၁ ယော 2:4 - မြန်မာ့စံမီသမ္မာကျမ်း4 ဘုရားသခင်ကို ငါသိကျွမ်း၏ဟုဆိုလျက် ဘုရားသခင်၏ပညတ်တော်တို့ကို လိုက်နာစောင့်ထိန်းခြင်းမရှိသောသူသည် လိမ်လည်သောသူဖြစ်၍ သမ္မာတရားသည် ထိုသူ၌မရှိ။ အခန်းကိုကြည့်ပါ။Common Language Bible4 ကိုယ်တော်ကိုသိပါသည်ဟုဆိုပြီးလျှင် ပညတ်တော်တို့ကိုမစောင့်ထိန်းသူသည် လူလိမ်ဖြစ်၍ထိုသူ၌သစ္စာတရားမရှိ။- အခန်းကိုကြည့်ပါ။Garrad Bible4 ပ ညတ် တော် များ ကို မ စောင့် ရှောက် ဘဲ ကျွမ်း ဝင် သည် ဟု ဆို သူ သည် ဟုတ် မှန် ခြင်း ကင်း လျက် မု သာ သုံး ၏။ အခန်းကိုကြည့်ပါ။Judson Bible4 ထိုသခင်ကို ငါသိ၏ဟု ပညတ်တော်တို့ကို မစောင့်ဘဲလျက် ဆိုသောသူသည် မုသားကိုသုံးသောသူဖြစ်၍ ထိုသူ၌ သစ္စာမရှိ။- အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း4 “ဘုရားသခင်ကို ငါသိ၏” ဟု ဆိုသော်လည်း ဘုရားသခင်၏ ပညတ်တော်တို့ကို မလိုက်နာသောသူသည် လိမ်လည်သောသူဖြစ်၏။ ထိုသူ၌ သမ္မာတရားမရှိ။ အခန်းကိုကြည့်ပါ။ |
သင်တို့သည် သင်တို့၏အဖမာရ်နတ်နှင့်စပ်ဆိုင်ကြပြီး သင်တို့အဖ၏ဆန္ဒအတိုင်းပြုလိုကြ၏။ မာရ်နတ်သည် အစအဦးကပင် လူသတ်သမားဖြစ်၏။ သူ၌သမ္မာတရားမရှိသောကြောင့် သမ္မာတရား၌မရပ်တည်။ သူသည် လိမ်လည်သောသူဖြစ်ပြီး လိမ်လည်ခြင်း၏အဖလည်းဖြစ်သောကြောင့် လိမ်လည်ပြောဆိုသောအခါ မိမိပင်ကိုစရိုက်အတိုင်းပြောဆို၏။