​ဟု ဝန်ခံ​သော်လည်း သူတို့​၏ အပြုအမူ​ဖြင့် ကိုယ်တော်​ကို ငြင်းပယ်ကြ၏။ သူတို့​သည် စက်ဆုပ်​ရွံရှာဖွယ်​ကောင်းသောသူ၊ မနာခံသောသူ၊ မည်သည့်​ကောင်းမှု​ကိုမျှ ပြုနိုင်စွမ်း​မရှိသောသူများ ဖြစ်ကြ၏။


“ကျွန်ုပ်တို့​သည် အပြစ်​ကျူးလွန်​မထားပါ” ဟု ဆိုလျှင် ဘုရားသခင်​အား “လိမ်လည်သော​အရှင်” ဟု စွပ်စွဲရာ​ရောက်၏။ ကိုယ်တော်​၏ နှုတ်ကပတ်တော်​သည်လည်း ကျွန်ုပ်တို့​ထဲတွင် မရှိ။


ထို့ကြောင့် “ကျွန်ုပ်တို့​သည် ဘုရားသခင်​နှင့် မိတ်သဟာယဖွဲ့သည်” ဟု ဆို​သော်လည်း အမှောင်​ထဲတွင် ကျင်လည်​နေဆဲဖြစ်​လျှင် သမ္မာတရား​ကို မကျင့်ဘဲ လိမ်လည်သူများ​ဖြစ်၏။


“ကျွန်ုပ်တို့​၌ အပြစ်​မရှိ” ဟု ဆို​ပါက ကျွန်ုပ်တို့​သည် မိမိကိုယ်မိမိ လှည့်စား၏။ ကျွန်ုပ်တို့​၌ သမ္မာတရား​မရှိ။


ကျွန်ုပ်တို့​သည် ပညတ်တော်တို့​ကို လိုက်နာ​လျှင် ဘုရားသခင်​ကို သိကျွမ်းသော​သူများ​ဖြစ်ကြောင်း သိရ၏။


“ငါ​သည် အလင်း​ထဲတွင် ရှိသည်” ဟု ဆို​လျက်နှင့် မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်းတီးသောသူ​သည် အမှောင်​ထဲတွင် ရှိနေ​သေး၏။


ကိုယ်တော်​နှင့် တပေါင်းတစည်းတည်း​ဖြစ်သူ​သည် အပြစ်​ကျူးလွန်နေသူ​မဟုတ်။ အပြစ်​ကို ဆက်​၍​ကျူးလွန်နေ​လျှင် ထို​သူ​သည် ကိုယ်တော်​ကို မသိ မမြင်ဖူးသူ​ဖြစ်၏။


တစ်စုံတစ်ယောက်​က “ငါ​သည် ဘုရားသခင်​ကို ချစ်သည်” ဟု ဆို​သော်လည်း မိမိ​ညီအစ်ကို​မောင်နှမ​ကို မုန်း​လျှင် ထို​သူ​သည် လိမ်လည်သောသူ​ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် မျက်စိ​ဖြင့် မြင်ရသော ညီအစ်ကို​မောင်နှမ​ကို မချစ်သောသူ​သည် မမြင်ရသော​ဘုရားသခင်​ကို ချစ်​နိုင်မည်​မဟုတ်​သောကြောင့်​ဖြစ်၏။


ချစ်ရသော​သူတို့… ချစ်ခြင်းမေတ္တာ​သည် ဘုရားသခင်​ထံမှ ဖြစ်​သောကြောင့် ကျွန်ုပ်တို့​သည် အချင်းချင်း ချစ်ကြပါစို့။ ချစ်တတ်သော​သူ​တိုင်း​သည် ဘုရားသခင်​ထံမှ ဖြစ်ပွားလာသော​သူ​ဖြစ်​ပြီး ဘုရားသခင်​ကို သိသော​သူ​လည်း​ဖြစ်၏။